< Zechariah 7 >
1 In the fourth year of King Darius, the word of the LORD came to Zechariah on the fourth day of the ninth month, the month of Chislev.
၁ဒါရိ မင်းကြီး နန်းစံလေး နှစ် ၊ ခိသလု မည် သော နဝမ လ လေး ရက်နေ့တွင် ၊
2 Now the people of Bethel had sent Sharezer and Regem-melech, along with their men, to plead before the LORD
၂ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊
3 by asking the priests of the house of the LORD of Hosts, as well as the prophets, “Should I weep and fast in the fifth month, as I have done these many years?”
၃နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ လ တွင် ငိုကြွေး ၍ ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့် ပရောဖက် တို့အား မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့် သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
4 Then the word of the LORD of Hosts came to me, saying,
၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့ ရောက် လာ၍ ၊
5 “Ask all the people of the land and the priests, ‘When you fasted and mourned in the fifth and seventh months for these seventy years, was it really for Me that you fasted?
၅ယဇ်ပုရောဟိတ် တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့အား သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ လနှင့် သတ္တမ လတွင် အစာရှောင် ၍ ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော ။
6 And when you were eating and drinking, were you not doing so simply for yourselves?
၆စား သောက် သောအခါ ၌လည်း ကိုယ် အလို အလျောက်စား သောက် ကြသည်မ ဟုတ်လော ။
7 Are these not the words that the LORD proclaimed through the earlier prophets, when Jerusalem and its surrounding towns were populous and prosperous, and the Negev and the foothills were inhabited?’”
၇ယေရုရှလင် မြို့မပျက်၊ စည်ပင်၍ ပတ်လည် ၌ ရှိသောမြို့ ရွာ၊ တောင် မျက်နှာအရပ်နှင့် မြေညီ သော အရပ်၌ လူများသေးသောအခါ၊ ရှေး ပရောဖက် တို့ဖြင့် ထာဝရဘုရား ကြွေးကြော် တော်မူသော အမိန့် တော် ပြည့်စုံ ပြီမ ဟုတ်လော ဟု မိန့်တော်မူ၏။
8 Then the word of the LORD came to Zechariah, saying,
၈ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ဇာခရိ သို့ ရောက် လာသည်ကား၊
9 “This is what the LORD of Hosts says: ‘Administer true justice. Show loving devotion and compassion to one another.
၉တရား အမှုကို တရား သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့် တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။
10 Do not oppress the widow or the fatherless, the foreigner or the poor. And do not plot evil in your hearts against one another.’
၁၀မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသော်လည်း ၊
11 But they refused to pay attention and turned a stubborn shoulder; they stopped up their ears from hearing.
၁၁သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။
12 They made their hearts like flint and would not listen to the law or to the words that the LORD of Hosts had sent by His Spirit through the earlier prophets. Therefore great anger came from the LORD of Hosts.
၁၂တရား စကားကို၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှေး ပရောဖက် တို့ဖြင့် ထား တော်မူသောစကား ကို၎င်းသူတို့သည် မကြား စေ ခြင်းငှါ၊ မိမိ တို့နှလုံး ကို စိန် ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလွန် အမျက် ထွက်တော်မူ၏။
13 And just as I had called and they would not listen, so when they called I would not listen, says the LORD of Hosts.
၁၃ငါဟစ်ခေါ် ၍ သူတို့သည် နား မ ထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ၍ ငါလည်း နား မ ထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
14 But I scattered them with a whirlwind among all the nations that they had not known, and the land was left desolate behind them so that no one could come or go. Thus they turned the pleasant land into a desolation.”
၁၄သူတို့မ သိ သော လူမျိုး အပေါင်း တို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့် ၊ သူ တို့ ပြည် သည် လူ ဆိတ်ညံ လျက် ရှိ၍ အဘယ်သူမျှမသွား မလာ ။ သာယာ သော ပြည် သည် သုတ်သင် ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။