< 1 Kings 21 >
1 Now Naboth the Jezreelite had a vine-garden in Jezreel, near the house of Ahab, king of Samaria.
၁ထိုနောက်မှ ယေဇရေလ မြို့သားနာဗုတ် ပိုင်သော စပျစ် ဥယျာဉ်သည် ယေဇရေလ မြို့တွင် ၊ ရှမာရိ မင်းကြီး အာဟပ် ၏နန်း တော်နား မှာ ရှိ သည်ဖြစ်၍၊
2 And Ahab said to Naboth, Give me your vine-garden so that I may have it for a garden of sweet plants, for it is near my house; and let me give you a better vine-garden in exchange, or, if it seems good to you, let me give you its value in money.
၂အာဟပ် မင်းက၊ သင့် စပျစ် ဥယျာဉ်သည် နန်း တော်နား မှာရှိသောကြောင့် ယာ လုပ်စရာဘို့ ပေး ပါ။ သာ၍ ကောင်းသော ဥယျာဉ် ကို ငါပေး မည်။ သို့မဟုတ် သင် အလို ရှိလျှင် အဘိုး ကိုပေး မည်ဟု နာဗုတ် အား ဆို လျှင်၊
3 But Naboth said to Ahab, By the Lord, far be it from me to give you the heritage of my fathers.
၃နာဗုတ် က၊ ဘိုးဘေး လက်မှ အမွေခံ သောမြေကို ကိုယ်တော်အားပေး ရသောအမှုကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု ပြန်လျှောက် ၏။
4 So Ahab came into his house bitter and angry because Naboth the Jezreelite had said to him, I will not give you the heritage of my fathers. And stretching himself on the bed with his face turned away, he would take no food.
၄ဘိုးဘေး မှ အမွေခံ သော မြေကို မ ပေး ရဟု ယေဇရေလ မြို့သားနာဗုတ် လျှောက် သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက်၊ နန်း တော်သို့ သွား ၍ အစာ ကိုမ စား ၊ မျက်နှာ ကို လွှဲ ၍ သာလွန် ပေါ် မှာအိပ် လျက်နေ၏။
5 But Jezebel, his wife, came to him and said, Why is your spirit so bitter that you have no desire for food?
၅ခင်ပွန်း ယေဇဗေလ သည်လာ ၍ ၊ အစာ ကို မ စား နိုင်အောင် စိတ် တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေး လျှင်၊
6 And he said to her, Because I was talking to Naboth the Jezreelite, and I said to him, Let me have your vine-garden for a price, or, if it is pleasing to you, I will give you another vine-garden for it: and he said, I will not give you my vine-garden.
၆မင်းကြီးက၊ ယေဇရေလ မြို့သားနာဗုတ် ကို ငါခေါ် ၍ သင့် စပျစ် ဥယျာဉ်ကို ရောင်း ပါ။ သို့မဟုတ် သင် အလို ရှိ လျှင် အခြားသောဥယျာဉ် ကို ငါပေး မည်ဟုဆို သော်၊ ထိုဥယျာဉ် ကို ကိုယ်တော် အား မ ပေး ရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏။
7 Then Jezebel, his wife, said, Are you now the ruler of Israel? Get up, take food, and let your heart be glad; I will give you the vine-garden of Naboth the Jezreelite.
၇ခင်ပွန်း ယေဇဗေလ က၊ ကိုယ်တော် သည် ဣသရေလ နိုင်ငံကို အစိုးရ တော်မူသည် မဟုတ်လော။ ထ ၍ ရွှင်လန်း သောစိတ် နှင့် စားတော်ခေါ် ပါ။ ကျွန်မ သည် ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို ဆက် ပါမည် ဟုဆို သည်အတိုင်း၊
8 So she sent a letter in Ahab's name, stamped with his stamp, to the responsible men and the chiefs who were in authority with Naboth.
၈အာဟပ် မင်း၏ အခွင့်နှင့် စာ ရေး ၍ တံဆိပ် တော်နှင့် ခတ် ပြီးမှ ၊ နာဗုတ် နေ ရာမြို့ ၌ သူနှင့်အတူ နေသောအသက် ကြီးသူနှင့် မှူးမတ် များထံသို့ ပေး လိုက် လေ၏။
9 And in the letter she said, Let a time of public sorrow be fixed, and put Naboth at the head of the people;
၉စာ ချက်ဟူမူကား ၊ အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ ၊ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြလော့။
10 And get two good-for-nothing persons to come before him and give witness that he has been cursing God and the king. Then take him out and have him stoned to death.
၁၀သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် ၍ သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။
11 So the responsible men and the chiefs who were in authority in his town, did as Jezebel had said in the letter she sent them.
၁၁ယေဇဗေလ ပေး လိုက်သော စာ ၌ ပါသည် အတိုင်း ၊ နာဗုတ်နေ သော မြို့သား အသက်ကြီး သူနှင့် မှူးမတ် တို့သည် ပြု လျက်၊
12 They gave orders for a day of public sorrow, and put Naboth at the head of the people.
၁၂အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြ၏။
13 And the two good-for-nothing persons came in and took their seats before him and gave witness against Naboth, in front of the people, saying, Naboth has been cursing God and the king. Then they took him outside the town and had him stoned to death.
၁၃အဓမ္မ လူ နှစ် ယောက်သည် လာ ၍ သူ့ ရှေ့ မှာ ထိုင် လျက် ၊ နာဗုတ် သည် ဘုရားသခင် နှင့် ရှင်ဘုရင် ကို စွန့်ပယ် ပြီဟု လူ များရှေ့ တွင် နာဗုတ် တဘက်၌ သက်သေခံ ကြလျှင် ၊ နာဗုတ်ကို မြို့ ပြင် သို့ ထုတ် ၍ သေ အောင် ကျောက်ခဲ နှင့် ပစ် ကြ၏။
14 And they sent word to Jezebel, saying, Naboth has been stoned and is dead.
၁၄ထိုအခါ နာဗုတ် သည် ကျောက်ခဲ နှင့် ပစ်ခြင်း ကိုခံရ၍ သေ ပါပြီဟု ယေဇဗေလ ထံသို့ စေလွှတ် ၍ ကြားလျှောက် ကြ၏။
15 Then Jezebel, hearing that Naboth had been stoned and was dead, said to Ahab, Get up and take as your heritage the vine-garden of Naboth the Jezreelite, which he would not give you for money, for Naboth is no longer living but is dead.
၁၅ထိုအကြောင်းကို ယေဇဗေလ သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် မ ရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူ တော်မူပါ။ နာဗုတ် အသက် မ ရှိ၊ သေ ပါပြီဟု ဆို ၏။
16 So Ahab, hearing that Naboth was dead, went down to the vine-garden of Naboth the Jezreelite to take it as his heritage.
၁၆နာဗုတ် သေ ကြောင်း ကို အာဟပ် သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ ထ သွား ၏။
17 And the word of the Lord came to Elijah the Tishbite, saying,
၁၇ထိုအခါ တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏နှုတ်ကပတ် တော်က၊
18 Go down to Ahab, king of Israel, in Samaria; see, he is in the vine-garden of Naboth the Jezreelite, where he has gone to take it as his heritage.
၁၈သင်သည်ရှမာရိ မြို့၌ နေသော ဣသရေလ ရှင်ဘုရင် အာဟပ် ကို ကြိုဆို အံ့သောငှါ ထ သွား လော့။ သူသည်နာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ သွား ၍ ယခုဥယျာဉ်၌ရှိ ၏။
19 Say to him, The Lord says, Have you put a man to death and taken his heritage? Then say to him, The Lord says, In the place where dogs have been drinking the blood of Naboth, there will your blood become the drink of dogs.
၁၉ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် ၍ သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် ၌ သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။
20 And Ahab said to Elijah, Have you come face to face with me, O my hater? And he said, I have come to you because you have given yourself up to do evil in the eyes of the Lord.
၂၀အာဟပ် ကလည်း ၊ အချင်းရန်သူ ၊ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ၊ ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။
21 See, I will send evil on you and put an end to you completely, cutting off from Ahab every male child, him who is shut up and him who goes free in Israel;
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့် အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထား သောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ အာဟပ် အမျိုး ယောက်ျား များကိုပယ်ဖြတ် မည်။
22 And I will make your family like the family of Jeroboam, the son of Nebat, and like the family of Baasha, the son of Ahijah, because you have made me angry, and have made Israel do evil.
၂၂ငါ့အမျက် ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှား စေသောအပြစ်ကြောင့် ၊ သင့် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး နှင့် အဟိယ ၏ သား ဗာရှာ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
23 And of Jezebel the Lord said, Jezebel will become food for dogs in the heritage of Jezreel.
၂၃ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ယေဇရေလ မြို့ရိုး နား မှာ ခွေး တို့သည် ယေဇဗေလ ကို စား ကြလိမ့်မည်။
24 Any man of the family of Ahab who comes to his death in the town will become food for the dogs; and he who comes to his death in the open country will be food for the birds of the air.
၂၄အာဟပ် အမျိုးသည် မြို့ ထဲမှာ သေ လျှင်ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေ လျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏။
25 (There was no one like Ahab, who gave himself up to do evil in the eyes of the Lord, moved to it by Jezebel his wife.
၂၅အာဟပ် နှင့် တူသော သူတယောက် မျှမရှိ။ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။
26 He did a very disgusting thing in going after false gods, doing all the things the Amorites did, whom the Lord sent out before the children of Israel.)
၂၆ထာဝရဘုရား သည် ဣသရေလ အမျိုးရှေ့ မှ နှင်ထုတ် တော်မူသော အာမောရိ အမျိုးသားပြု သမျှ အတိုင်း ၊ ရုပ်တု ဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ် ရွံရှာဘွယ်အမှုကိုပြု၏။
27 Hearing these words, Ahab, in great grief, put haircloth on his flesh and went without food, sleeping in haircloth, and going about quietly.
၂၇သို့ရာတွင် ဧလိယဆင့်ဆိုသော စကား တော်ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ဝတ် ၏။ အစာရှောင် ခြင်း၊ လျှော်တေ အဝတ်၌ အိပ် ခြင်း ကို ပြု၍ ဖြည်းဖြည်း သွား လာ၏။
28 Then the word of the Lord came to Elijah the Tishbite, saying,
၂၈ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသည်ကား၊
29 Do you see how Ahab has made himself low before me? because he has made himself low before me, I will not send the evil in his life-time, but in his son's time I will send the evil on his family.
၂၉အာဟပ် သည် ငါ့ ရှေ့ မှာနှိမ့်ချ သည်ကို မြင် ပြီ လော။ ထိုသို့ငါ့ ရှေ့ မှာနှိမ့်ချ သောကြောင့် ၊ သူ့ လက်ထက် ၌ ထိုဘေးဥပဒ် ကို ငါမ ရောက် စေ။ သူ့ သား လက်ထက် ၌ သူ့ အမျိုး အပေါ် သို့ရောက် စေမည်ဟု မိန့် တော်မူ၏။