< Numbers 31 >

1 And the LORD said to Moses,
တဖန် ထာဝရဘုရား က၊ မိဒျန် အမျိုးသားတို့ သည် ဣသရေလ အမျိုးသား တို့ကို ပြစ်မှား သောအပြစ် အလျောက်ဣသရေလအမျိုးသားဘက်၌ နေ၍ တရား စီရင်လော့။
2 “Take vengeance on the Midianites for the Israelites. After that, you will be gathered to your people.”
သို့ပြီးမှ သင်သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်ဟု မောရှေ အား မိန့် တော်မူ၏။
3 So Moses told the people, “Arm some of your men for war, that they may go against the Midianites and execute the LORD’s vengeance on them.
မောရှေ သည်လည်း လူ များတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက် ကို ကိုင်လျက်၊ မိဒျန် အမျိုးသားတို့သို့ စစ် ချီ ၍ ထာဝရဘုရား ဘက်၌ တရား စီရင်စေ။
4 Send into battle a thousand men from each tribe of Israel.”
ဣသရေလ အမျိုးအနွယ် တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင် စီရွေး၍ စစ်ချီ စေဟု စီရင်သည် အတိုင်း၊
5 So a thousand men were recruited from each tribe of Israel—twelve thousand armed for war.
ဣသရေလ အမျိုးသားအထောင် အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက် လက်နက် ပါသောသူ တထောင် စီ၊ လူပေါင်း တသောင်း နှစ်ထောင်ကို အပ် ၍၊
6 And Moses sent the thousand from each tribe into battle, along with Phinehas son of Eleazar the priest, who took with him the vessels of the sanctuary and the trumpets for signaling.
မောရှေ သည်ထိုသူ တို့ကို၎င်း၊ သန့်ရှင်း သော လက်နက် နှင့်တကွ ၊ မှုတ် ရာတံပိုး တို့ကို ကိုင် သော ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကို၎င်းစစ် ချီ စေ၏။
7 Then they waged war against Midian, as the LORD had commanded Moses, and they killed every male.
မောရှေ အား ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ ထိုသူတို့သည် မိဒျန် အမျိုးသားတို့ကို တိုက် ၍ လူယောက်ျား အပေါင်း တို့ကိုသတ် ကြ၏။
8 Among the slain were Evi, Rekem, Zur, Hur, and Reba—the five kings of Midian. They also killed Balaam son of Beor with the sword.
အသေ သတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တည်းဟူသောမိဒျန် မင်းကြီး ငါး ပါးပါကြ၏။ ဗောရ သား ဗာလမ် ကိုလည်း ထား နှင့် သတ် ကြ၏။
9 The Israelites captured the Midianite women and their children, and they plundered all their herds, flocks, and goods.
ဣသရေလ အမျိုးသား တို့သည်၊ မိဒျန် မိန်းမ များ၊ သူငယ် များတို့ကို လက်ရ သိမ်းယူ၍ ၊ သိုး ၊ ဆိတ်၊ နွား အစရှိသော ဥစ္စာ အလုံးစုံ တို့ကို လုယူ ကြ၏။
10 Then they burned all the cities where the Midianites had lived, as well as all their encampments,
၁၀မိဒျန်အမျိုးသားတို့ နေသောမြို့ ရွာရှိသမျှ တို့ကို မီး ရှို့ ကြ၏။
11 and carried away all the plunder and spoils, both people and animals.
၁၁ဘမ်းရသောလူ ၊ တိရစ္ဆာန် နှင့်တကွ၊ လက်ရ ဥစ္စာ အလုံးစုံ တို့ကို သိမ်း သွား၍ ၊
12 They brought the captives, spoils, and plunder to Moses, to Eleazar the priest, and to the congregation of Israel at the camp on the plains of Moab, by the Jordan across from Jericho.
၁၂မောဘ လွင်ပြင် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက်၌ တပ်ချ လျက်နေသောမောရှေ ၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ ဣသရေလ အမျိုးသား ပရိသတ် တို့ထံသို့ ဆောင် ခဲ့ကြ၏။
13 And Moses, Eleazar the priest, and all the leaders of the congregation went to meet them outside the camp.
၁၃မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ မှစ၍ ပရိသတ် တို့၌ မင်း အပေါင်း တို့သည် ကြိုဆို ခြင်းငှာ တပ် ပြင် သို့ ထွက်သွား ကြ၏။
14 But Moses was angry with the officers of the army—the commanders of thousands and commanders of hundreds—who were returning from the battle.
၁၄မောရှေ သည် စစ်တိုက် ရာမှ ပြန်လာ သောတပ်မှူး များ၊ ဗိုလ် မင်း များတို့ကို အမျက် ထွက်၍၊
15 “Have you spared all the women?” he asked them.
၁၅သင်တို့သည် မိန်းမ အပေါင်း တို့ကို အဘယ်ကြောင့်အသက်ရှင် စေကြသနည်း။
16 “Look, these women caused the sons of Israel, through the counsel of Balaam, to turn unfaithfully against the LORD at Peor, so that the plague struck the congregation of the LORD.
၁၆ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။
17 So now, kill all the boys, as well as every woman who has had relations with a man,
၁၇ထိုကြောင့် ၊ သူငယ် ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့် ဆက်ဆံ ဘူးသော မိန်းမ အပေါင်း ကို၎င်း၊ သတ် ကြလော့။
18 but spare for yourselves every girl who has never had relations with a man.
၁၈ယောက်ျား နှင့် မ ဆက်ဆံ ဘူးသော မိန်းမငယ် အပေါင်း တို့ကို၊ မိမိ တို့အဘို့ အသက် ချမ်းသာပေးကြလော့။
19 All of you who have killed a person or touched the dead are to remain outside the camp for seven days. On the third day and the seventh day you are to purify both yourselves and your captives.
၁၉သင် တို့သည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေ ရကြမည်။ လူကို သတ် သောသူ၊ အသေကောင် ကို ထိ သောသူ အပေါင်း တို့ ကိုယ်ကို၎င်း၊ သိမ်းယူ သောသူတို့ ကို၎င်း၊ တတိယ နေ့ ၊ သတ္တမ နေ့ ၌ စင်ကြယ် စေ ကြလော့။
20 And purify every garment and leather good, everything made of goat’s hair, and every article of wood.”
၂၀သင်တို့အဝတ် နှင့် သားရေ တန်ဆာ ရှိသမျှ ၊ ဆိတ်မွေး ဖြင့် ရက်သောအရာ ၊ သစ်သား ဖြင့် လုပ်သောအရာ ရှိသမျှ တို့ ကို စင်ကြယ် စေကြလော့ဟု မှာထား လေ၏။
21 Then Eleazar the priest said to the soldiers who had gone into battle, “This is the statute of the law which the LORD has commanded Moses:
၂၁ယဇ်ပုရောဟိတ် ဧလာဇာ သည်လည်း ၊ စစ်တိုက် သွား သော စစ်သူရဲ တို့ကိုခေါ်၍၊ မောရှေ ၌ ထာဝရဘုရား ထား တော်မူသော ပညတ် တရား ဟူမူကား၊
22 Only the gold, silver, bronze, iron, tin, and lead—
၂၂ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကြေးဖြူ ၊ ခဲ အစရှိသော၊
23 everything that can withstand the fire—must be put through the fire, and it will be clean. But it must still be purified with the water of purification. And everything that cannot withstand the fire must pass through the water.
၂၃မီး ကိုခံနိုင် သော အရာ ရှိသမျှ တို့ကို မီး အလယ် ၌ သွား စေ သဖြင့် စင်ကြယ် စေရမည်။ သို့ရာတွင် စင်ကြယ် စေသောရေ ဖြင့် လည်း စင်ကြယ် စေရမည်။ မီး မ ခံနိုင် သော အရာရှိသမျှ တို့ ကို ရေ အလယ် ၌ သွား စေရမည်။
24 On the seventh day you are to wash your clothes, and you will be clean. After that you may enter the camp.”
၂၄သတ္တမ နေ့ ၌ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ စင်ကြယ် ခြင်းရှိ၍ ၊ တပ် ထဲသို့ ဝင် ရကြမည်ဟု မှာထား လေ၏။
25 The LORD said to Moses,
၂၅ထာဝရဘုရား ကလည်း ၊ သင် နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊
26 “You and Eleazar the priest and the family heads of the congregation are to take a count of what was captured, both of man and beast.
၂၆ပရိသတ် အဆွေအမျိုး သူကြီး တို့သည်၊ ယခု လက်ရ သိမ်းယူ ခဲ့သော ဥစ္စာ၊ လူ ၊ တိရစ္ဆာန် အပေါင်းတို့ကို ယူ ၍ ၊
27 Then divide the captives between the troops who went out to battle and the rest of the congregation.
၂၇ထက်ဝက် ခွဲပြီးလျှင်တဝက်ကို စစ်မှုထမ်း ၍ အတိုက် သွားသောသူတို့ အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်း တို့အား၎င်း ပေးဝေလော့။
28 Set aside a tribute for the LORD from what belongs to the soldiers who went into battle: one out of every five hundred, whether persons, cattle, donkeys, or sheep.
၂၈စစ်တိုက် သွား သော စစ်သူရဲ တို့သည်၊ ထာဝရဘုရား အား ပေး ရသောအခွန် ကို ခွဲ ၍ လူ ၊ နွား ၊ မြည်း ၊ သိုး အကောင်ငါး ရာ တွင် တ ကောင်ကို ကောက်ယူပြီးလျှင်၊
29 Take it from their half and give it to Eleazar the priest as an offering to the LORD.
၂၉သူ တို့ခံရသောထက်ဝက် အဘို့ထဲက နှုတ်၍၊ ထာဝရဘုရား ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာယဇ်ပုရောဟိတ် ဧလာဇာ အား ပေး ရမည်။
30 From the Israelites’ half, take one out of every fifty, whether persons, cattle, donkeys, sheep, or other animals, and give them to the Levites who keep charge of the tabernacle of the LORD.”
၃၀ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ထဲက လည်း လူ ၊ နွား ၊ မြည်း ၊ သိုး အစရှိသော တိရစ္ဆာန် မျိုး အကောင်ငါးဆယ် တို့တွင် တ ကောင်ကို ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ရမည်ဟု၊
31 So Moses and Eleazar the priest did as the LORD had commanded Moses,
၃၁မောရှေ အား ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့ သည် ပြု လေ၏။
32 and this plunder remained from the spoils the soldiers had taken: 675,000 sheep,
၃၂စစ်သူရဲ တို့သည် လက်ရ သိမ်းယူ ခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား၊ သိုး ခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊
33 72,000 cattle,
၃၃နွား ခုနစ်သောင်း နှစ်ထောင်၊
34 61,000 donkeys,
၃၄မြည်း ခြောက်သောင်း တထောင်၊
35 and 32,000 women who had not slept with a man.
၃၅ယောက်ျား နှင့် မ ဆက်ဆံ ဘူးသောမိန်းမ သုံးသောင်း ခုနစ်ထောင်ရှိသတည်း။
36 This was the half portion for those who had gone to war: 337,500 sheep,
၃၆စစ်တိုက် သွား သောသူတို့ ခံရသောထက်ဝက် အဘို့ ကား၊ သိုး သုံးသိန်း သုံးသောင်း ခုနစ်ထောင် ငါးရာ ရှိသည်ဖြစ်၍၊
37 including a tribute to the LORD of 675,
၃၇ထာဝရဘုရား ခံရသောအခွန် ကား၊ သိုး ခြောက်ရာ ခုနစ်ဆယ်ငါးကောင်တည်း။
38 36,000 cattle, including a tribute to the LORD of 72,
၃၈နွား သုံးသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ နွားခုနစ်ဆယ် ခုနစ် ကောင်တည်း။
39 30,500 donkeys, including a tribute to the LORD of 61,
၃၉မြည်း သုံးသောင်း ငါးရာရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ မြည်းခြောက်ဆယ် တ ကောင်တည်း။
40 and 16,000 people, including a tribute to the LORD of 32.
၄၀လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ လူ သုံးဆယ် နှစ် ယောက်တည်း။
41 Moses gave the tribute to Eleazar the priest as an offering for the LORD, as the LORD had commanded Moses.
၄၁ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာအခွန် ကို ယဇ်ပုရောဟိတ် ဧလာဇာ အား အပ် ပေးလေ၏။
42 From the Israelites’ half, which Moses had set apart from the men who had gone to war,
၄၂တဖန် စစ်တိုက် သောသူတို့လက်မှ မောရှေ ယူ ၍၊ ဣသရေလ အမျိုးသား၊
43 this half belonged to the congregation: 337,500 sheep,
၄၃ပရိသတ် တို့ခံရသောထက်ဝက် အဘို့ကား၊ သိုး သုံးသိန်း သုံးသောင်းခုနစ်ထောင်ငါးရာ၊
44 36,000 cattle,
၄၄နွား သုံးသောင်း ခြောက်ထောင်၊
45 30,500 donkeys,
၄၅မြည်း သုံးသောင်း ငါးရာ၊
46 and 16,000 people.
၄၆လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍ ၊
47 From the Israelites’ half, Moses took one out of every fifty persons and animals and gave them to the Levites who kept charge of the tabernacle of the LORD, as the LORD had commanded him.
၄၇ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ လူ ၊ တိရစ္ဆာန် အကောင်ငါးဆယ် တို့တွင် တ ကောင်ကို မောရှေ ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ၏။ ထိုသို့ ထာဝရဘုရား မှာထား တော်မူ၏။
48 Then the officers who were over the units of the army—the commanders of thousands and of hundreds—approached Moses
၄၈လူတရာ ၊ တထောင် ကိုအုပ်သော တပ်မှူး များ၊ ဗိုလ် များတို့သည်လည်း ၊ မောရှေ ထံသို့ ချဉ်းကပ် ၍ ၊
49 and said, “Your servants have counted the soldiers under our command, and not one of us is missing.
၄၉ကိုယ်တော် ကျွန် တို့သည် အုပ်သောစစ်သူရဲ တို့ ကို စာရင်း ယူပြန်၍၊ လူတယောက်မျှ မ လျော့ ပါ။
50 So we have brought to the LORD an offering of the gold articles each man acquired—armlets, bracelets, rings, earrings, and necklaces—to make atonement for ourselves before the LORD.”
၅၀ထိုကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသက် အဘိုးကို ဖြေ ဘို့ ရာ လူ အသီးအသီးရ သော ရွှေ တန်ဆာ ၊ လည်ဆွဲ ၊ လက်ကောက် ၊ လက်စွပ် ၊ နားတောင်း ၊ နှာခေါင်းဆွဲ ဘူးတို့ကို ထာဝရဘုရား အား ပူဇော် လျက် ဆောင် ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
51 So Moses and Eleazar the priest received from them all the articles made out of gold.
၅၁မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ ထိုရွှေ တည်းဟူသောလုပ် ပြီးသောတန်ဆာ ရှိသမျှ တို့ကိုခံယူ ကြ၏။
52 All the gold that the commanders of thousands and of hundreds presented as an offering to the LORD weighed 16,750 shekels.
၅၂ထိုသို့ စစ်သူရဲ အသီးအသီး တို့သည် မိမိ တို့အဘို့ သိမ်းယူ ၍၊
53 Each of the soldiers had taken plunder for himself.
၅၃တပ်မှူး များ၊ ဗိုလ် များတို့သည် ထာဝရဘုရား အား ပူဇော် သော ရွှေ ချိန်ပေါင်း ကား၊ တရာ ခြောက်ဆယ်ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။
54 And Moses and Eleazar the priest received the gold from the commanders of thousands and of hundreds and brought it into the Tent of Meeting as a memorial for the Israelites before the LORD.
၅၄တပ်မှူး များ၊ ဗိုလ်များ ပူဇော်သောရွှေ ကို မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်ယူ ၍၊ ဣသရေလ အမျိုးသား တို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေး ရာတဲ တော်၌ သွင်းထား ကြ၏။

< Numbers 31 >