< 1 Samuel 19 >
1 And Saul gave orders to his son Jonathan and to all his servants to put David to death. But Saul's son Jonathan had great delight in David.
၁ထို့ကြောင့် ရှောလုသည် ဒါဝိဒ် ကိုသတ် စေခြင်းငှါ ၊ သား တော်ယောနသန် နှင့် မိမိ ကျွန် အပေါင်း တို့ကို မှာ ထားလေ၏။
2 And Jonathan said to David, Saul, my father, is purposing your death: so now, take care in the morning, and keep yourself safe in a secret place:
၂သား တော်ယောနသန် သည် ဒါဝိဒ် ကို အလွန် ချစ် ၍ ၊ ငါ့ အဘ ရှောလု သည် သင့် ကို သတ် ခြင်းငှါ ရှာကြံ ၏။ သို့ဖြစ်၍ နံနက် တိုင်အောင်ကိုယ်ကို သတိပြု သဖြင့် ဆိတ်ကွယ် ရာအရပ်၌ ပုန်းရှောင် ၍ နေ ပါလော့။
3 And I will go out and take my place by my father's side in the field near where you are; and I will get into talk with my father about you, and when I see how things are, I will give you word.
၃ငါ ထွက် ၍ သင် ရှိရာတော ၌ ငါ့ အဘ ထံ ခစား လျက် ၊ သင့် အမှု၌ စကားပြော မည်။ တွေ့မြင် သမျှကို သင့် အား ငါပြန် ကြားမည်ဟု ဒါဝိဒ် အား ပြောဆို ၏။
4 And Jonathan gave his father Saul a good account of David, and said to him, Let not the king do wrong against his servant, against David; because he has done you no wrong, and all his acts have had a good outcome for you:
၄ယောနသန် သည် အဘ ရှောလု ထံ၌ ၊ ဒါဝိဒ် ဘက်မှာပြော ၍၊ ရှင် ဘုရင်သည် ကျွန် တော်ဒါဝိဒ် ကို မ ပြစ်မှား ပါစေနှင့်။ သူသည်ကိုယ်တော် ကို မ ပြစ်မှား ပါ။ ကိုယ်တော် ၌ အလွန် ကျေးဇူး ပြုပါပြီ။
5 For he put his life in danger and overcame the Philistine, and the Lord gave all Israel salvation: you saw it and were glad: why then are you sinning against him who has done no wrong, desiring the death of David without cause?
၅မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိ လူကိုသတ် ၍ ထာဝရဘုရား သည် ဣသရေလ အမျိုးတမျိုးလုံး အဘို့ ကြီးစွာ သော ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကိုယ်တော်သည် မြင် ၍ ဝမ်းမြောက် ပါ၏။ သို့ဖြစ်၍ အကြောင်း မရှိဘဲ ဒါဝိဒ် ကိုသတ် သဖြင့် အဘယ်ကြောင့် အပြစ် မရှိသောသူ၏ အသက်ကိုသတ် သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆို သော်၊
6 And Saul gave ear to the voice of Jonathan, and said with an oath, By the living Lord, he is not to be put to death.
၆ရှောလု သည် ယောနသန် ၏ စကား ကို နားထောင် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူသည် အသေ မ ခံရဟု ကျိန်ဆို လေ၏။
7 Then Jonathan sent for David and gave him word of all these things. And Jonathan took David to Saul, who kept him by his side as in the past.
၇ယောနသန် သည် ဒါဝိဒ် ကို ခေါ် ၍ အကြောင်း အရာ၊ အလုံးစုံ တို့ကို ပြော ပြီးမှ ၊ ရှောလု ထံသို့ သွင်း ပြန်၍ အထံ တော်၌ အရင် နေသကဲ့သို့ နေ ရ၏။
8 And there was war again: and David went out fighting the Philistines, causing great destruction among them; and they went in flight before him.
၈တဖန် စစ်မှု ပေါ် ပြန်သောအခါ ၊ ဒါဝိဒ် ထွက် ၍ ဖိလိတ္တိ လူတို့ကို တိုက် လျက် ၊ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် ၍ သူတို့သည် ပြေး ကြ၏။
9 And an evil spirit from the Lord came on Saul, when he was seated in his house with his spear in his hand; and David made music for him.
၉ရှောလု သည် လှံ တိုကို ကိုင်၍နန်းတော် ၌ ထိုင် စဉ်တွင်၊ ထာဝရဘုရား ထံတော်မှ ဆိုး သောဝိညာဉ် သက်ရောက် ၍ ၊ ဒါဝိဒ် သည် စောင်းတီး လျက်နေသောအခါ၊
10 And Saul would have sent his spear through him, pinning him to the wall, but he got away and the spear went into the wall: and that night David went in flight and got away.
၁၀သူ့ကိုလှံ တိုနှင့် ထရံ နားမှာ ထိုး စမ်းသော်လည်း ၊ အထံ တော်မှ ရှောင်ပြေး သဖြင့် လှံ တိုသည် ထရံ ကို စူး လျက် နေ၏။ ဒါဝိဒ် သည် ပြေး ၍ ထို ညဉ့် ကို လွတ် ရ၏။
11 Then in that night Saul sent men to David's house to keep watch on him so as to put him to death in the morning: and David's wife Michal said to him, If you do not go away to a safe place tonight you will be put to death in the morning.
၁၁ရှောလု သည် သူ့ ကို စောင့် ၍ နံနက် ချိန်၌ သတ် စေခြင်းငှါ သူ့အိမ် သို့ လူ ကို လွှတ် စေ၏။ ဒါဝိဒ် မယား မိခါလ က၊ သင် သည် ယနေ့ည မှာ ကိုယ် အသက် ကို မ ကယ်မ လျှင် ၊ နက်ဖြန် နေ့၌ အသေ ခံရလိမ့်မည်ဟု ဆို လျက်၊
12 So Michal let David down through the window, and he went in flight and got away.
၁၂ဒါဝိဒ် ကို ပြတင်းပေါက် မှ လျှော့ချ ၍ သူသည် အလွတ် ထွက်ပြေး လေ၏။
13 Then Michal took the image and put it in the bed, with a cushion of goat's hair at its head, and she put clothing over it.
၁၃မိခါလ သည်လည်း ၊ တေရပ်ရုပ်တု ကို ယူ ၍ ခုတင် ပေါ် မှာထား ပြီးလျှင် ၊ ဆိတ်မွေး ဖြင့်ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာ၍ စောင် နှင့် ခြုံ လေ၏။
14 And when Saul sent men to take David, she said, He is ill.
၁၄ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ ရှောလု စေလွှတ် သောလုလင် ရောက်သောအခါ ၊ ဒါဝိဒ်နာ ၍ နေပါသည်ဟု မယားပြောဆို ၏။
15 And Saul sent his men to see David, saying, Do not come back without him, take him in his bed, so that I may put him to death.
၁၅ရှောလု ကလည်း ၊ သူ့ ကို ငါသတ် မည်အကြောင်း ခုတင် နှင့်တကွ ဆောင် ခဲ့ကြဟု ဒါဝိဒ် ကို အကြည့် အရှုစေလွှတ် ၍၊
16 And when the men came in, there was the image in the bed, with the cushion of goat's hair at its head
၁၆တမန် တို့သည်ဝင် ကြသောအခါ ဆိတ်မွေး ဖြင့်‘ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာလျက်၊ ခုတင် ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
17 And Saul said to Michal, why have you been false to me, letting my hater go and get safely away? And in answer Michal said to Saul, He said to me, Let me go, or I will put you to death.
၁၇ရှောလု ကလည်း ငါ့ ကို လှည့်စား ၍ အဘယ်ကြောင့် ငါ့ ရန်သူ ကို လွှတ် လိုက်သနည်း။ ယခု လွတ် အောင် ပြေးပါပြီတကားဟု မိခါလ အား ပြောဆို လျှင် ၊ မိခါလ က ငါသွားမည်။ သို့မဟုတ်သင့် ကို ငါသတ် မည်ဟု သူ ပြော ပါသည်ဟု ရှောလု အား ပြန်လျှောက် လေ၏။
18 So David went in flight and got away and came to Ramah, to Samuel, and gave him an account of all Saul had done to him. And he and Samuel went and were living in Naioth.
၁၈ထိုသို့ ဒါဝိဒ် ပြေး ၍ ရှောလုလက်မှ လွတ် သဖြင့် ၊ ရှမွေလ ရှိရာ ရာမ မြို့သို့ ရောက် လေ၏။ ရှောလု ပြု လေသမျှ တို့ကို ပြန်ကြား ပြီးမှ ၊ ရှမွေလ သည်သွား ၍ နာယုတ် ရွာမှာ နေ ၏။
19 And word was given to Saul that David was at Naioth in Ramah.
၁၉ဒါဝိဒ် သည် ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိကြောင်းကို ရှောလု သည် ကြား ၍၊
20 And Saul sent men to take David; and when they saw the band of prophets at work, with Samuel in his place at their head, the spirit of God came on Saul's men, and they became like prophets.
၂၀ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ စေလွှတ် ပြန်၏။ ပရောဖက် အပေါင်း အသင်းတို့သည် ပရောဖက် ပြုလျက် ၊ ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင် သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလု ၏ တမန် တော်တို့အပေါ် မှာ သက်ရောက် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။
21 And Saul, having news of this, sent other men, who in the same way became like prophets. And a third time Saul sent men, and they like the others became like prophets.
၂၁ထိုသိတင်းကို ရှောလု သည်ကြား လျှင် အခြား သောသူတို့ကို စေလွှတ် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။ တတိယ အကြိမ် ရှောလု သည် စေလွှတ် ၍ ၊ ထို့အတူပြုကြရ၏။
22 Then he himself went to Ramah, and came to the great water-spring in Secu; and questioning the people he said, Where are Samuel and David? And one said, They are at Naioth in Ramah.
၂၂ထိုအခါ ကိုယ်တိုင်ရာမ မြို့သို့ သွား ၍ ၊ စေခု ရွာ၌ ရှိသောရေတွင်း ကြီး သို့ ရောက် သော်၊ ရှမွေလ နှင့် ဒါဝိဒ် တို့သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ၊ ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိပါသည်ဟု ကြား လျှောက်လေသော်၊
23 And he went on from there to Naioth in Ramah: and the spirit of God came on him, and he went on, acting like a prophet, till he came to Naioth in Ramah.
၂၃ထို အရပ်သို့ သွား ၍ ၊ ဘုရား သခင်၏ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ နာယုတ် ရွာ တိုင်အောင် ပရောဖက် ပြုလျက် သွား လေ၏။
24 And he took off his clothing, acting like a prophet before Samuel, and falling down he was stretched out, without his clothing, all that day and all that night. This is the reason for the saying, Is even Saul among the prophets?
၂၄အဝတ် တော်ကိုလည်း ချွတ် ၍ ၊ ရှမွေလ ရှေ့ မှာ ထိုအတူပရောဖက် ပြုလျက် ၊ အဝတ် မပါဘဲ တနေ့ နှင့် တညဉ့် လဲ လျက်နေ၏။ ထိုကြောင့် ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလောဟု ဆို လေ့ရှိကြ၏။