< Leviticus 22 >
1 Then the LORD said to Moses,
၁ထာဝရဘုရားသည် မောရှေမှတစ်ဆင့်အာရုန် နှင့်သူ၏သားတို့အား``သင်တို့သည်ငါ၏နာမ တော်ကိုမရှုတ်ချမိစေရန် ဣသရေလအမျိုး သားတို့ပူဇော်သောပူဇော်သကာကို ငါ့အား ဆက်သရာ၌ရိုသေလေးစားမှုရှိရမည်။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏။-
2 “Tell Aaron and his sons to treat with respect the sacred offerings that the Israelites have consecrated to Me, so that they do not profane My holy name. I am the LORD.
၂
3 Tell them that for the generations to come, if any of their descendants in a state of uncleanness approaches the sacred offerings that the Israelites consecrate to the LORD, that person must be cut off from My presence. I am the LORD.
၃သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
4 If a descendant of Aaron has a skin disease or a discharge, he may not eat the sacred offerings until he is clean. Whoever touches anything defiled by a corpse or by a man who has an emission of semen,
၄``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-
5 or whoever touches a crawling creature or a person that makes him unclean, whatever the uncleanness may be—
၅မသန့်စင်သောတိရစ္ဆာန်သို့မဟုတ်လူကို ထိမိလျှင်သော်လည်းကောင်း မသန့်စင်ဘဲ ဖြစ်လိမ့်မည်။-
6 the man who touches any of these will remain unclean until evening. He must not eat from the sacred offerings unless he has bathed himself with water.
၆ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
7 When the sun has set, he will become clean, and then he may eat from the sacred offerings, for they are his food.
၇နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
8 He must not eat anything found dead or torn by wild animals, which would make him unclean. I am the LORD.
၈သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
9 The priests must keep My charge, lest they bear the guilt and die because they profane it. I am the LORD who sanctifies them.
၉``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
10 No one outside a priest’s family may eat the sacred offering, nor may the guest of a priest or his hired hand eat it.
၁၀``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-
11 But if a priest buys a slave with his own money, or if a slave is born in his household, that slave may eat his food.
၁၁သို့ရာတွင်မိမိငွေဖြင့်ဝယ်သောကျွန်သို့ မဟုတ် မိမိအိမ်၌မွေးဖွားသောကျွန်တို့ သည်ယဇ်ပုရောဟိတ်၏အစားအစာကို စားနိုင်သည်။-
12 If the priest’s daughter is married to a man other than a priest, she is not to eat of the sacred contributions.
၁၂ယဇ်ပုရောဟိတ်မဟုတ်သူတစ်ယောက်နှင့် ထိမ်းမြားစုံဖက်သော ယဇ်ပုရောဟိတ်၏ သမီးသည်သန့်ရှင်းသောပူဇော်သကာ ကိုမစားရ။-
13 But if a priest’s daughter with no children becomes widowed or divorced and returns to her father’s house, she may share her father’s food as in her youth. But no outsider may share it.
၁၃သို့ရာတွင်ယဇ်ပုရောဟိတ်၏သမီးသည် ခင်ပွန်းသေလျှင်ဖြစ်စေ၊ ခင်ပွန်းနှင့်ကွာရှင်း ပြီးလျှင်ဖြစ်စေသားသမီးမရှိသဖြင့် ဖခင်အိမ်သို့ပြန်ရောက်နေထိုင်ခဲ့သည်ရှိ သော်ဖခင်၏အစားအစာကိုစားနိုင် သည်။ ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင် သူသာလျှင်ပူဇော်သကာကိုစားနိုင်သည်။
14 If anyone eats a sacred offering in error, he must add a fifth to its value and give the sacred offering to the priest.
၁၄``ယဇ်ပုရောဟိတ်၏မိသားစု၌မပါဝင် သူသည် သန့်ရှင်းသောပူဇော်သကာကိုအမှတ် မဲ့စားမိလျှင် ယဇ်ပုရောဟိတ်အားထိုအစား အစာ၏တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ပေးလျော်ရမည်။-
15 The priests must not profane the sacred offerings that the Israelites present to the LORD
၁၅ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။
16 by allowing the people to eat the sacred offerings and thus to bear the punishment for guilt. For I am the LORD who sanctifies them.”
၁၆
17 Then the LORD said to Moses,
၁၇ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အားအောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ပေးတော်မူ၏။ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ နိုင်ငံတွင်နေထိုင်သောလူမျိုးခြားဖြစ်စေ၊ ကတိသစ္စာအလျောက်သော်လည်းကောင်း၊ စေ တနာအလျောက်သော်လည်းကောင်းမီးရှို့ ရာယဇ်ကိုပူဇော်သည့်အခါယဇ်ကောင်၌ အနာအဆာမရှိစေရ၊-
18 “Speak to Aaron and his sons and all the Israelites and tell them, ‘Any man of the house of Israel or any foreign resident who presents a gift for a burnt offering to the LORD, whether to fulfill a vow or as a freewill offering,
၁၈
19 must offer an unblemished male from the cattle, sheep, or goats in order for it to be accepted on your behalf.
၁၉အနာအဆာကင်းသောယဇ်ကောင်အထီး ကိုသာငါလက်ခံမည်၊-
20 You must not present anything with a defect, because it will not be accepted on your behalf.
၂၀သင်တို့သည်အနာအဆာရှိသောယဇ်ကောင် ကိုပူဇော်လျှင် ငါလက်ခံမည်မဟုတ်၊-
21 When a man presents a peace offering to the LORD from the herd or flock to fulfill a vow or as a freewill offering, it must be without blemish or defect to be acceptable.
၂၁တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-
22 You are not to present to the LORD any animal that is blind, injured, or maimed, or anything with a running sore, a festering rash, or a scab; you must not put any of these on the altar as an offering made by fire to the LORD.
၂၂မျက်စိကန်းသောတိရစ္ဆာန်၊ ခြေလက်ပြတ် သောတိရစ္ဆာန်၊ ပြည်ထွက်သောအနာရှိသည့် တိရစ္ဆာန်၊ အရေပြားတွင်ယားနာ၊ ဝဲနာစွဲ သောတိရစ္ဆာန်တို့ကိုပလ္လင်ပေါ်တွင်မီးရှို့ မပူဇော်ရ။-
23 You may present as a freewill offering an ox or sheep that has a deformed or stunted limb, but it is not acceptable in fulfillment of a vow.
၂၃ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
24 You are not to present to the LORD an animal whose testicles are bruised, crushed, torn, or cut; you are not to sacrifice them in your land.
၂၄ဝှေးစေ့များကိုထုချေခြင်း၊ လှီးဖြတ်ခြင်း၊ အနာတရဖြစ်ခြင်း၊ စုတ်ပြတ်ခြင်းခံရ သောတိရစ္ဆာန်ကိုငါ့အားမပူဇော်ရ။ သင် တို့ပြည်တွင်ထိုကဲ့သို့သောတိရစ္ဆာန်များ ကိုမပူဇော်ရ။
25 Neither you nor a foreigner shall present food to your God from any such animal. They will not be accepted on your behalf, because they are deformed and flawed.’”
၂၅လူမျိုးခြားထံမှ ရရှိသောတိရစ္ဆာန်ကို ပူဇော်သကာအဖြစ်မပူဇော်ရ။ ထိုကဲ့သို့ သောတိရစ္ဆာန်သည် အနာအဆာရှိသည်ဟု ယူဆရမည်ဖြစ်သောကြောင့်ယင်းကိုမပူ ဇော်ရ။
26 Then the LORD said to Moses,
၂၆သိုး၊ နွား၊ ဆိတ်သားပေါက်များကို မိခင်နှင့် ခုနစ်ရက်နေစေပြီးမှသာ ပူဇော်သကာ အဖြစ်ပူဇော်နိုင်သည်။-
27 “When an ox, a sheep, or a goat is born, it must remain with its mother for seven days. From the eighth day on, it will be acceptable as an offering made by fire to the LORD.
၂၇
28 But you must not slaughter an ox or a sheep on the same day as its young.
၂၈နွားမနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ သိုး မနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ ဆိတ်မနှင့် ၎င်း၏သားပေါက်ကိုဖြစ်စေတစ်နေ့တည်း မပူဇော်ရ။-
29 When you sacrifice a thank offering to the LORD, offer it so that it may be acceptable on your behalf.
၂၉သင်တို့သည်ကျေးဇူးတော်ချီးမွမ်းရာယဇ် ကိုပူဇော်သောအခါ သင်တို့ထာဝရဘုရား ၏စိတ်တော်နှင့်တွေ့နိုင်ရန်ပြဋ္ဌာန်းချက်များ အတိုင်းပူဇော်ရမည်။-
30 It must be eaten that same day. Do not leave any of it until morning. I am the LORD.
၃၀ယဇ်ကောင်၏အသားကိုနေ့ချင်းစားရမည်။ နက်ဖြန်နံနက်အထိမကြွင်းကျန်စေရ။
31 You are to keep My commandments and practice them. I am the LORD.
၃၁ထာဝရဘုရားက``ငါ၏ပညတ်များကို လိုက်နာကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။-
32 You must not profane My holy name. I must be acknowledged as holy among the Israelites. I am the LORD who sanctifies you,
၃၂ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါသည် သန့်ရှင်းတော်မူကြောင်းကိုဣသရေလအမျိုး သားအပေါင်းတို့သည်သိမှတ်ဝန်ခံရကြ မည်။ ငါထာဝရဘုရားသည်သင်တို့ကို သန့်ရှင်းစေတော်မူ၏။-
33 who brought you out of the land of Egypt to be your God. I am the LORD.”
၃၃ငါသည်သင်တို့၏ဘုရားဖြစ်ခြင်းငှာသင် တို့အားအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့၏။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။