< Psalms 58 >
1 For the choirmaster. To the tune of “Do Not Destroy.” A Miktam of David. Do you indeed speak justly, O rulers? Do you judge uprightly, O sons of men?
၁အချင်းအာဏာပိုင်တို့၊သင်တို့သည်တရား သဖြင့် ဆုံးဖြတ်မှုကိုပြုကြသလော။ လူအပေါင်းတို့အားတရားမျှတစွာ စီရင်ကြသလော။
2 No, in your hearts you devise injustice; with your hands you mete out violence on the earth.
၂သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
3 The wicked are estranged from the womb; the liars go astray from birth.
၃ဒုစရိုက်သမားတို့သည်တစ်သက်လုံးအမှားကို သာလျှင်ပြုတတ်ကြ၏။ သူတို့သည်မိမိတို့မွေးကတည်းက မုသားစကားကိုပြောဆိုတတ်ကြ၏။
4 Their venom is like the venom of a snake, like a cobra that shuts its ears,
၄သူတို့သည်အဆိပ်ရှိသည့်မြွေများနှင့်တူ ကြ၏။ နားပင်းသည့်မြွေဟောက်သည်အလမ္ပာယ် ဆရာ၏ အသံကိုသော်လည်းကောင်း၊ကျင်လည်သော မျက်လှည့်ဆရာ၏မန္တန်ကိုသော်လည်းကောင်း မကြားရ။ သူတို့သည်နားပင်းသည့်မြွေဟောက်နည်းတူ မိမိတို့၏နားများကိုပိတ်ထားကြ၏။
5 refusing to hear the tune of the charmer who skillfully weaves his spell.
၅
6 O God, shatter their teeth in their mouths; O LORD, tear out the fangs of the lions.
၆အို ဘုရားသခင်၊ ဤရက်စက်ကြမ်းကြုတ်သောခြင်္သေ့၏အစွယ် များကို ချိုးတော်မူပါ။
7 May they vanish like water that runs off; when they draw the bow, may their arrows be blunted.
၇သူတို့သည်စီးဆင်းပျောက်ကွယ်သွားတတ်သည့် ရေကဲ့သို့ဖြစ်ကြပါစေသော။ လူသွားလမ်းပေါ်မှပေါင်းပင်များကဲ့သို့ ကြေမွသွားကြပါစေသော။
8 Like a slug that dissolves in its slime, like a woman’s stillborn child, may they never see the sun.
၈သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍ သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။ အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။
9 Before your pots can feel the burning thorns— whether green or dry— He will sweep them away.
၉သူတို့သည်မမျှော်လင့်သောအချိန်တွင်ချုံဖုတ် ကဲ့သို့ ခုတ်ပစ်ခြင်းကိုခံကြရ၏။ ဘုရားသခင်သည်ပြင်းစွာအမျက်ထွက်တော်မူ၍ သူတို့အားကွယ်ပျောက်သွားစေတော်မူလိမ့်မည်။
10 The righteous will rejoice when they see they are avenged; they will wash their feet in the blood of the wicked.
၁၀သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
11 Then men will say, “There is surely a reward for the righteous! There is surely a God who judges the earth!”
၁၁လူတို့က``သူတော်ကောင်းတို့သည်ဧကန်အမှန်ပင် ကောင်းကျိုးချမ်းသာခံစားကြရ၏။ ကမ္ဘာလောကကိုတရားစီရင်တော်မူသောဘုရား ဧကန်အမှန်ရှိတော်မူပေသည်'' ဟုဆိုကြလိမ့်မည်။