< Proverbs 2 >

1 My son, if you accept my words and hide my commandments within you,
ငါ့ သား ၊ သင်သည်ပညာ စကားကို နားထောင် ၍၊
2 if you incline your ear to wisdom and direct your heart to understanding,
စေတနာစိတ် နှင့်ဉာဏ် ကို ရှာဖွေ သည်တိုင်အောင်၊ ငါ့ စကား ကို နာခံ ၍ ၊ ငါ့ ပညတ် တို့ကို ကိုယ် အထဲ ၌ သွင်း မိလျှင် ၎င်း၊
3 if you truly call out to insight and lift your voice to understanding,
သိပ္ပံ အတတ်ကို ခေါ် ၍ ၊ ဉာဏ် နောက်သို့ အသံ ကိုလွှင့် လျှင် ၎င်း၊
4 if you seek it like silver and search it out like hidden treasure,
ငွေ ကိုရှာတတ်သကဲ့သို့ ပညာ ကိုရှာ ၍ ၊ ဝှက်ထားသောဘဏ္ဍာ ကို စူးစမ်း တတ်သကဲ့သို့ ၊ ဉာဏ်ကို စူးစမ်းလျှင်၎င်း၊
5 then you will discern the fear of the LORD and discover the knowledge of God.
ထာဝရဘုရား ကို ကြောက် သောသဘော ၌ ကျင်လည်၍ ၊ ဘုရား သခင်ကိုသိသော ဉာဏ် နှင့် ပြည့်စုံ လိမ့်မည်။
6 For the LORD gives wisdom; from His mouth come knowledge and understanding.
အကြောင်း မူကား၊ ထာဝရဘုရား သည်ပညာ ကို ပေး တော်မူတတ်၏။ နားလည် နိုင်သော ဉာဏ် သည် နှုတ်ကပတ် တော်အားဖြင့် သာဖြစ်တတ်၏။
7 He stores up sound wisdom for the upright; He is a shield to those who walk with integrity,
ဖြောင့်မတ် သောသူတို့အဘို့ ပညာ ရတနာကိုသိုထား တော်မူ၏။ တရား သဖြင့်ကျင့် သောသူတို့ကို ကွယ်ကာ တော်မူ၏။
8 to guard the paths of justice and protect the way of His saints.
မိမိ သန့်ရှင်း သူတို့သည်တရားလမ်း ကို စောင့်ရှောက် မည်အကြောင်း ၊ သူ တို့၏လမ်းခရီး ကို လုံခြုံ စေတော်မူ၏။
9 Then you will discern righteousness and justice and equity—every good path.
ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ် စွာကျင့် ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊ လျစ်လျူ စွာ ဆုံးဖြတ်ခြင်းမှစ၍ ၊ ကောင်း သောလမ်း ရှိသမျှ တို့ကို သိ နားလည်လိမ့်မည်။
10 For wisdom will enter your heart, and knowledge will delight your soul.
၁၀ပညာ သည်သင် ၏နှလုံး ထဲသို့ ဝင် ၍ ၊ သင် သည် သိကြား ခြင်း၌ မွေ့လျော် သောအခါ၊
11 Discretion will watch over you, and understanding will guard you,
၁၁သမ္မာ သတိသည် သင့် ကို ထိန်းသိမ်း ၍၊ ဉာဏ် သည်လည်း စောင့်ရှောက် သဖြင့်၊
12 to deliver you from the way of evil, from the man who speaks perversity,
၁၂ဆိုး သောလမ်း မှ ကယ်တင် လိမ့်မည်။ ကောက် သောစကားကို ပြော တတ်သောသူ၊
13 from those who leave the straight paths to walk in the ways of darkness,
၁၃ဖြောင့်မတ် သောလမ်း ကိုစွန့် ၍၊ မိုက်မဲ သော လမ်း သို့ လိုက် သောသူ၊
14 from those who enjoy doing evil and rejoice in the twistedness of evil,
၁၄ဒုစရိုက် ၌ မွေ့လျော် ၍ အဓမ္မ လူ၏ ကောက်လိမ် ခြင်းကို အားရ နှစ်သက်သောသူ၊
15 whose paths are crooked and whose ways are devious.
၁၅ဖြောင့် သောလမ်းသို့မလိုက်၊ ကောက် သော လမ်း သို့သာ လိုက်သောသူ တို့၏လက်မှ၎င်း၊
16 It will rescue you from the forbidden woman, from the stranger with seductive words
၁၆အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့်ချော့မော့ တတ် သော ပြည်တန်ဆာ မိန်းမ၊
17 who abandons the partner of her youth and forgets the covenant of her God.
၁၇အသက် ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင် ကိုစွန့် ၍ ၊ မိမိ ဘုရား သခင်၏ ပဋိညာဉ် တရားကို မေ့လျော့ သော မိန်းမလက်မှ ၎င်း၊ သင့် ကို ကယ်တင် လိမ့်မည်။
18 For her house sinks down to death, and her tracks to the departed spirits.
၁၈ထိုမိန်းမ ၏အိမ် သည် သေ ခြင်းနှင့်၎င်း၊ သူ လိုက်သော လမ်း တို့သည် သင်္ချိုင်း သားနေရာနှင့် ၎င်း စပ်ဆိုင်သဖြင့်၊
19 None who go to her return or negotiate the paths of life.
၁၉သူ ၏အိမ်သို့ဝင် သောသူ တစုံ တယောက်မျှ မ ပြန် ရ။ အသက် လမ်း ကို မ မှီ ရ။
20 So you will follow in the ways of the good, and keep to the paths of the righteous.
၂၀သင်သည် သူတော်ကောင်း တို့၏ လမ်း သို့ ရှောက် ၍ ၊ ဖြောင့်မတ် သောသူတို့ ၏ လမ်းခရီး ထဲက မ ထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
21 For the upright will inhabit the land, and the blameless will remain in it;
၂၁ဖြောင့်မတ် သောသူတို့သည်ပြည် တော်၌နေ ၍ ၊ စုံလင် သောသူတို့ သည် နေရာ ကျကြလိမ့်မည်။
22 but the wicked will be cut off from the land, and the unfaithful will be uprooted.
၂၂အဓမ္မ လူတို့မူကား ၊ ပြည် တော်မှ ပယ်ရှင်း ခြင်း၊ လွန်ကျူး သောသူတို့ သည် နှုတ်ပစ် ခြင်းကိုခံရကြ လိမ့်မည်။

< Proverbs 2 >