< Leviticus 15 >
1 And the LORD said to Moses and Aaron,
၁ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့လိုက်နာရန်အတွက် အောက်ဖော်ပြ ပါပညတ်များကိုမောရှေနှင့်အာရုန်တို့ အားချမှတ်ပေးတော်မူ၏။ ယောကျာ်းတစ်ယောက် သည် ရိနာကျနေလျှင်ဖြစ်စေ၊ ရိနာကျ ခြင်းရပ်စဲသွားလျှင်ဖြစ်စေ၊ မသန့်စင်ချေ။-
2 “Say to the Israelites, ‘When any man has a bodily discharge, the discharge is unclean.
၂
3 This uncleanness is from his discharge, whether his body allows the discharge to flow or blocks it. So his discharge will bring about uncleanness.
၃
4 Any bed on which the man with the discharge lies will be unclean, and any furniture on which he sits will be unclean.
၄ထိုသူထိုင်သောအိပ်ရာသို့မဟုတ်အိပ်သော အိပ်ရာသည်လည်းမသန့်စင်။-
5 Anyone who touches his bed must wash his clothes and bathe with water, and he will be unclean until evening.
၅တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊-
6 Whoever sits on furniture on which the man with the discharge was sitting must wash his clothes and bathe with water, and he will be unclean until evening.
၆ထိုင်သောနေရာတွင်ထိုင်မိလျှင် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
7 Whoever touches the body of the man with a discharge must wash his clothes and bathe with water, and he will be unclean until evening.
၇ရိနာစွဲသောသူကိုထိကိုင်မိသောသူသည် မိမိအဝတ်များကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
8 If the man with the discharge spits on one who is clean, that person must wash his clothes and bathe with water, and he will be unclean until evening.
၈ရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
9 Any saddle on which the man with the discharge rides will be unclean.
၉ရိနာစွဲသောသူထိုင်သောကုန်းနှီးသို့ မဟုတ်ထိုင်ခုံသည်မသန့်စင်။-
10 Whoever touches anything that was under him will be unclean until evening, and whoever carries such things must wash his clothes and bathe with water, and he will be unclean until evening.
၁၀ထိုသူထိုင်သောအရာကိုကိုင်တွယ်မိသော သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့် မည်။ ထိုသူထိုင်မိသောဝတ္ထုပစ္စည်းကိုသယ် ဆောင်သောသူသည် မိမိအဝတ်ကိုဖွပ်လျှော် ၍ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
11 If the man with the discharge touches anyone without first rinsing his hands with water, the one who was touched must wash his clothes and bathe with water, and he will be unclean until evening.
၁၁ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
12 Any clay pot that the man with the discharge touches must be broken, and any wooden utensil must be rinsed with water.
၁၂ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
13 When the man has been cleansed from his discharge, he must count off seven days for his cleansing, wash his clothes, and bathe himself in fresh water, and he shall be clean.
၁၃ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။-
14 On the eighth day he is to take two turtledoves or two young pigeons, come before the LORD at the entrance to the Tent of Meeting, and give them to the priest.
၁၄အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-
15 The priest is to sacrifice them, one as a sin offering and the other as a burnt offering. In this way the priest will make atonement for the man before the LORD because of his discharge.
၁၅ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက် ငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည် ထိုသူ အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
16 When a man has an emission of semen, he must bathe his whole body with water, and he will be unclean until evening.
၁၆ယောကျာ်းတစ်ယောက်သည်သုက်ရည်ယိုလျှင် တစ်ကိုယ်လုံးရေချိုးရမည်။ သူသည်ညဦး တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
17 Any clothing or leather on which there is an emission of semen must be washed with water, and it will remain unclean until evening.
၁၇သုက်ရည်ထိမိသောအဝတ်အထည် သို့မဟုတ် သားရေထည်ကိုဖွပ်လျှော်ရမည်။ ထိုအရာ ဝတ္ထုသည်ညဦးတိုင်အောင်မသန့်စင်ဘဲရှိ လိမ့်မည်။-
18 If a man lies with a woman and there is an emission of semen, both must bathe with water, and they will remain unclean until evening.
၁၈ယောကျာ်းနှင့်မိန်းမ၊ ကာမစပ်ယှက်ပြီးလျှင် နှစ်ဦးစလုံးရေချိုးရမည်။ သူတို့သည်ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။
19 When a woman has a discharge consisting of blood from her body, she will be unclean due to her menstruation for seven days, and anyone who touches her will be unclean until evening.
၁၉အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
20 Anything on which she lies or sits during her menstruation will be unclean,
၂၀ရာသီသွေးပေါ်ချိန်အတွင်းထိုအမျိုး သမီးထိုင်သောနေရာသို့မဟုတ်အိပ် သောအိပ်ရာတို့သည်မသန့်စင်။-
21 and anyone who touches her bed must wash his clothes and bathe with water, and he will be unclean until evening.
၂၁သူထိုင်သောနေရာသို့မဟုတ်သူအိပ်သော အိပ်ရာကိုထိကိုင်မိသောသူသည် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
22 Whoever touches any furniture on which she was sitting must wash his clothes and bathe with water, and he will be unclean until evening.
၂၂
23 And whether it is a bed or furniture on which she was sitting, whoever touches it will be unclean until evening.
၂၃
24 If a man lies with her and her menstrual flow touches him, he will be unclean for seven days, and any bed on which he lies will become unclean.
၂၄ရာသီသွေးပေါ်သောမိန်းမသည်မသန့်စင် သောကြောင့် သူနှင့်ကာမစပ်ယှက်သောယောကျာ်း သည်လည်း ခုနစ်ရက်တိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။ ထိုသူ၏အိပ်ရာသည်လည်း မသန့်စင်။
25 When a woman has a discharge of her blood for many days at a time other than her menstrual period, or if it continues beyond her period, she will be unclean all the days of her unclean discharge, just as she is during the days of her menstruation.
၂၅အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်ချိန်မကျဘဲနှင့် ရက်အတန်ကြာမျှ သွေးဆင်းလျှင်သော်လည်းကောင်း၊ ရာသီ သွေးပေါ်ချိန်ကိုလွန်၍သွေးဆက်ဆင်းနေ လျှင်သော်လည်းကောင်း၊ သူသည်သွေးမရပ် မချင်းရာသီသွေးပေါ်ချိန်မှာကဲ့သို့ မသန့်စင်ဘဲရှိလိမ့်မည်။-
26 Any bed on which she lies or any furniture on which she sits during the days of her discharge will be unclean, like her bed during her menstrual period.
၂၆ရာသီသွေးပေါ်ချိန်အတွင်းသူထိုင်သော အရာ သို့မဟုတ်သူအိပ်သောအိပ်ရာသည် မသန့်စင်ချေ။-
27 Anyone who touches these things will be unclean; he must wash his clothes and bathe with water, and he will be unclean until evening.
၂၇ထိုအရာတို့ကိုထိကိုင်မိသောသူသည်မသန့် စင်သဖြင့် မိမိအဝတ်များကိုဖွပ်လျှော်၍ ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
28 When a woman is cleansed of her discharge, she must count off seven days, and after that she will be ceremonially clean.
၂၈အမျိုးသမီးသည်သွေးဆင်းခြင်းရပ်ပြီး နောက် ခုနစ်ရက်ကြာလျှင်ဘာသာရေးထုံး နည်းအရသန့်စင်လာလိမ့်မည်။-
29 On the eighth day she is to take two turtledoves or two young pigeons and bring them to the priest at the entrance to the Tent of Meeting.
၂၉အဋ္ဌမနေ့၌သူသည်ချိုးနှစ်ကောင်သို့မဟုတ် ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော်မူရာ တဲတော်တံခါးဝသို့ယူဆောင်ခဲ့၍ယဇ်ပုရော ဟိတ်ထံပေးအပ်ရမည်။-
30 The priest is to sacrifice one as a sin offering and the other as a burnt offering. In this way the priest will make atonement for her before the LORD for her unclean discharge.
၃၀ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက်ငှက်တစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အခြားငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထိုအမျိုး သမီးအတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
31 You must keep the children of Israel separate from their uncleanness, so that they do not die by defiling My tabernacle, which is among them.
၃၁ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။
32 This is the law of him who has a discharge, of the man who has an emission of semen whereby he is unclean,
၃၂ဤပညတ်တို့သည်ကားရိနာစွဲသောသူ၊ သုက်ရည်ယိုသောသူ၊-
33 of a woman in her menstrual period, of any male or female who has a discharge, and of a man who lies with an unclean woman.’”
၃၃ရာသီသွေးပေါ်သောအမျိုးသမီး၊ ဘာသာ ရေးထုံးနည်းအရမသန့်စင်သောမိန်းမနှင့် ကာမစပ်ယှက်သောယောကျာ်းတို့နှင့်သက် ဆိုင်သောပညတ်များဖြစ်သတည်း။