< 2 Kings 10 >

1 Now there were in Samaria seventy of Ahab's sons. And Jehu sent letters to Samaria, to the rulers of the town, and to the responsible men, and to those who had the care of the sons of Ahab, saying,
အာဟပ် ၏သား ခုနစ်ကျိပ် တို့သည် ရှမာရိ မြို့၌ ရှိသည်ဖြစ်၍၊ ယေဟု သည် ယေဇရေလ မြို့အုပ် များ၊ အသက်ကြီး သူများ၊ အာဟပ် သားတို့ ကို လုပ်ကျွေးသော သူများရှိ ရာ၊ ရှမာရိ မြို့သို့ စာ ရေး ၍ ပေး လိုက်လေ၏
2 Straight away, when you get this letter, seeing that your master's sons are with you, and that you have carriages and horses and a walled town and arms;
မှာလိုက်သောစာချက်ဟူမူကား၊ သင် တို့၌ သင် တို့သခင် ၏သား များ၊ စစ်သူရဲ ၊ မြင်း စီးသူရဲများ၊ ခိုင်ခံ့ သောမြို့ ၊ လက်နက် စုံရှိသည်ဖြစ်၍ ၊ ဤ စာ ရောက် သောအခါ၊ “
3 Take the best and most upright of your master's sons, and make him king in his father's place, and put up a fight for your master's family.
သင် တို့သခင် ၏သား တို့တွင် သာ၍ကောင်း မြတ်တော် သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ရာဇပလ္လင် ပေါ် မှာတင် ပြီးလျှင်၊ သခင် အမျိုး အဘို့ စစ်တိုက် ကြလော့ ဟု မှာလိုက်သတည်း
4 But they were full of fear, and said, The two kings have gone down before him: how may we keep our place?
ထိုသူတို့က၊ ရှင်ဘုရင် နှစ် ပါးတို့သည် သူ့ ရှေ့ မှာ မ ခံ မရပ်နိုင်သည် ဖြစ်၍ ၊ ငါ တို့သည် အဘယ် သို့ခံရပ်နိုင် မည်နည်းဟု အလွန် ကြောက် လျက် ဆို ကြ၏
5 So the controller of the king's house, with the ruler of the town, and the responsible men, and those who had the care of Ahab's sons, sent to Jehu, saying, We are your servants and will do all your orders; we will not make any man king; do whatever seems best to you.
နန်းတော် အုပ်၊ မြို့ အုပ်၊ အသက် ကြီးသူ၊ အာဟပ် သားတို့ကို လုပ် ကျွေးသောသူတို့ ကလည်း ၊ ကျွန်တော် တို့ သည် ကိုယ်တော် ကျွန် ဖြစ်ပါ၏။ မိန့် တော်မူသည်အတိုင်း ပြု ပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကိုမ ချီးမြှောက် ပါ။ အလို တော်ရှိသည်အတိုင်း ပြု တော်မူပါဟု ယေဟုထံသို့ပြန် စာကို ပေးလိုက်ကြ၏
6 Then he sent them a second letter, saying, If you are on my side, and if you will do my orders, come to me at Jezreel by this time tomorrow, with the heads of your master's sons. Now the king's seventy sons were with the great men of the town, who had the care of them.
ယေဟုကလည်း၊ သင် တို့သည် ငါ၏လူဖြစ်၍ ငါ့ စကား ကို နားထောင် လျှင် ၊ သင် တို့သခင့် သား တို့၏ ဦးခေါင်း များကိုယူ ၍ ယေဇရေလ မြို့၊ ငါ ရှိရာသို့ နက်ဖြန် နေ့ယခု အချိန် ၌ လာ ကြလော့ဟု တဖန်စာပေး လိုက်လေ၏။ ရှင်ဘုရင် ၏သား တော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏
7 And when the letter came to them, they took the king's sons and put them to death, all the seventy, and put their heads in baskets and sent them to him at Jezreel.
ထိုစာ ရောက် သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ် တို့ကိုယူ ၍ သတ် သဖြင့် ၊ ဦးခေါင်း များကို တောင်း တို့၌ ထည့် ပြီးလျှင် ၊ ယေဇရေလ မြို့၊ ယေဟု ထံသို့ ပေး လိုက် လေ၏
8 And a man came and said to him, They have come with the heads of the king's sons. And he said, Put them down in two masses at the doorway of the town till the morning.
လုလင် တယောက်သည် လာ ၍ ရှင်ဘုရင် သား တို့ ၏ ဦးခေါင်း များကို ဆောင် ခဲ့ပါပြီဟု လျှောက် လျှင် ၊ ယေဟု က၊ မြို့တံခါးဝ မှာ နံနက် တိုင်အောင် နှစ် စုပုံ ထား တော့ဟု ဆို ၏
9 And in the morning he went out and, stopping, said to all the people there, You are upright men: it is true that I made designs against my master, and put him to death; but who is responsible for the death of all these?
နံနက် ရောက်မှယေဟုသည် ထွက် ၍ ရပ် လျက် လူ များတို့အား ၊ အိုဖြောင့်မတ် သောလူတို့၊ ငါ သည် ငါ့ သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ် လေပြီ။ ဤ သူအပေါင်း တို့ကို ကား အဘယ် သူသတ် သနည်း
10 You may be certain that nothing which the Lord has said about the family of Ahab will be without effect; for the Lord has done what he said by his servant Elijah.
၁၀ထာဝရဘုရား သည် အာဟပ် အမျိုး ၌ မိန့် တော်မူ သော စကား တော်တခွန်းမျှမြေ သို့ မ ကျ ရသည် ကို သင်တို့သိ မှတ်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ဧလိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ပြု တော်မူမည်ဟု ဆိုသဖြင့်၊”
11 So Jehu put to death all the rest of the seed of Ahab in Jezreel, and all his relations and his near friends and his priests, till there were no more of them.
၁၁ယေဇရေလ မြို့၌ ကျန်ကြွင်း သော အာဟပ် အမျိုးသား အပေါင်း တို့နှင့် သူ ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ် အပေါင်း တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် လေ၏
12 Then he got up and came to Samaria. And he was at the meeting-place of the keepers of sheep, by the way,
၁၂နောက်မှ ထ ၍ ရှမာရိ မြို့သို့သွား ၏။ လမ်း နား မှာ ရှိ သောသိုးမွေးညှပ်ရာစရပ်သို့ ရောက် သောအခါ၊ “
13 When he came across the brothers of Ahaziah, king of Judah, and said, Who are you? And they said, We are the brothers of Ahaziah, king of Judah; we are going down to see the children of the king and of the queen.
၁၃ယုဒ ရှင်ဘုရင် အာခဇိ ၏ ပေါက်ဘော် တို့ကို တွေ့ လျှင် ၊ သင် တို့သည် အဘယ်သူ နည်းဟုမေး သော် ၊ ငါတို့သည် အာခဇိ မင်း၏ ဆွေတော် မျိုးတော်ဖြစ်၏။ ရှင်ဘုရင် ၏ သား တော်တို့နှင့် မိဖုရား ၏ သား တော်တို့ကို နှုတ်ဆက် အံ့သောငှါ သွား သည်ဟု ဆို ကြ၏
14 And he said, Take them living. So they took them living, and put them to death in the water-hole of Beth-eked; of the forty-two men he put every one to death;
၁၄ယေဟုကလည်း၊ အရှင် ဘမ်း ကြဟု စီရင် သည် အတိုင်း ၊ အရှင် ဘမ်း ၍ သိုးမွေး စရပ်တွင်း နား မှာ လေးကျိပ် နှစ် ယောက်တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် ကြ၏
15 And when he had gone away from there, he came across Jehonadab, the son of Rechab: and he said good-day to him, and said to him, Is your heart true to mine, as mine is to yours? And Jehonadab in answer said, It is; and Jehu said, If it is, give me your hand. And he gave him his hand, and he made him come up into his carriage.
၁၅ထို စရပ်မှ ထွက် သောအခါ ခရီးဦး ကြိုပြုအံ့ ဟု လာ သောရေခပ် သား ယောနဒပ် ကို တွေ့၍ နှုတ်ဆက် သဖြင့် ၊ ငါ့ စိတ် နှလုံးသည် သင့် စိတ် နှလုံးနှင့် သင့်၍ သဘော ဖြောင့်သကဲ့သို့ သင့် စိတ် နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက် ဆိုသော်၊ ထို သို့မှန်လျှင် သင့် လက် ကိုပေး ပါဟုဆို သည်အတိုင်း ၊ လက် ကိုပေး ၍ ယေဟုသည် မိမိ အနားသို့ ရထား ပေါ် မှာ ဆွဲ တင်လျက်၊ “
16 And he said, Come with me and see how I am on fire for the Lord's cause. So he made him go with him in his carriage.
၁၆ငါ နှင့်အတူ လိုက် ၍ ထာဝရဘုရား ဘက် ၌ ငါ့ စိတ်အားကြီး ကြောင်း ကို ကြည့်ရှု လော့ဟုဆို သဖြင့် မိမိ ရထား ကို စီး စေ၏
17 And when he came to Samaria, he put to death all those of Ahab's family who were still in Samaria, till there were no more of them, as the Lord had said to Elijah.
၁၇ရှမာရိ မြို့သို့ရောက် သောအခါ ၊ ထာဝရဘုရား သည် ဧလိယ အား မိန့် တော်မူသော စကား တော်အတိုင်း ၊ အာဟပ် အမျိုး အကုန် အစင်ပျက်စီး သည်တိုင်အောင် ထို မြို့၌ ကျန်ကြွင်း သမျှတို့ကိုသတ် လေ၏
18 Then Jehu got all the people together and said to them, Ahab was Baal's servant in a small way, but Jehu will be his servant on a great scale.
၁၈တဖန် ယေဟု သည် လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ အာဟပ် သည် ဗာလ ဘုရားကို အနည်းငယ် သာ ဝတ်ပြု ၏။ ငါယေဟု မူကား များ စွာပြု မည်
19 Now send for all the prophets of Baal and all his servants and all his priests, to come to me; let no one keep away: for I have a great offering to make to Baal; anyone who is not present, will be put to death. This Jehu did with deceit, his purpose being the destruction of the servants of Baal.
၁၉သို့ဖြစ်၍ ဗာလ ဘုရား၏ ပရောဖက် များ ၊ အမှု စောင့်များ ၊ ယဇ်ပုရောဟိတ် များ အပေါင်း တို့ကို ခေါ် ကြ။ တယောက် မျှမ ကြွင်း စေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ် ကြီး ကို ပူဇော်မည်။ ကြွင်း သောသူ မည်သည်ကား အသက် မ ရှင်ရဟုဆို ၏။ ထိုသို့ဆိုသော်၊ ဗာလ ကို ကိုးကွယ် သောသူတို့ ကို ဖျက်ဆီး မည် အကြံ နှင့် ပရိယာယ် ပြု ၍ဆို၏
20 And Jehu said, Let there be a special holy meeting for the worship of Baal. So a public statement was made.
၂၀ဗာလ ဘုရားအဘို့ ဓမ္မပွဲ ကို ပြင်ဆင် ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏
21 And Jehu sent out through all Israel; and all the servants of Baal came, not one kept away. And they came into the house of Baal, so that it was full from end to end.
၂၁ဣသရေလ ပြည်တရှောက်လုံး သို့ စေလွှတ် ၍ ၊ ဗာလ တပည့် ရှိသမျှ တို့သည် တယောက် မျှ မ ကြွင်း လာကြ၏။ ဗာလ ကျောင်း ထဲသို့ ဝင် ကြသဖြင့် တကျောင်းလုံး ပြည့် လျက် ရှိ၏
22 And Jehu said to him who kept the robes, Get out robes for all the servants of Baal. So he got out robes for them.
၂၂ယေဟုသည် အဝတ် တန်ဆာတိုက်စိုးကို ခေါ်၍၊ ဗာလ ဘုရားတပည့် တို့အဘို့ အဝတ် တန်ဆာကို ထုတ် ကြ ဟုဆို သည်အတိုင်း ထုတ် လေ၏
23 And Jehu, with Jehonadab, the son of Rechab, went into the house of Baal; and he said to the servants of Baal, Make a search with care, to see that no servant of the Lord is with you, but only servants of Baal.
၂၃တဖန် ရေခပ် သား ယောနဒပ် နှင့်အတူ ဗာလ ကျောင်း ထဲသို့ ဝင် ၍ ၊ သင် တို့သည် ထာဝရဘုရား တပည့် တယောက် မျှမပါ၊ ဗာလ ဘုရားတပည့် သက်သက်ရှိစေမည် အကြောင်းကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏
24 Then they went in to make offerings and burned offerings. Now Jehu had put eighty men outside, and said to them, If any man whom I give into your hands gets away, the life of him who lets him go will be the price of his life.
၂၄မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကိုပူဇော် ခြင်းငှါ အထဲသို့ဝင် သောအခါ ၊ ယေဟု သည် ကျောင်းပြင် ၌ လူ ရှစ်ကျိပ် ကိုထား ၍ ၊ သင် တို့လက် သို့ ငါ ဆောင် ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ် စေသောသူ သည် အသက် သေရမည်ဟု စီရင်၍၊”
25 Then when the burned offering was ended, straight away Jehu said to the armed men and the captains, Go in and put them to death; let not one come out. So they put them to the sword; and, pulling the images to the earth, they went into the holy place of the house of Baal.
၂၅မီးရှို့ ရာယဇ်ကို ပူဇော် မှုပြီး သောအခါ ၊ ယေဟု က ဝင် ၍ သတ် ကြလော့။ တယောက် ကိုမျှ မ ထွက် စေနှင့်ဟု တပ်သား နှင့် တပ်မှူး တို့အား ဆို သည်အတိုင်း ၊ တပ်သား နှင့် တပ်မှူး တို့ သည် ထား နှင့် လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ် ပြီးမှ၊ “
26 And they took out the image of Asherah from the house of Baal, and had it burned.
၂၆ဗာလ ကျောင်း နှင့်ဆိုင်သော မြို့ သို့ သွား ၍ ဗာလ ကျောင်း ထဲကရုပ်တု များကို ထုတ် ပြီးလျှင် မီးရှို့ ကြ၏
27 The altar of Baal was pulled down and the house of Baal was broken up and made an unclean place, as it is to this day.
၂၇ဗာလ ဆင်းတု ကို၎င်း၊ ကျောင်း ကို၎င်းဖြိုဖျက် ၍ ယနေ့ တိုင်အောင် ကိုယ် သုတ်သင်ရာ အိမ်ဖြစ် စေကြ ၏
28 So Jehu put an end to the worship of Baal in Israel.
၂၈ထိုသို့ ယေဟု သည် ဗာလ ကိုဣရေလ ပြည်မှ ပယ်ရှား ဖျက်ဆီးလေ၏
29 But Jehu did not keep himself from all the sins of Jeroboam, the son of Nebat, and the evil he made Israel do; the gold oxen were still in Beth-el and in Dan.
၂၉သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် တည်းဟူသော ၊ ဗေသလ မြို့နှင့် ဒန် မြို့မှာ ရှိသော ရွှေ နွားသငယ် တို့ကို မ စွန့်။
30 And the Lord said to Jehu, Because you have done well in doing what is right in my eyes and effecting all my purpose for the family of Ahab, your sons will be kings of Israel to the fourth generation.
၃၀ထာဝရဘုရား ကလည်း ၊ သင်သည်ငါ့ ရှေ့ မှာ ဖြောင့် သောအကျင့်ကို ကျင့် ၍ ကောင်းမွန် စွာ ပြုသောကြောင့် ၎င်း၊ ငါ အလို ရှိသမျှ အတိုင်း အာဟပ် အမျိုး ၌ စီရင် သောကြောင့် ၎င်း၊ သင့် သား မြေးလေး ဆက် တိုင်အောင်ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည် ဟု ယေဟု အား မိန့် တော်မူသော်လည်း၊”
31 But Jehu did not take care to keep the law of the Lord with all his heart: he did not keep himself from the sin which Jeroboam did and made Israel do.
၃၁ယေဟု သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား တရား တော်လမ်းသို့ စိတ် နှလုံးအကြွင်းမဲ့ လိုက် ခြင်းငှါ သတိ မ ပြု။ ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက် တို့ကို မ စွန့်။
32 In those days the Lord was angry first with Israel; and Hazael made attacks on all the land of Israel,
၃၂ထိုကာလ တွင် ၊ ထာဝရဘုရား သည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ် တော်မူ၏
33 East of Jordan, in all the land of Gilead, the Gadites and the Reubenites and the Manassites, from Aroer by the valley of the Arnon, all Gilead and Bashan.
၃၃ဟာဇေလ သည် ယော်ဒန် မြစ်အရှေ့ ဘက်၊ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုးနေရာ၊ အာနုန် မြစ် နား ၌ရှိသော အာရော် မြို့မှစ၍ ဂိလဒ် ပြည် ၊ ဗာရှန် ပြည် တရှောက်လုံး အရပ်ရပ် တို့ကို လုပ်ကြံ လေ၏
34 Now the rest of the acts of Jehu, and all he did, and his great power, are they not recorded in the book of the history of the kings of Israel?
၃၄ယေဟု ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
35 And Jehu went to rest with his fathers, and was put into the earth in Samaria. And Jehoahaz his son became king in his place.
၃၅ယေဟုသည် ရှမာရိ မြို့၌ မင်း ပြု၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ် ရှစ် နှစ် စိုးစံ ပြီးမှ ၊ ဘိုးဘေး တို့နှင့် အိပ်ပျော်၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏
36 And the time of Jehu's rule over Israel in Samaria was twenty-eight years.
၃၆သားတော် ယောခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင်၏

< 2 Kings 10 >