< Psalms 114 >
1 When Israel departed from Egypt, the house of Jacob from a people of foreign tongue,
၁ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊
2 Judah became God’s sanctuary, and Israel His dominion.
၂ယုဒအမျိုးသားတို့သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်သောလူစုတော်ဖြစ်လာကြ၏။ ဣသရေလအမျိုးသားတို့သည်ကိုယ်တော် ပိုင်တော်မူသောလူစုတော်ဖြစ်လာကြ၏။
3 The sea observed and fled; the Jordan turned back;
၃ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။
4 the mountains skipped like rams, the hills like lambs.
၄တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။
5 Why was it, O sea, that you fled, O Jordan, that you turned back,
၅အချင်းပင်လယ်၊သင်သည်အဘယ်ကြောင့် ထွက်ပြေးပါသနည်း။ အချင်းယော်ဒန်မြစ်၊သင်သည်အဘယ်ကြောင့် မစီးဘဲရပ်တန့်ပါသနည်း။
6 O mountains, that you skipped like rams, O hills, like lambs?
၆တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။
7 Tremble, O earth, at the presence of the Lord, at the presence of the God of Jacob,
၇အချင်းမြေကြီး၊ယာကုပ်၏ဘုရား၊ ထာဝရဘုရားကြွလာတော်မူချိန်၌ ရှေ့တော်တွင် တုန်လှုပ်လျက်နေလော့။
8 who turned the rock into a pool, the flint into a fountain of water!
၈ကိုယ်တော်သည်ကျောက်တောင်ကိုရေအိုင်၊ ကျောက်ဆောင်ကိုစမ်းချောင်းဖြစ်စေတော် မူ၏။