< Proverbs 8 >

1 Does not wisdom call out, and understanding raise her voice?
ဉာဏ် ပညာသည်ခေါ် ၍ မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော။
2 On the heights overlooking the road, at the crossroads she takes her stand.
မြင့် သောအရပ် ထိပ် ၌ ၎င်း၊ လမ်း ခရီးအနား ၌ ၎င်း ရပ် နေ၏။
3 Beside the gates to the city, at the entrances she cries out:
ကြီးသောတံခါးဝ ၊ မြို့ တံခါး ၊ အိမ်တံခါး ဝမှာ ကြွေးကြော် ၍၊
4 “To you, O men, I call out, and my cry is to the sons of men.
အချင်းလူ တို့၊ သင် တို့အား ငါခေါ် ၏။ လူ သားတို့ အား အသံ ကို ငါ လွှင့်၏။
5 O simple ones, learn to be shrewd; O fools, gain understanding.
ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။
6 Listen, for I speak of noble things, and the opening of my lips will reveal right.
နားထောင် ကြ။ မြတ် သောစကားကို ငါပြော မည်။ မှန် သောတရားစကားကို ငါ နှုတ်မြွက် မည်။
7 For my mouth will speak the truth, and wickedness is detestable to my lips.
ငါ့ နှုတ်ထွက် စကား သည် သမ္မာ တရားနှင့်သာ ဆိုင်၍ ၊ ငါ့ နှုတ်ခမ်း တို့သည် ဒုစရိုက် ကို စက်ဆုပ် ရွံ့ရှာ၏။
8 All the words of my mouth are righteous; none are crooked or perverse.
ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ၍ ၊ ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။
9 They are all plain to the discerning, and upright to those who find knowledge.
နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ၍ ၊ ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။
10 Receive my instruction instead of silver, and knowledge rather than pure gold.
၁၀ငွေ အရင်၊ ငါ့ နည်း ကို၎င်း၊ မြတ် သောရွှေ အရင် ၊ ပညာ အတတ်ကို၎င်း ခံယူ ကြလော့။
11 For wisdom is more precious than rubies, and nothing you desire compares with her.
၁၁အကြောင်း မူကား၊ ပညာ သည် ပတ္တမြား ထက် သာ၍မြတ် ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
12 I, wisdom, dwell together with prudence, and I find knowledge and discretion.
၁၂ငါ့ ဉာဏ် ပညာသည် သမ္မာ သတိနှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အတတ်များကို ဘော် တတ်၏။
13 To fear the LORD is to hate evil; I hate arrogant pride, evil conduct, and perverse speech.
၁၃ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
14 Counsel and sound judgment are mine; I have insight and strength.
၁၄အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ၌ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။
15 By me kings reign, and rulers enact just laws;
၁၅ငါ့ အားဖြင့် ရှင် ဘုရင်တို့သည် စိုးစံ ရသောအခွင့်၊ မင်း အရာရှိတို့သည် ဆုံးဖြတ် ရသောအခွင့်ရှိကြ ၏။
16 By me princes rule, and all nobles who govern justly.
၁၆ငါ့ အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။
17 I love those who love me, and those who seek me early shall find me.
၁၇ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။
18 With me are riches and honor, enduring wealth and righteousness.
၁၈ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
19 My fruit is better than gold, pure gold, and my harvest surpasses choice silver.
၁၉ငါ ပေးသောအကျိုး သည် ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍မြတ်၏။ ငါ ကြောင့်ရသောအခွန် ဘဏ္ဍာသည် ငွေ တော်ထက် သာ၍မြတ် ၏။
20 I walk in the way of righteousness, along the paths of justice,
၂၀ငါသည် ဖြောင့်မတ် ခြင်းလမ်း ၊ တရား သဖြင့် စီရင်ခြင်းလမ်း အလယ် ၌ ရှောက်သွား သည်ဖြစ်၍၊
21 bestowing wealth on those who love me and making their treasuries full.
၂၁ငါ့ ကိုချစ် သောသူတို့ သည် အမွေ ခံရသောအခွင့်နှင့် ၊ သူ တို့ဘဏ္ဍာ တိုက်ပြည့်ဝ စေသော အခွင့်ကို ငါပေးတတ်၏။
22 The LORD created me as His first course, before His works of old.
၂၂ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။
23 From everlasting I was established, from the beginning, before the earth began.
၂၃မြေကြီး မ ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။
24 When there were no watery depths, I was brought forth, when no springs were overflowing with water.
၂၄နက်နဲ သောပင်လယ်မ ဖြစ်၊ ရေ နှင့်ကြွယ်ဝ သော စမ်းရေ တွင်းမ ဖြစ်မှီ ငါ့ကိုဖြစ် ဘွားစေတော်မူ၏။
25 Before the mountains were settled, before the hills, I was brought forth,
၂၅တောင် ကြီးမ တည် ၊ တောင် ငယ်မဖြစ် မှီ၊
26 before He made the land or fields, or any of the dust of the earth.
၂၆မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း ၊ အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
27 I was there when He established the heavens, when He inscribed a circle on the face of the deep,
၂၇မိုဃ်းကောင်းကင် ကို ပြင် တော်မူသောအခါ ငါ ရှိ ၏။ သမုဒ္ဒရာ မျက်နှာ ကို ကန့်ကွက် သောအမှု၊
28 when He established the clouds above, when the fountains of the deep gushed forth,
၂၈အထက် မိုဃ်းတိမ် ကို တည် စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေ ပေါက်တို့ကို ခိုင်ခံ့ စေသောအမှု၊
29 when He set a boundary for the sea, so that the waters would not surpass His command, when He marked out the foundations of the earth.
၂၉သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊
30 Then I was a skilled craftsman at His side, and His delight day by day, rejoicing always in His presence.
၃၀ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံ တော်ပါးတွင် နေ ၍ ၊ အစဉ် မပြတ်မွေ့လျော် တော်မူရာ ဖြစ် ၏။ ရှေ့ တော်၌ အစဉ် မပြတ် ကစား လျက် ၊
31 I was rejoicing in His whole world, delighting together in the sons of men.
၃၁ဖန်ဆင်းတော်မူသောမြေကြီး တပြင်လုံး တွင် ရွှင်လန်း လျက် ၊ လူ သားတို့နှင့်ပေါင်းဘော်၍ ပျော်ပါး လျက် နေ၏။
32 Now therefore, my sons, listen to me, for blessed are those who keep my ways.
၃၂သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
33 Listen to instruction and be wise; do not ignore it.
၃၃ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ၍ ပညာ ရှိကြလော့။
34 Blessed is the man who listens to me, watching daily at my doors, waiting at the posts of my doorway.
၃၄ငါ့ စကားကို ကြား ၍ ငါ့ တံခါး နား မှာ နေ့ တိုင်း စောင့် လျက် ၊ တံခါး တိုင် နားမှာ မြော်လင့် လျက် နေသောသူ သည် မင်္ဂလာ ရှိ၏။
35 For whoever finds me finds life and obtains the favor of the LORD.
၃၅ငါ့ ကိုရှာ ၍ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ၏ ကျေးဇူး တော်ကိုလည်း ခံရ ၏။
36 But he who fails to find me harms himself; all who hate me love death.”
၃၆ငါ့ ကိုပြစ်မှား သော သူမူကား ၊ မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။

< Proverbs 8 >