< Song of Solomon 2 >

1 I am a rose of Sharon, a lily of the valley.
ကျွန်မသည် ရှာရုန် အရပ်နှင်းဆီ ပွင့်၊ ကွင်းပြင် ၌ပေါက်သော နှင်းပွင့် မျှသာဖြစ်ပါ၏။
2 Like a lily among the thorns is my darling among the maidens.
ဆူး တောထဲမှာ နှင်းပွင့် ထင်သကဲ့သို့ ၊ ငါ ချစ် သောသတို့သမီးသည် လူမျိုးသမီး စုထဲမှာ ထင်ပေ၏။
3 Like an apple tree among the trees of the forest is my beloved among the young men. I delight to sit in his shade, and his fruit is sweet to my taste.
တော ပင် စုထဲမှာ ရှောက်ချို ပင်ကဲ့သို့ ငါ ချစ် ရာ သခင်သည် လူမျိုးသား စုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ ၏အရိပ် ဝယ် ပျော်မွေ့ နေထိုင် ၍ ၊ မြိန် စွာသော အသီး ကို စား ရ၏။
4 He has brought me to the house of wine, and his banner over me is love.
ပွဲခံ ရာအိမ် သို့ ငါ့ ကိုဆောင်သွား ၍ ၊ မေတ္တာ တော်အလံ ကို ငါ့ အပေါ် မှာ မိုးတော်မူပြီ။
5 Sustain me with raisins; refresh me with apples, for I am faint with love.
ငါ သည်ချစ်ခြင်း အားဖြင့်ကြင်နာ သည်ဖြစ်၍ ၊ ငါ့ ကိုစပျစ်သီးပျဉ် နှင့် အားဖြည့် ကြပါ။ ရှောက်ချို သီးကို ကျွေး၍ သက်သာ စေကြပါ။
6 His left hand is under my head, and his right arm embraces me.
သင်၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မလျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက်နေတော်မူပါစေ။
7 O daughters of Jerusalem, I adjure you by the gazelles and does of the field: Do not arouse or awaken love until the time is right.
ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို မ နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း ၊ တော ၌ ကျင်လည်သော သမင် ဒရယ် များကို တိုင်တည်၍ သင် တို့ကို ငါမှာ ထား၏။
8 Listen! My beloved approaches. Look! Here he comes, leaping across the mountains, bounding over the hills.
ငါ ချစ် ရာသခင်၏စကား သံပေ။ ကြည့် ပါ။ တောင် ကြီးတောင် ငယ်တို့ကို ခုန်ကျော် လျက်ကြွလာ ၏။
9 My beloved is like a gazelle or a young stag. Look, he stands behind our wall, gazing through the windows, peering through the lattice.
ငါ ချစ် ရာသခင်သည် သမင် ဒရယ် သငယ် နှင့် တူ၏။ ကြည့် ပါ။ အုတ်ရိုး ပြင် မှာရပ် တော်မူ၏။ ပြတင်းပေါက် ဝတွင် ကြည့် လျက် ၊ ပြတင်းရွက် ကြား မှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
10 My beloved calls to me, “Arise, my darling. Come away with me, my beautiful one.
၁၀ငါ ချစ် ရာ သခင်သည် ခေါ် ၍ ပြော သည်ကား၊ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ ၍ လာ ခဲ့ပါ။
11 For now the winter is past; the rain is over and gone.
၁၁ဆောင်း ကာလလွန် ပြီ။ မိုဃ်း လည်းကြည်လင် ပြီ။
12 The flowers have appeared in the countryside; the season of singing has come, and the cooing of turtledoves is heard in our land.
၁၂မြေကြီး ပေါ် မှာ ပန်း များ ပွင့် ကြပြီ။ ငှက်တို့ မြည်တွန် ချိန် လည်း ရောက် လေပြီ။ ငါ တို့မြေ ၌ ချိုးငှက် တွန်သံ ကိုလည်း ကြား ရ၏။
13 The fig tree ripens its figs; the blossoming vines spread their fragrance. Arise, come away, my darling; come away with me, my beautiful one.”
၁၃သင်္ဘော သဖန်းပင်သည် စိမ်း သောအသီးကို မှည့် စေ၏။ စပျစ်နွယ် ပင်လည်း ပွင့် လျက်မွှေးကြိုင် ၏။ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ၍လာ ခဲ့ပါ။
14 O my dove in the clefts of the rock, in the crevices of the cliff, let me see your face, let me hear your voice; for your voice is sweet, and your countenance is lovely.
၁၄တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။
15 Catch for us the foxes— the little foxes that ruin the vineyards— for our vineyards are in bloom.
၁၅စပျစ်နွယ် ပင်တို့ကို ဖျက် လတံ့သော မြေခွေး များ နှင့် မြေခွေး ကလေး များကို ငါ တို့ဘို့ ဘမ်း ကြလော့။ ငါ တို့ စပျစ်နွယ် ပင်တို့သည် အပွင့် ပွင့်လျက်ရှိကြ၏။
16 My beloved is mine and I am his; he pastures his flock among the lilies.
၁၆ငါ ချစ် ရာသခင်ကိုငါ ဆိုင် ပေ၏။ ငါ့ ကိုလည်း သခင် ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။
17 Before the day breaks and shadows flee, turn, my beloved, and be like a gazelle or a young stag on the mountains of Bether.
၁၇မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါ ချစ် ရာသခင်၊ ဗေသာ တောင် ပေါ် မှာ သမင် ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။

< Song of Solomon 2 >