< Nehemiah 7 >
1 When the wall had been rebuilt and I had set the doors in place, the gatekeepers, singers, and Levites were appointed.
၁ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-
2 Then I put my brother Hanani in charge of Jerusalem, along with Hananiah the commander of the fortress, because he was a faithful man who feared God more than most.
၂ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။-
3 And I told them, “Do not open the gates of Jerusalem until the sun is hot. While the guards are on duty, keep the doors shut and securely fastened. And appoint the residents of Jerusalem as guards, some at their posts and some at their own homes.”
၃ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
4 Now the city was large and spacious, but there were few people in it, and the houses had not yet been rebuilt.
၄ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။-
5 Then my God put it into my heart to assemble the nobles, the officials, and the people to be enrolled by genealogy. I found the genealogical register of those who had first returned, and I found the following written in it:
၅ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
6 These are the people of the province who came up from the captivity of the exiles carried away to Babylon by Nebuchadnezzar its king. They returned to Jerusalem and Judah, each to his own town,
၆ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။-
7 accompanied by Zerubbabel, Jeshua, Nehemiah, Azariah, Raamiah, Nahamani, Mordecai, Bilshan, Mispereth, Bigvai, Nehum, and Baanah. This is the count of the men of Israel:
၇သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံနှင့်ဗာနာတို့ဖြစ်သည်။
8 the descendants of Parosh, 2,172;
၈ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူလူဦးရေစာရင်းမှာသားချင်းစုအလိုက်အောက်ပါအတိုင်းဖြစ်၏။ သားချင်းစု ဦးရေ ပါရုတ် ၂၁၇၂ ရှေဖတိ ၃၇၂ အာရာ ၆၅၂ ပါဟတ်မောဘ (ယောရှုနှင့်ယွာဘတို့၏ သားမြေးများ) ၂၈၁၈ ဧလံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေဗဲ ၆၂၈ အာဇဂဒ် ၂၃၂၂ အဒေါနိကံ ၆၆၇ ဗိဂဝဲ ၂၀၆၇ အာဒိန် ၆၅၅ (ဟေဇကိဟုလည်းနာမည်တွင်သော) အာတာဦးရေ ၉၈ ဟာရှုံ ၃၂၈ ဗေဇဲ ၃၂၄ ဟာရိပ် ၁၁၂ ဂိဗောင် ၉၅
9 the descendants of Shephatiah, 372;
၉
10 the descendants of Arah, 652;
၁၀
11 the descendants of Pahath-moab (through the line of Jeshua and Joab), 2,818;
၁၁
12 the descendants of Elam, 1,254;
၁၂
13 the descendants of Zattu, 845;
၁၃
14 the descendants of Zaccai, 760;
၁၄
15 the descendants of Binnui, 648;
၁၅
16 the descendants of Bebai, 628;
၁၆
17 the descendants of Azgad, 2,322;
၁၇
18 the descendants of Adonikam, 667;
၁၈
19 the descendants of Bigvai, 2,067;
၁၉
20 the descendants of Adin, 655;
၂၀
21 the descendants of Ater (through Hezekiah), 98;
၂၁
22 the descendants of Hashum, 328;
၂၂
23 the descendants of Bezai, 324;
၂၃
24 the descendants of Hariph, 112;
၂၄
25 the descendants of Gibeon, 95;
၂၅
26 the men of Bethlehem and Netophah, 188;
၂၆အောက်ဖော်ပြပါမြို့တို့တွင်နေထိုင်ခဲ့သူဘိုးဘေးများမှ ဆင်းသက်ပေါက်ဖွားလာသောသူများသည်လည်းပြန်လာကြလေသည်။ ဗက်လင်မြို့နှင့်နေတောဖမြို့ ၁၈၈ အာနသုတ်မြို့ ၁၂၈ ဗေသာဇမာဝက်မြို့ ၄၂ ကိရယက်ယာရိမ်မြို့၊ခေဖိရမြို့နှင့် ဗေရုတ်မြို့ ၇၄၃ ရာမမြို့နှင့်ဂါဗမြို့ ၆၂၁ မိတ်မတ်မြို့ ၁၂၂ ဗေသလနှင့်အာဣမြို့ ၁၂၃ အခြားနေဗောမြို့ ၅၂ အခြားဧလံမြို့ ၁၂၅၄ ဟာရိမ်မြို့ ၃၂၀ ယေရိခေါမြို့ ၃၄၅ လောဒမြို့၊ ဟာဒိဒ်မြို့နှင့်သြနောမြို့ ၇၂၁ သေနာမြို့ ၃၉၃၀
27 the men of Anathoth, 128;
၂၇
28 the men of Beth-azmaveth, 42;
၂၈
29 the men of Kiriath-jearim, Chephirah, and Beeroth, 743;
၂၉
30 the men of Ramah and Geba, 621;
၃၀
31 the men of Michmash, 122;
၃၁
32 the men of Bethel and Ai, 123;
၃၂
33 the men of the other Nebo, 52;
၃၃
34 the descendants of the other Elam, 1,254;
၃၄
35 the descendants of Harim, 320;
၃၅
36 the men of Jericho, 345;
၃၆
37 the men of Lod, Hadid, and Ono, 721;
၃၇
38 and the descendants of Senaah, 3,930.
၃၈
39 The priests: the descendants of Jedaiah (through the house of Jeshua), 973;
၃၉ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူယဇ်ပုရောဟိတ်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယေဒါယ (ယောရှု၏သားမြေးများ) ၉၇၃ ဣမေရ ၁၀၅၂ ပါရှုရ ၁၂၄၇ ဟာရိမ် ၁၀၁၇
40 the descendants of Immer, 1,052;
၄၀
41 the descendants of Pashhur, 1,247;
၄၁
42 and the descendants of Harim, 1,017.
၄၂
43 The Levites: the descendants of Jeshua (through Kadmiel, through the line of Hodevah ), 74.
၄၃ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏ သားမြေးများ) ၇၄ ဗိမာန်တော်ဂီတပညာသည်များ (အာသပ်၏သားမြေးများ) ၁၄၈ ဗိမာန်တော်အစောင့်တပ်သားများ (ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၈
44 The singers: the descendants of Asaph, 148.
၄၄
45 The gatekeepers: the descendants of Shallum, the descendants of Ater, the descendants of Talmon, the descendants of Akkub, the descendants of Hatita, and the descendants of Shobai, 138 in all.
၄၅
46 The temple servants: the descendants of Ziha, the descendants of Hasupha, the descendants of Tabbaoth,
၄၆ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယ၊ပါဒုန်၊ လေဗန၊ဟာဂဗ၊ရှာလမဲ၊ ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ ရာယ၊ရေဇိန်၊နေကောဒ၊ ဂဇ္ဇမ်၊သြဇ၊ပါသာ၊ ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊ ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊ ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊ ဗာရကုတ်၊သိသရ၊တာမ၊ နေဇိနှင့်ဟတိဖ။
47 the descendants of Keros, the descendants of Sia, the descendants of Padon,
၄၇
48 the descendants of Lebanah, the descendants of Hagabah, the descendants of Shalmai,
၄၈
49 the descendants of Hanan, the descendants of Giddel, the descendants of Gahar,
၄၉
50 the descendants of Reaiah, the descendants of Rezin, the descendants of Nekoda,
၅၀
51 the descendants of Gazzam, the descendants of Uzza, the descendants of Paseah,
၅၁
52 the descendants of Besai, the descendants of Meunim, the descendants of Nephushesim,
၅၂
53 the descendants of Bakbuk, the descendants of Hakupha, the descendants of Harhur,
၅၃
54 the descendants of Bazlith, the descendants of Mehida, the descendants of Harsha,
၅၄
55 the descendants of Barkos, the descendants of Sisera, the descendants of Temah,
၅၅
56 the descendants of Neziah, and the descendants of Hatipha.
၅၆
57 The descendants of the servants of Solomon: the descendants of Sotai, the descendants of Sophereth, the descendants of Perida,
၅၇ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ သောတဲ၊သောဖရက်၊ပေရိဒ၊ ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ ဇေဗိမ်နှင့်အာမုန်။
58 the descendants of Jaala, the descendants of Darkon, the descendants of Giddel,
၅၈
59 the descendants of Shephatiah, the descendants of Hattil, the descendants of Pochereth-hazzebaim, and the descendants of Amon.
၅၉
60 The temple servants and descendants of the servants of Solomon numbered 392 in all.
၆၀ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
61 The following came up from Tel-melah, Tel-harsha, Cherub, Addon, and Immer, but could not prove that their families were descended from Israel:
၆၁တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
62 the descendants of Delaiah, the descendants of Tobiah, and the descendants of Nekoda, 642 in all.
၆၂
63 And from among the priests: the descendants of Hobaiah, the descendants of Hakkoz, and the descendants of Barzillai (who had married a daughter of Barzillai the Gileadite and was called by their name).
၆၃အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။-
64 These men searched for their family records, but they could not find them and so were excluded from the priesthood as unclean.
၆၄
65 The governor ordered them not to eat the most holy things until there was a priest to consult the Urim and Thummim.
၆၅ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။
66 The whole assembly numbered 42,360,
၆၆ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူ စုစုပေါင်းဦးရေ ၄၂၃၆၀
67 in addition to their 7,337 menservants and maidservants, as well as their 245 male and female singers.
၆၇ack သူတို့၏အစေခံယောကျာ်း မိန်းမ ၇၃၃၇ အမျိုးသားအမျိုးသမီး ဂီတပညာသည်များ ၂၄၅ မြင်း ၇၃၆ ကောင် လား ၂၄၅ ကောင် ကုလားအုတ် ၄၃၅ ကောင် မြည်း ၆၇၂၀ ကောင်
68 They had 736 horses, 245 mules,
၆၈
69 435 camels, and 6,720 donkeys.
၆၉
70 Some of the heads of the families contributed to the project. The governor gave to the treasury 1,000 darics of gold, 50 bowls, and 530 priestly garments.
၇၀ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀ ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသည့်အင်တုံ ၅၀ ယဇ်ပုရောဟိတ်ဝတ်စုံ ၅၃၀ သားချင်းစုခေါင်းဆောင်များ ရွှေ ၃၃၇ပေါင် ငွေ ၃၂၁၅ပေါင် ကျန်ပြည်သူများရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်ပုရောဟိတ်ဝတ်စုံ ၆၇
71 And some of the heads of the families gave to the treasury for the project 20,000 darics of gold and 2,200 minas of silver.
၇၁
72 The rest of the people gave a total of 20,000 darics of gold, 2,000 minas of silver, and 67 priestly garments.
၇၂
73 So the priests, Levites, gatekeepers, singers, and temple servants, along with some of the people and the rest of the Israelites, settled in their own towns. And by the seventh month the Israelites had settled in their towns.
၇၃ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဂီတပညာသည်များ၊ သာမန်ပြည်သူအမြောက်အမြား၊ ဗိမာန်တော်အလုပ်သမားများအစရှိသောဣသရေလအမျိုးသားအပေါင်းတို့သည်ယုဒမြို့ရွာများတွင်အတည်တကျနေထိုင်ကြလေသည်။