< Psalms 142 >
1 A Maskil of David, when he was in the cave. A prayer. I cry aloud to the LORD; I lift my voice to the LORD for mercy.
၁ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။
2 I pour out my complaint before Him; I reveal my trouble to Him.
၂ရှေ့တော်၌ မြည်တမ်းသော စကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။
3 Although my spirit grows faint within me, You know my way. Along the path I travel they have hidden a snare for me.
၃အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။
4 Look to my right and see; no one attends to me. There is no refuge for me; no one cares for my soul.
၄လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ။
5 I cry to You, O LORD: “You are my refuge, my portion in the land of the living.”
၅အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။
6 Listen to my cry, for I am brought quite low. Rescue me from my pursuers, for they are too strong for me.
၆အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
7 Free my soul from prison, that I may praise Your name. The righteous will gather around me because of Your goodness to me.
၇နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည်။