< Leviticus 19 >
1 Then the LORD said to Moses,
၁ထာဝရဘုရားသည် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားအောက် ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့၏ဘုရားသခင်ငါထာဝရဘုရားသည် သန့်ရှင်းသော ကြောင့်သင်တို့သည်လည်းသန့်ရှင်းရမည်။-
2 “Speak to the whole congregation of Israel and tell them: Be holy because I, the LORD your God, am holy.
၂
3 Each of you must respect his mother and father, and you must keep My Sabbaths. I am the LORD your God.
၃လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
4 Do not turn to idols or make for yourselves molten gods. I am the LORD your God.
၄``ငါ့ကိုပစ်ပယ်၍ရုပ်တုများကိုမကိုးကွယ် နှင့်။ သတ္တုဖြင့်သွန်းလုပ်သောရုပ်တုများကို မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
5 When you sacrifice a peace offering to the LORD, you shall offer it for your acceptance.
၅``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
6 It shall be eaten on the day you sacrifice it, or on the next day; but what remains on the third day must be burned up.
၆ယဇ်ပူဇော်သောနေ့သို့မဟုတ်နောက်တစ်နေ့ ၌ယဇ်ကောင်၏အသားကိုစားရမည်။ တတိ ယနေ့သို့တိုင်အောင်ကြွင်းကျန်သောအသား သည် ဘာသာရေးထုံးနည်းအရမသန့်ရှင်း သဖြင့်မီးရှို့ပစ်ရမည်။ အကယ်၍တတိယ နေ့၌ယဇ်ကောင်၏အသားကို တစ်ဦးတစ် ယောက်ကစားခဲ့သည်ရှိသော် ထိုပူဇော် သကာကိုငါလက်ခံမည်မဟုတ်။-
7 If any of it is eaten on the third day, it is tainted and will not be accepted.
၇
8 Whoever eats it will bear his iniquity, for he has profaned what is holy to the LORD. That person must be cut off from his people.
၈ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
9 When you reap the harvest of your land, you are not to reap to the very edges of your field or gather the gleanings of your harvest.
၉``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-
10 You must not strip your vineyard bare or gather its fallen grapes. Leave them for the poor and the foreigner. I am the LORD your God.
၁၀စပျစ်ခြံမှမဆွတ်ဘဲကျန်ခဲ့သောစပျစ် သီးများကိုလည်းကောင်း၊ ကျကျန်ရစ်သော စပျစ်သီးများကိုလည်းကောင်းပြန်၍မစု သိမ်းရ။ ထိုအသီးများကိုဆင်းရဲသားနှင့် လူမျိုးခြားတို့အတွက်ချန်ထားရမည်။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
11 You must not steal. You must not lie or deceive one another.
၁၁``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
12 You must not swear falsely by My name and so profane the name of your God. I am the LORD.
၁၂ကတိတည်ရန်မရည်ရွယ်ဘဲနှင့် ငါ၏နာမ တော်ကိုတိုင်တည်၍ကတိမပေးရ။ ထိုသို့ပြု ခြင်းဖြင့်ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
13 You must not defraud your neighbor or rob him. You must not withhold until morning the wages due a hired hand.
၁၃``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
14 You must not curse the deaf or place a stumbling block before the blind, but you shall fear your God. I am the LORD.
၁၄နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
15 You must not pervert justice; you must not show partiality to the poor or favoritism to the rich; you are to judge your neighbor fairly.
၁၅``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
16 You must not go about spreading slander among your people. You must not endanger the life of your neighbor. I am the LORD.
၁၆သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
17 You must not harbor hatred against your brother in your heart. Directly rebuke your neighbor, so that you will not incur guilt on account of him.
၁၇``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
18 Do not seek revenge or bear a grudge against any of your people, but love your neighbor as yourself. I am the LORD.
၁၈သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
19 You are to keep My statutes. You shall not crossbreed two different kinds of livestock; you shall not sow your fields with two kinds of seed; and you shall not wear clothing made of two kinds of material.
၁၉``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။
20 If a man lies carnally with a slave girl promised to another man but who has not been redeemed or given her freedom, there must be due punishment. But they are not to be put to death, because she had not been freed.
၂၀``တစ်စုံတစ်ယောက်သောသူသည် မိမိ၏ကျွန်မ ကိုအခြားတစ်ယောက်အားမယားငယ်အဖြစ် ရောင်းရန်ကတိပေးပြီးနောက် ဝယ်သူကထို ကျွန်မအတွက်ငွေမပေးရသေးမီမူလ ပိုင်ရှင်သည် ကျွန်မနှင့်ကာမစပ်ယှက်လျှင်သူ တို့နှစ်ဦးအားသေဒဏ်မစီရင်ရ။ အခြား အပြစ်ဒဏ်ကိုသာစီရင်ရမည်။ အဘယ် ကြောင့်ဆိုသော်ထိုကျွန်မကိုသူပိုင်နေ သေးသောကြောင့်ဖြစ်သည်။-
21 The man, however, must bring a ram to the entrance to the Tent of Meeting as his guilt offering to the LORD.
၂၁သူသည်အပြစ်ဒဏ်ပြေရာပူဇော်သကာအဖြစ် သိုးထီးတစ်ကောင်ကိုငါစံတော်မူရာတဲတော် တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
22 The priest shall make atonement on his behalf before the LORD with the ram of the guilt offering for the sin he has committed, and he will be forgiven the sin he has committed.
၂၂ယဇ်ပုရောဟိတ်သည်ထိုသိုးကိုယဇ်ပူဇော်၍ သူ့အပြစ်ပြေစေရန်သန့်စင်ခြင်းဝတ်ကို ပြုရမည်။ ထိုအခါဘုရားသခင်သည်သူ ၏အပြစ်ကိုလွှတ်တော်မူ၏။
23 When you enter the land and plant any kind of tree for food, you shall regard the fruit as forbidden. For three years it will be forbidden to you and must not be eaten.
၂၃``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
24 In the fourth year all its fruit must be consecrated as a praise offering to the LORD.
၂၄စတုတ္ထနှစ်တွင်သီးသောအသီးရှိသမျှကို ငါထာဝရဘုရားအားကျေးဇူးတင်သည့် အနေဖြင့်ဆက်ကပ်ရမည်။-
25 But in the fifth year you may eat its fruit; thus your harvest will be increased. I am the LORD your God.
၂၅ပဉ္စမနှစ်သို့ရောက်လျှင်သင်တို့သည်သစ်သီး များကိုစားသုံးနိုင်သည်။ သင်တို့သည်အထက် ပါအတိုင်းလိုက်နာလျှင် သစ်သီးအထွက်တိုး လိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
26 You must not eat anything with blood still in it. You must not practice divination or sorcery.
၂၆``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။-
27 You must not cut off the hair at the sides of your head or clip off the edges of your beard.
၂၇သေသူအတွက်ဝမ်းနည်းသည့်အနေဖြင့် ဦး ခေါင်းဘေးပတ်လည်ရှိဆံပင်ကိုမညှပ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှိရ။-
28 You must not make any cuts in your bodies for the dead or put tattoo marks on yourselves. I am the LORD.
၂၈ကိုယ်ပေါ်တွင်ဆေးမင်လည်းမထိုးရ။ ကိုယ်ကို လည်းမလှီးမရှရ။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။
29 You must not defile your daughter by making her a prostitute, or the land will be prostituted and filled with depravity.
၂၉``ခါနာန်နတ်ဘုရားများကို ကိုးကွယ်ရာဌာနနှင့် ဆိုင်သောပြည့်တန်ဆာများအဖြစ် မိမိသမီး များကိုစေခိုင်းခြင်းအားဖြင့်သူတို့၏အသရေ ကိုမပျက်စေနှင့်။ ထိုသို့ပြုလျှင်သင်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍အကျင့်ပျက် ကုန်ကြလိမ့်မည်။-
30 You must keep My Sabbaths and have reverence for My sanctuary. I am the LORD.
၃၀ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
31 You must not turn to mediums or spiritists; do not seek them out, or you will be defiled by them. I am the LORD your God.
၃၁``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
32 You are to rise in the presence of the elderly, honor the aged, and fear your God. I am the LORD.
၃၂``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
33 When a foreigner resides with you in your land, you must not oppress him.
၃၃``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြားတို့ ကိုမညှင်းဆဲရ။-
34 You must treat the foreigner living among you as native-born and love him as yourself, for you were foreigners in the land of Egypt. I am the LORD your God.
၃၄သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
35 You must not use dishonest measures of length, weight, or volume.
၃၅``မမှန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံး၍ သူတစ်ပါးအားမလှည့်စား ရ။-
36 You shall maintain honest scales and weights, an honest ephah, and an honest hin. I am the LORD your God, who brought you out of the land of Egypt.
၃၆မှန်ကန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံးရမည်။ ငါသည်သင်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
37 You must keep all My statutes and all My ordinances and follow them. I am the LORD.”
၃၇ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုစောင့်ထိန်းကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။''