< Psalms 15 >
1 A Psalm of David. O LORD, who may abide in Your tent? Who may dwell on Your holy mountain?
၁အို ထာဝရဘုရား၊ အဘယ်သူသည်ကိုယ်တော်၏ဗိမာန်တော်သို့ ဝင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏သန့်ရှင်းမြင့် မြတ်သော ဇိအုန်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုနိုင်ပါမည်နည်း။
2 He who walks with integrity and practices righteousness, who speaks the truth from his heart,
၂ခပ်သိမ်းသောအမှုတို့တွင်ဘုရားသခင်၏ စကားကိုနားထောင်လျက် ဖြောင့်မှန်ရာကိုအစဉ်ပြုကျင့်တတ်သူ၊ ဟုတ်မှန်ရိုးသားစွာပြောဆိုတတ်သူ၊
3 who has no slander on his tongue, who does no harm to his neighbor, who casts no scorn on his friend,
၃သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။
4 who despises the vile but honors those who fear the LORD, who does not revise a costly oath,
၄သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။ အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။
5 who lends his money without interest and refuses a bribe against the innocent. He who does these things will never be shaken.
၅သူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။ သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။