< 2 Chronicles 8 >
1 Now at the end of twenty years, in which time Solomon had put up the house of the Lord and a house for himself,
၁ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို တည်ဆောက် ၍ အနှစ် နှစ်ဆယ် စေ့ သောအခါ၊
2 He took in hand the building up of the towns which Huram had given him, causing the children of Israel to make living-places for themselves there.
၂ဟိရံ မင်းပြန်ပေး သော မြို့ တို့ကို ရှောလမုန် ပြုပြင် ၍ ဣသရေလ အမျိုးသား တို့ကို နေ စေ၏။
3 And Solomon went to Hamath-zobah and overcame it.
၃တဖန် ဟာမတ်ဇောဘ မြို့သို့ ချီ သွား ၍ နိုင်လေ ၏။
4 And he put up the buildings of Tadmor in the waste land, and of all the store-towns in Hamath;
၄ပြည် ထဲမှာ တာဒမော် မြို့၊ ဟာမတ် ပြည်၌ ရှိသမျှ သော ဘဏ္ဍာ တော်မြို့၊
5 And of Beth-horon the higher and the lower, walled towns with walls and doorways and locks;
၅မြို့ရိုး ၊ တံခါး ၊ ကန့်လန့်ကျင် နှင့် ခိုင်ခံ့ သော အထက် ဗေသောရုန် မြို့နှင့် အောက် ဗေသောရုန် မြို့တို့ကိုလည်း တည် လေ၏။
6 And of Baalath, and all the store-towns which Solomon had, and the towns where he kept his war-carriages and his horse men, and everything which it was his pleasure to put up in Jerusalem and in Lebanon and in all the land under his rule.
၆ဗာလတ် မြို့နှင့် ဘဏ္ဍာ တော်မြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည် ၊ လေဗနုန် တောင်ပေါ် ၊ နိုင်ငံ တော်အရပ်ရပ် ၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
7 As for all the rest of the Hittites and the Amorites and the Perizzites and the Hivites and the Jebusites, who were not of Israel:
၇
8 Their men who were still living in the land, and whom the children of Israel had not put an end to, these Solomon put to forced work, as is done to this day;
၈ဣသရေလ အမျိုးသား မ ဖျက်ဆီး သောကြောင့်၊ ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား ဟိတ္တိ ၊ အာမောရိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက် အပေါင်း တို့ကို ရှောလမုန် သည် ယနေ့ တိုင်အောင် အခွန် ပေး စေ၏။
9 But Solomon did not make use of the children of Israel as servants for his work; they were men of war, his chiefs and his captains, and captains of his war-carriages and his horsemen.
၉ဣသရေလ အမျိုးသား တို့ကို ကား ၊ ရှောလမုန် သည် အမှု တော်ထမ်းကျွန် မ ခံ စေ။ စစ်သူရဲ ၊ မှူးမတ် ၊ စစ်ကဲ ၊ ရထား တော်အုပ်၊ မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ ၏။
10 Now these were the chief men in authority whom King Solomon had: two hundred and fifty of them, in authority over the people.
၁၀အမှုတော် ထမ်းများကို အုပ် သောသူ၊ ရှောလမုန် မင်း ခန့်ထား သော မှူးမတ် ကြီးနှစ်ရာ ငါးဆယ် ရှိကြ၏။
11 Then Solomon made Pharaoh's daughter come up from the town of David to the house which he had made for her; for he said, I will not have my wife living in the house of David, king of Israel, because those places where the ark of the Lord has come are holy.
၁၁ဖာရော ဘုရင်၏ သမီး တော်ကို၊ ရှောလမုန် သည် ဒါဝိဒ် မြို့ မှ ခေါ်၍ သူ့ အဘို့ တည်ဆောက် သော နန်းတော် သို့ ဆောင် ခဲ့၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ရောက် လာသောအရပ် သည် သန့်ရှင်း သောကြောင့် ၊ ငါ့ မယား သည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် အိမ် တော်၌ မ နေ သင့်ဟု သဘောရှိ၏။
12 Then Solomon made burned offerings to the Lord on the altar of the Lord which he had put up in front of the covered way,
၁၂ဗိမာန်တော် ဦးရှေ့ မှာတည် သော ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ၊ ရှောလမုန် သည် မောရှေ ၏ ပညတ် တရားနှင့်အညီ ၊ နေ့ တိုင်းမည်မျှပူဇော်ရသောမီးရှို့ ရာယဇ်ကို ထာဝရဘုရား အား နေ့တိုင်းပူဇော် လေ့ရှိ ၏။
13 Offering every day what had been ordered by Moses, on the Sabbaths and at the new moon and at the regular feasts three times a year, that is at the feast of unleavened bread, the feast of weeks, and the feast of tents.
၁၃ထိုမှတပါး ဥပုသ် နေ့နှင့် လဆန်း နေ့၌၎င်း၊ အဇုမ ပွဲ ၊ ခုနစ် သိတင်းပွဲ ၊ သကေနေ ပွဲ တည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံး ပွဲ ခံသောနေ့ ၌၎င်း ယဇ်ပူဇော်လေ့ရှိ၏။
14 And he gave the divisions of the priests their places for their work, as ordered by his father David, and to the Levites he gave their work of praise and waiting on the priests, to do what was needed day by day; and he gave the door-keepers their places in turn at every door; for so David, the man of God, had given orders.
၁၄ခမည်းတော် ဒါဝိဒ် စီရင် သည်အတိုင်း ၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ်အမှုကို၎င်း၊ လေဝိ သားတို့သည် နေ့ရက် အစဉ်ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာ သီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးဆောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင် ၏လူ ဒါဝိဒ် မှာ ထားနှင့်သတည်း။
15 All the orders given by the king to the priests and Levites, in connection with any business or stores, were done with care.
၁၅အမှုတော်များ၊ ဘဏ္ဍာ တော်များနှင့် ဆိုင်သော အရာ မှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။
16 And all the work of Solomon was complete, from the day when he put the base of the Lord's house in position, till Solomon had come to the end of building the Lord's house.
၁၆ထာဝရဘုရား ၏ အိမ် တော်အမြစ် မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန် လုပ်ဆောင်ရန် အမှု ရှိသမျှ သည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။
17 Then Solomon went to Ezion-geber and to Eloth by the sea in the land of Edom.
၁၇တဖန် ရှောလမုန် သည် ဧဒုံ ပြည် တွင် ၊ ပင်လယ် ကမ်းနား ၌ ဧဇယုန်ဂါဗာ မြို့နှင့် ဧလုတ် မြို့သို့ သွား ၏။
18 And Huram sent him, by his servants, ships and experienced seamen, who went with the servants of Solomon to Ophir and came back with four hundred and fifty talents of gold, which they took to King Solomon.
၁၈ဟိရံ သည်လည်း ပင်လယ် ကူး သော အမှုကို နားလည် သော မိမိလူများ၊ သင်္ဘော များကို မိမိ ကျွန် တို့ နှင့်အတူရှောလမုန် ထံသို့ စေလွှတ် သဖြင့် ၊ သူတို့သည် ရှောလမုန် မင်း၏ ကျွန် တို့နှင့်အတူ ဩဖိရ မြို့သို့ သွား၍ ရွှေ အခွက် လေး ရာ ငါးဆယ် ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ကြ၏။