< Micah 4 >
1 In the last days the mountain of the house of the LORD will be established as the chief of the mountains; it will be raised above the hills, and the peoples will stream to it.
၁နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော် တည်သော တောင် သည် တောင် ကြီး တောင်ငယ်တို့၏ ထိပ် ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်းသော လူစု တို့သည် ထိုတောင် သို့ စည်းဝေး ကြ လိမ့်မည်။
2 And many nations will come and say: “Come, let us go up to the mountain of the LORD, to the house of the God of Jacob. He will teach us His ways, so that we may walk in His paths.” For the law will go forth from Zion and the word of the LORD from Jerusalem.
၂များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။
3 Then He will judge between many peoples and arbitrate for strong nations far and wide. Then they will beat their swords into plowshares and their spears into pruning hooks. Nation will no longer take up the sword against nation, nor will they train anymore for war.
၃ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။
4 And each man will sit under his own vine and under his own fig tree, with no one to frighten him. For the mouth of the LORD of Hosts has spoken.
၄လူ အပေါင်းတို့သည် ကိုယ် ပိုင်သော စပျစ် ပင်၊ ကိုယ် ပိုင်သော သင်္ဘောသဖန်း ပင်အောက် မှာ ထိုင် ကြ လိမ့်မည်။ ကြောက် စေသော သူတယောက် မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ် တော် ထွက်အမိန့် တော်ရှိ၏။
5 Though each of the peoples may walk in the name of his god, yet we will walk in the name of the LORD our God forever and ever.
၅လူမျိုး အပေါင်း တို့သည် ကိုယ် ဆိုင်သော ဘုရား ၏နာမ ကို ခိုလှုံလျက် ကျင့် နေတတ်ကြ၏။ ငါ တို့မူကား ၊ ကိုယ် ဆိုင်သော ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို ကာလ အစဉ် အမြဲ ခိုလှုံလျက် ကျင့် နေကြမည်။
6 “On that day,” declares the LORD, “I will gather the lame; I will assemble the outcast, even those whom I have afflicted.
၆ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ခြေ ဆွံ့ သောသူကို ငါခေါ် မည်။ နှင်ထုတ် ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲ ဘူးသောသူ တို့ကို ငါစုဝေး စေမည်။
7 And I will make the lame into a remnant, and the outcast into a strong nation. Then the LORD will rule over them in Mount Zion from that day and forever.
၇ခြေ ဆွံ့သောသူကို ငါကျန် ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ် ခြင်းကို ခံရသောသူသည် ကြီးမား သော လူမျိုး ဖြစ်စေခြင်းငှါငါစီရင် မည်။ ထာဝရဘုရား သည် ဇိအုန် တောင် ပေါ် မှာ သူ တို့ကို ယခု မှစ၍ အစဉ် အမြဲအုပ်ချုပ် စိုးစံတော်မူလိမ့်မည်။
8 And you, O watchtower of the flock, O stronghold of the Daughter of Zion— the former dominion will be restored to you; sovereignty will come to the Daughter of Jerusalem.”
၈အိုဧဒါလင့်စင် ၊ ဇိအုန် သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည်။ အရင် တည်သော အာဏာ တည် ပြန် လိမ့်မည်။ နိုင်ငံ တော်သည် ယေရုရှလင် သတို့သမီး လက်သို့ တဖန် ရောက် လိမ့်မည်။
9 Why do you now cry aloud? Is there no king among you? Has your counselor perished so that anguish grips you like a woman in labor?
၉ယခု မှာ သင်သည် အဘယ်ကြောင့် ကျယ် သော အသံနှင့် အော်ဟစ် သနည်း။ သင် ၌ ရှင်ဘုရင် တယောက် မျှ မရှိသလော။ အကြံ ပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွား သောမိန်းမကဲ့သို့ သင် သည် ဝေဒနာ ကိုခံရ ပါသည်တကား။
10 Writhe in agony, O Daughter of Zion, like a woman in labor. For now you will leave the city and camp in the open fields. You will go to Babylon; there you will be rescued; there the LORD will redeem you from the hand of your enemies!
၁၀အိုဇိအုန် သတို့သမီး ၊ သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါအားထုတ်လော့။ ယခု ပင် သင်သည် မြို့ ထဲက ထွက် ၍ လယ်ပြင် ၌ နေ ရ မည်။ ဗာဗုလုန် မြို့တိုင်အောင် သွား ရမည်။ ထို မြို့၌ လွတ် လိမ့်မည်။ ထို မြို့၌ ထာဝရဘုရား သည် သင့် ကို ရန်သူ တို့ လက် မှ ရွေးနှုတ် တော်မူလိမ့်မည်။
11 But now many nations have assembled against you, saying, “Let her be defiled, and let us feast our eyes on Zion.”
၁၁ယခု မှာ လူမျိုး များ တို့က၊ ဇိအုန် မြို့သည် ညစ်ညူး ပါစေ။ သူ၌ ငါ တို့အလို ပြည့်စုံပါစေဟု၊ သင့် တဘက် ၌ စုဝေး လျက် ဆို ကြ၏။
12 But they do not know the thoughts of the LORD or understand His plan, for He has gathered them like sheaves to the threshing floor.
၁၂သို့ရာတွင် ၊ ထာဝရဘုရား ၏စိတ် တော်ကို မ သိ ၊ အကြံအစည် တော်ကို နား မ လည်ကြ။ ကောက်လှိုင်း တို့ ကို ကောက်နယ် တလင်း၌ စုထားသကဲသို့ ၊ ထိုသူ တို့ကို စု ထားတော်မူ၏။
13 Rise and thresh, O Daughter of Zion, for I will give you horns of iron and hooves of bronze to break to pieces many peoples. Then you will devote their gain to the LORD, their wealth to the Lord of all the earth.
၁၃အို ဇိအုန် သတို့သမီး ၊ ထ ၍ နယ် လော့။ သင့် ဦးချို ကို သံ ဖြင့်၎င်း ၊ သင့် ခွာ တို့ကို ကြေးဝါ ဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုး များ တို့ကို ညက်ညက်ချေ ရမည်။ သူ တို့တွင်ရသမျှသော စည်းစိမ် ဥစ္စာကိုယူ ၍ ၊ မြေ တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ထာဝရဘုရား အား ပူဇော် ရမည်။