< Numbers 18 >

1 So the LORD said to Aaron, “You and your sons and your father’s house must bear the iniquity involving the sanctuary. And you and your sons alone must bear the iniquity involving your priesthood.
တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ သင် နှင့် သင် ၏သား မြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင် တို့ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ် ကိုခံရ ကြမည်။
2 But bring with you also your brothers from the tribe of Levi, the tribe of your father, that they may join you and assist you and your sons before the Tent of the Testimony.
သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
3 And they shall attend to your duties and to all the duties of the Tent; but they must not come near to the furnishings of the sanctuary or the altar, or both they and you will die.
လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။
4 They are to join you and attend to the duties of the Tent of Meeting, doing all the work at the Tent; but no outsider may come near you.
သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။
5 And you shall attend to the duties of the sanctuary and of the altar, so that wrath may not fall on the Israelites again.
နောက် တဖန် အမျက် တော်ထွက်၍ ဣသရေလ အမျိုးသား တို့အပေါ် သို့ မ ရောက် မည်အကြောင်း ၊ သင်တို့သည် သန့်ရှင်း ရာဌာနတော်နှင့် ယဇ်ပလ္လင် ကို စောင့် ရကြမည်။
6 Behold, I Myself have selected your fellow Levites from the Israelites as a gift to you, dedicated to the LORD to perform the service for the Tent of Meeting.
ထိုသို့ သင် တို့၏ ညီအစ်ကို လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ထဲက ရွေးယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ထမ်း စေခြင်းငှါ ၊ ထာဝရဘုရား အား ပြု သောပူဇော်သက္ကာ ကဲ့သို့သင် တို့အား ငါပေး၏။
7 But only you and your sons shall attend to your priesthood for everything concerning the altar and what is inside the veil, and you are to perform that service. I am giving you the work of the priesthood as a gift, but any outsider who comes near the sanctuary must be put to death.”
ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
8 Then the LORD said to Aaron, “Behold, I have put you in charge of My offerings. As for all the sacred offerings of the Israelites, I have given them to you and your sons as a portion and a permanent statute.
တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။
9 A portion of the most holy offerings reserved from the fire will be yours. From all the offerings they render to Me as most holy offerings, whether grain offerings or sin offerings or guilt offerings, that part belongs to you and your sons.
မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။
10 You are to eat it as a most holy offering, and every male may eat it. You shall regard it as holy.
၁၀သန့်ရှင်း ရာဌာန၌ စား ရမည်။ ယောက်ျား အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။ သင် တို့အဘို့ သန့်ရှင်း ပေ၏။
11 And this is yours as well: the offering of their gifts, along with all the wave offerings of the Israelites. I have given this to you and your sons and daughters as a permanent statute. Every ceremonially clean person in your household may eat it.
၁၁ထိုမှတပါး ဣသရေလ အမျိုးသား တို့ ပူဇော်သော ချီမြှောက် ရာ ပူဇော်သက္ကာ၊ ချီလွှဲ ရာ ပူဇော်သက္ကာတို့ကို၊ သင် နှင့် သင် ၏သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့်ငါပေး ပြီ။ သင့် အိမ် ၌ သန့်ရှင်း သောသူ အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။
12 I give you all the freshest olive oil and all the finest new wine and grain that the Israelites give to the LORD as their firstfruits.
၁၂ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
13 The firstfruits of everything in their land that they bring to the LORD will belong to you. Every ceremonially clean person in your household may eat them.
၁၃ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင် ဆိုင် ရ မည်။ သင့် အိမ် ၌ သန့်ရှင်း သော သူအပေါင်း တို့သည် စား ရသောအခွင့် ရှိ၏။
14 Every devoted thing in Israel belongs to you.
၁၄ဣသရေလ အမျိုး၌ ကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သင် ဆိုင် ရ မည်။
15 The firstborn of every womb, whether man or beast, that is offered to the LORD belongs to you. But you must surely redeem every firstborn son and every firstborn male of unclean animals.
၁၅အဦး ဘွားသောသား၊ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ တို့ကို သင် ဆိုင် ရ မည်။ သို့ရာတွင် လူ ၏သားဦး နှင့် မ စင်ကြယ်သော တိရစ္ဆာန် ၏သားဦး ကို အမှန်ရွေး ရမည်။
16 You are to pay the redemption price for a month-old male according to your valuation: five shekels of silver, according to the sanctuary shekel, which is twenty gerahs.
၁၆ရွေး ရသောသား တို့ကို အသက်တလ လွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရ နှစ်ဆယ် နှင့်မျှသော အကျပ် တော်အလိုက် ငွေ ငါး ကျပ် နှင့် ရွေး ရမည်။
17 But you must not redeem the firstborn of an ox, a sheep, or a goat; they are holy. You are to sprinkle their blood on the altar and burn their fat as an offering made by fire, a pleasing aroma to the LORD.
၁၇နွား သားဦး ၊ သိုး သားဦး ၊ ဆိတ် သားဦး သည် သန့်ရှင်း သောကြောင့်မ ရွေး ရ။ သူ ၏အသွေး ကို ယဇ်ပလ္လင် ပေါ်မှာ ဖြန်း ရမည်။ ဆီဥ ကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေ၍၊ မီး ဖြင့် ပူဇော်သက္ကာပြုရမည်။
18 And their meat belongs to you, just as the breast and right thigh of the wave offering belong to you.
၁၈အသား မူကား ချီလွှဲ ရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာ ပခုံး ကဲ့သို့ သင့် အဘို့ ဖြစ် ရမည်။
19 All the holy offerings that the Israelites present to the LORD I give to you and to your sons and daughters as a permanent statute. It is a permanent covenant of salt before the LORD for you and your offspring.”
၁၉ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ထာဝရဘုရား အား ဆောင် ခဲ့သော ပူဇော်သက္ကာ ရှိသမျှ တို့ကို သင် နှင့် သင် ၏ သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့် ငါပေး ပြီ။ သင် အစရှိသောသင် ၏အမျိုးအနွယ် နှင့်ဆို၍ ထာဝရဘုရား ရှေ့ တော်၌ ဆား နှင့်ယှဉ် သော ထာဝရ ပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
20 Then the LORD said to Aaron, “You will have no inheritance in their land, nor will you have any portion among them. I am your portion and your inheritance among the Israelites.
၂၀တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ နေရာပြည် ၌ သင့်အမွေ ခံရာမြေ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မ ရှိ ရ။ ငါ သည်ကား သူ တို့တွင် သင် ပိုင်သောအဘို့ သင့် အမွေ ဥစ္စာဖြစ်၏။
21 Behold, I have given to the Levites all the tithes in Israel as an inheritance in return for the work they do, the service of the Tent of Meeting.
၂၁လေဝိ သား တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် သောကြောင့်၊ သူ တို့အမွေခံ စရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို ငါပေး ပြီ။
22 No longer may the Israelites come near to the Tent of Meeting, or they will incur guilt and die.
၂၂ယခုမှစ၍ဣသရေလ အမျိုးသား တို့သည် ကိုယ်အပြစ် ကိုခံ ၍ သေ ဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်အနီးအပါးသို့ မ ချဉ်း မကပ် ရကြ။
23 The Levites are to perform the work of the Tent of Meeting, and they must bear their iniquity. This is a permanent statute for the generations to come. The Levites will not receive an inheritance among the Israelites.
၂၃လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
24 For I have given to the Levites as their inheritance the tithe that the Israelites present to the LORD as a contribution. That is why I told them that they would not receive an inheritance among the Israelites.”
၂၄ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ ကို၊ လေဝိ သားအမွေ ခံစရာဘို့ ငါပေး ပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ဟု ငါ့အမိန့် တော်ရှိ၏။
25 And the LORD instructed Moses,
၂၅တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် လေဝိ သားတို့အား ဆင့်ဆို ရမည်မှာ၊
26 “Speak to the Levites and tell them: ‘When you receive from the Israelites the tithe that I have given you as your inheritance, you must present part of it as an offering to the LORD—a tithe of the tithe.
၂၆သင် တို့အမွေခံ စရာ ငါပေး သော ဣသရေလ အမျိုးသား တို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ် ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
27 Your offering will be reckoned to you as grain from the threshing floor or juice from the winepress.
၂၇ထိုပူဇော်သက္ကာ ကို၊ ကောက်နယ် တလင်းထဲက ယူသော ဆန် စပါးကဲ့သို့ ၎င်း ၊ စပျစ်သီး နယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎င်း၊ သင် တို့အဘို့ မှတ် ရ လိမ့်မည်။
28 So you are to present an offering to the LORD from all the tithes you receive from the Israelites, and from these you are to give the LORD’s offering to Aaron the priest.
၂၈ထိုသို့ သင်တို့သည် ဣသရေလ အမျိုးသား တို့မှ ခံယူ သော ဆယ်ဘို့တဘို့ ထဲက ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန် အား လှူ ရကြမည်။
29 You must present the offering due the LORD from all the best of every gift, the holiest part of it.’
၂၉သင် တို့ခံရသမျှ သော အလှူ တို့အထဲ က အကောင်းဆုံး သောအဘို့ သန့်ရှင်း သောအဘို့ကို နှုတ်ယူ၍ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
30 Therefore say to the Levites, ‘When you have presented the best part, it will be reckoned to you as the produce of the threshing floor or winepress.
၃၀သို့ဖြစ်၍ သူ တို့အား ဆင့်ဆို ရမည်မှာ၊ လေဝိ သား တို့သည် အကောင်းဆုံး သောအဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ် တလင်း၏ ကျေးဇူး ၊ စပျစ်သီး နယ်ရာကျင်း၏ ကျေးဇူး ကဲ့သို့ မိမိတို့အဘို့ မှတ် ရ လိမ့်မည်။
31 And you and your households may eat the rest of it anywhere; it is the compensation for your work at the Tent of Meeting.
၃၁ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စား ရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေး ရာတဲ တော်၌ အမှု စောင့် သောအတွက် ငါချသောဆု ဖြစ်၏။
32 Once you have presented the best part of it, you will not incur guilt because of it. But you must not defile the sacred offerings of the Israelites, or else you will die.’”
၃၂အကောင်းဆုံး သော အဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့်အပြစ် ရောက် စရာအကြောင်းမ ရှိ။ သေ ဘေးနှင့် မ တွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာတို့ကို မ ညစ်ညူး စေ ရဟု မိန့် တော်မူ၏။

< Numbers 18 >