< Psalms 136 >
1 Give thanks to the LORD, for He is good.
၁ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
2 Give thanks to the God of gods.
၂ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
3 Give thanks to the Lord of lords.
၃အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
4 He alone does great wonders.
၄ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော၊
5 By His insight He made the heavens.
၅ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊
6 He spread out the earth upon the waters.
၆ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊
7 He made the great lights—
၇ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
8 the sun to rule the day,
၈ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကို၎င်း၊
9 the moon and stars to govern the night.
၉ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်း တော်မူထသော၊
10 He struck down the firstborn of Egypt
၁၀ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
11 and brought Israel out from among them
၁၁ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊
12 with a mighty hand and an outstretched arm.
၁၂ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊
13 He divided the Red Sea in two
၁၃ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊
14 and led Israel through the midst,
၁၄ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
15 but swept Pharaoh and his army into the Red Sea.
၁၅ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊
16 He led His people through the wilderness.
၁၆ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
17 He struck down great kings
၁၇ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
18 and slaughtered mighty kings—
၁၈ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊
19 Sihon king of the Amorites
၁၉
20 and Og king of Bashan—
၂၀
21 and He gave their land as an inheritance,
၂၁ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
22 a heritage to His servant Israel.
၂၂ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော၊
23 He remembered us in our low estate
၂၃ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော၊
24 and freed us from our enemies.
၂၄ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော၊
25 He gives food to every creature.
၂၅ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
26 Give thanks to the God of heaven!
၂၆ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။