< 1 Samuel 18 >
1 Now after David's talk with Saul was ended, the soul of Jonathan was joined with the soul of David, and David became as dear to him as his very life.
၁ထိုသို့ လျှောက် ပြီး သည်နောက်၊ ရှောလု၏ သားယောနသန် စိတ် နှလုံးသည် ဒါဝိဒ် စိတ် နှလုံးနှင့် စွဲကပ် လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ် လေ၏။
2 And that day Saul took David and would not let him go back to his father's house.
၂ထို နေ့၌ ရှောလု သည် ဒါဝိဒ်ကို သိမ်းဆည်း ၍ သူ့ အဘ ၏အိမ် သို့ နောက်တဖန် သွားနေရသော အခွင့် ကိုပေး တော်မ မူ။
3 Then Jonathan and David made an agreement together, because of Jonathan's love for David.
၃ယောနသန် သည်လည်း ၊ ဒါဝိဒ် ကို ကိုယ် နှင့်အမျှ ချစ် သောကြောင့် သူနှင့်အတူမိဿဟာယ ဖွဲ့ပြီးလျှင်၊
4 And Jonathan took off the robe he had on and gave it to David, with all his military dress, even to his sword and his bow and the band round his body.
၄မိမိ ဝတ်သော ဝတ်လုံ ကို ချွတ် ၍ မိမိ အဝတ် တန်ဆာများနှင့် ထား ၊ လေး ၊ ခါးစည်း တို့ကိုပင် ဒါဝိဒ် အား ပေး လေ၏။
5 And David went wherever Saul sent him, and did wisely: and Saul put him at the head of his men of war, and this was pleasing to all the people as well as to Saul's servants.
၅ဒါဝိဒ် သည် ရှောလု စေခိုင်း သမျှ ကို သွား ၍ သတိ ပညာနှင့်ပြုမူသောကြောင့် ၊ စစ်သူရဲ အုပ်အရာ၌ ခန့် ထားတော်မူသဖြင့် ၊ ဒါဝိဒ်သည် ကျွန် တော်မျိုးမှစ၍လူ အပေါင်း တို့တွင် မျက်နှာ ရ၏။
6 Now on their way, when David came back after the destruction of the Philistine, the women came out of all the towns of Israel, with songs and dances, meeting David with melody and joy and instruments of music.
၆ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှပြန် လာ၍၊ ရောက်လေရာရာ၌ မိန်းမ များတို့သည် ရှောလု မင်းကြီး ကို ခရီးဦးကြို ပြုအံ့သောငှါ ရွှင်လန်း သောစိတ်နှင့် သီချင်း ဆိုလျက် ၊ က လျက်၊ ပတ်သာ အစရှိ သည်တို့ကို တီးလျက်၊ ဣသရေလ မြို့ ရွာများထဲက ထွက် လာသဖြင့်၊
7 And the women, answering one another in their song, said, Saul has put to death his thousands and David his tens of thousands.
၇ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့် သီချင်း ဆိုကြ၏။
8 And Saul was very angry and this saying was unpleasing to him; and he said, They have given David credit for tens of thousands, and to me for only thousands: what more is there for him but the kingdom?
၈ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ၊ ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။
9 And from that day Saul was looking with envy on David.
၉ထို နေ့မှစ၍ ဒါဝိဒ် ကို အစဉ်ချောင်းမြောင်း လျက် နေ ၏။
10 Now on the day after, an evil spirit from God came on Saul with great force and he was acting like a prophet among the men of his house, while David was making music for him, as he did day by day: and Saul had his spear in his hand.
၁၀နက်ဖြန် နေ့ထာဝရဘုရား ထံတော်က၊ ဆိုး သောဝိညာဉ် သည် ရှောလု အပေါ် မှာရောက် သဖြင့် ၊ ရှောလု သည် နန်းတော် အလယ် ၌ ပရောဖက် ပြုသောကြောင့် ၊ ဒါဝိဒ် သည် အရင်ကဲ့သို့ စောင်းတီး လေ၏။ ရှောလု သည် လှံ တိုကို ကိုင်လျက်ရှိ၍၊
11 And Saul, balancing the spear in his hand, said, I will give David a blow, pinning him to the wall. And David got away from him twice.
၁၁ဒါဝိဒ် ကို ထရံ နားမှာထိုး မည်ဟု အကြံရှိသည်အတိုင်း လှံ တိုကို ထိုးပစ်သော်လည်း၊ ဒါဝိဒ် သည် အထံတော်မှ နှစ် ကြိမ်ရှောင်လွှဲ လေ၏။
12 And Saul went in fear of David, because the Lord was with David and had gone away from Saul.
၁၂ထိုသို့ ထာဝရဘုရား သည် ရှောလု ထံမှ ထွက် ၍ ဒါဝိဒ် နှင့်အတူ ရှိ တော်မူသောကြောင့် ၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့ သဖြင့်၊
13 So Saul sent him away, and made him a captain over a thousand; and he went about his business before the people.
၁၃အထံ တော်မှ ရွှေ့ ၍ လူတထောင် အုပ် အရာကို ပေး ၏။ ဒါဝိဒ်သည် လူ များရှေ့ ၌ ထွက် ဝင် ရ၏။
14 And in all his undertakings David did wisely; and the Lord was with him.
၁၄ဒါဝိဒ် သည် အရာရာ ၌ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။
15 And when Saul saw how wisely he did, he was in fear of him.
၁၅ထိုသို့ အလွန် သတိ ပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင် လျှင် သာ၍ကြောက်ရွံ့ လေ၏။
16 But David was loved by all Israel and Judah, for he went out and came in before them.
၁၆ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ဒါဝိဒ် ကို ချစ် ကြ၏။ အကြောင်း မူကား၊ သူ တို့ ရှေ့ ၌ ဒါဝိဒ်သည် ထွက် ဝင် တတ်၏။
17 And Saul said to David, Here is my oldest daughter Merab, whom I will give you for your wife: only be strong for me, fighting in the Lord's wars. For Saul said, Let it not be through me that his fate comes to him, but through the Philistines.
၁၇တဖန် ရှောလု သည် ဒါဝိဒ် ကို ခေါ်၍ ငါ့ သမီး ကြီး မေရပ် ကို သင့် အား ငါပေးစား မည်။ သင်သည် ငါ့ အဘို့ ရဲရင့် ၍ ထာဝရဘုရား အဘို့ စစ်တိုက် ခြင်းကိုသာ ပြုလော့ဟု မိန့် တော်မူ၏။ အကြောင်း မူကား၊ ငါ့ လက် သည် သူ့ အပေါ် သို့ မ ရောက် စေနှင့်။ ဖိလိတ္တိ လူတို့ လက် သည် ရောက် ပါစေသောဟု ရှောလု အကြံရှိ၏။
18 And David said to Saul, Who am I, and what is my father's family in Israel, that I am to be son-in-law to the king?
၁၈ဒါဝိဒ် ကလည်း ၊ ကျွန်တော်သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ် ရပါမည်အကြောင်း အဘယ်သို့ သောသူဖြစ်ပါသနည်း။ ကျွန်တော် အသက် နှင့် ကျွန်တော်အဆွေအမျိုး သည်၊ ဣသရေလ နိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလု အား လျှောက် ၏။
19 But when the time came to give Merab, Saul's daughter, to David, she was given to Adriel of Meholath.
၁၉သို့ရာတွင် ၊ ရှောလု ၏သမီး မေရပ် ကို ဒါဝိဒ် အား ပေးစား ရသောအချိန် ရောက် သောအခါ ၊ မေဟောလသိ အမျိုး အဒြေလ အား ပေးစား လေ၏။
20 And Saul's daughter Michal was in love with David: and Saul had word of it and was pleased.
၂၀တဖန် ရှောလု သမီး မိခါလ သည် ဒါဝိဒ် ကို ချစ် ၏။ ထိုအကြောင်းကို လျှောက် သောအခါ ၊ ရှောလု သည် အားရ လျက်၊
21 And Saul said, I will give her to him, so that she may be a cause of danger to him, and so that the hands of the Philistines may be against him. So Saul said to David, Today you are to become my son-in-law for the second time.
၂၁ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ ၍ ဖိလိတ္တိ လူတို့ လက် သို့ ရောက် စေခြင်းငှါ ပေးစား မည်ဟု အကြံ ရှိ၏။
22 And Saul gave his servants orders saying, Have talk with David secretly and say to him, See how the king has delight in you, and how you are loved by all his servants: then be the king's son-in-law.
၂၂နန်းတော် သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ် နှင့် တိတ်ဆိတ် စွာ စကား ပြောရမည်မှာ၊ ရှင် ဘုရင်သည် သင့် ကို စုံမက် ၍ ၊ ရှင်ဘုရင်၏ ကျွန် အပေါင်း တို့သည်လည်း ချစ် ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင် ၏ သမက် တော်ဖြစ်ကောင်းပါ၏ဟု မှာ ထားသည်အတိုင်း၊
23 And Saul's servants said these things to David. And David said, Does it seem to you a small thing to be the king's son-in-law, seeing that I am a poor man, of no great name?
၂၃ရှောလု ၏ ကျွန် တို့သည် ဒါဝိဒ် အား ပြော ကြ၏။ ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် သည် အသရေ မရှိသော ဆင်းရဲသား ဖြစ်လျက်နှင့် ရှင်ဘုရင် ၏ သမက် တော်လုပ်ရသောအမှုသည် သာမည အမှု ထင် သလောဟုပြောဆို၏။
24 And the servants of Saul gave him an account of what David had said.
၂၄ရှောလု ကျွန် တို့ကလည်း ၊ ဒါဝိဒ် သည် ဤသို့ ပြောဆို ပါသည်ဟု လျှောက် လျှင်၊
25 And Saul said, Then say to David, The king has no desire for any bride-price, but only for the private parts of a hundred Philistines so that the king may get the better of his haters. But it was in Saul's mind that David might come to his end by the hands of the Philistines.
၂၅သင်တို့သည် တဖန် ပြော ရမည်မှာ၊ ရှင် ဘုရင်သည် ရန်သူ တို့၌ စိတ် တော်ပြေမည်အကြောင်း ၊ ဖိလိတ္တိ လူတို့၏ အရေဖျား တရာ မှ တပါးအခြားသော လက်ဖွဲ့ ရာကို အလို တော်မ ရှိဟု မှာ ထား၏။ သို့ရာတွင် ဒါဝိဒ် ကို ဖိလိတ္တိ လူတို့လက် ဖြင့် ဆုံး စေမည်ဟု ရှောလု အကြံ ရှိ၏။
26 And when his servants said these words to David, he was well pleased to be the son-in-law of the king. And the days were still not past.
၂၆ရှောလု ကျွန် တို့သည် ထိုစကားကို ဒါဝိဒ် အား ပြန်ပြော သောအခါ ၊ ဒါဝိဒ် သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ်ခြင်းငှါ အလို ရှိ၏။ ထို့ကြောင့်ချိန်းချက်သော အချိန်မ စေ့ မှီထ ၍၊
27 So David and his men got up and went, and put to death two hundred of the Philistines; and David took their private parts and gave the full number of them to the king, so that he might be the king's son-in-law. And Saul gave him his daughter Michal for his wife.
၂၇မိမိ လူ တို့နှင့်အတူ သွား သဖြင့် ၊ ဖိလိတ္တိ လူနှစ် ရာတို့ကိုသတ် ပြီးမှ ၊ ရှင်ဘုရင် ၏ သမက် တော် ဖြစ်လိုသောငှါ ၊ သူ တို့အရေဖျား များကို ယူ ခဲ့၍ ၊ စုံလင် သော အရေအတွက်အားဖြင့်ရှင်ဘုရင်အား ဆက် လေ၏။ ရှောလု သည်လည်း သမီး တော်မိခါလ ကို ပေးစား ရ၏။
28 And it was clear to Saul that the Lord was with David; and he was loved by all Israel.
၂၈ထာဝရဘုရား သည် ဒါဝိဒ် နှင့်အတူ ရှိတော်မူကြောင်း ကို၎င်း၊ မိမိသမီး သည် ချစ် ကြောင်းကို၎င်း၊ ရှောလု သည် မြင် ၍၊
29 And Saul's fear of David became all the greater, and he went on hating him, day by day.
၂၉ကြောက်ရွံ့ သောစိတ် စွဲလမ်းလျက် အစဉ် အမြဲရန်ငြိုး ဖွဲ့လေ၏။
30 Then the rulers of the Philistines went out to war: and whenever they went out, David did more wisely than all the other servants of Saul, so that his name became greatly honoured.
၃၀တဖန် ဖိလိတ္တိ မင်း တို့သည် ချီ သွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ် သည် ရှောလု ၏ ကျွန် အပေါင်း တို့ထက် သာ၍သတိ ပညာနှင့် ပြုမူသဖြင့် အလွန် ဂုဏ်အသရေနှင့် ပြည့်စုံ၏။