< Judges 5 >
1 On that day Deborah and Barak son of Abinoam sang this song:
၁ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊
2 “When the princes take the lead in Israel, when the people volunteer, bless the LORD.
၂ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်၎င်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
3 Listen, O kings! Give ear, O princes! I will sing to the LORD; I will sing praise to the LORD, the God of Israel.
၃အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။
4 O LORD, when You went out from Seir, when You marched from the land of Edom, the earth trembled, the heavens poured out rain, and the clouds poured down water.
၄အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။
5 The mountains quaked before the LORD, the One of Sinai, before the LORD, the God of Israel.
၅တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌၎င်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၎င်း တုန်လှုပ်ပါ၏။
6 In the days of Shamgar son of Anath, in the days of Jael, the highways were deserted and the travelers took the byways.
၆အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။
7 Life in the villages ceased; it ended in Israel, until I, Deborah, arose, a mother in Israel.
၇ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။
8 When they chose new gods, then war came to their gates. Not a shield or spear was found among forty thousand in Israel.
၈ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု၊ လှံတစင်းမျှ မရှိ။
9 My heart is with the princes of Israel, with the volunteers among the people. Bless the LORD!
၉စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
10 You who ride white donkeys, who sit on saddle blankets, and you who travel the road, ponder
၁၀ဖြူသော မြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊
11 the voices of the singers at the watering places. There they shall recount the righteous acts of the LORD, the righteous deeds of His villagers in Israel. Then the people of the LORD went down to the gates:
၁၁ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။
12 ‘Awake, awake, O Deborah! Awake, awake, sing a song! Arise, O Barak, and take hold of your captives, O son of Abinoam!’
၁၂နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ။
13 Then the survivors came down to the nobles; the people of the LORD came down to me against the mighty.
၁၃ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။
14 Some came from Ephraim, with their roots in Amalek; Benjamin came with your people after you. The commanders came down from Machir, the bearers of the marshal’s staff from Zebulun.
၁၄အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
15 The princes of Issachar were with Deborah, and Issachar was with Barak, rushing into the valley at his heels. In the clans of Reuben there was great indecision.
၁၅ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ၏။
16 Why did you sit among the sheepfolds to hear the whistling for the flocks? In the clans of Reuben there was great indecision.
၁၆နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။
17 Gilead remained beyond the Jordan. Dan, why did you linger by the ships? Asher stayed at the coast and remained in his harbors.
၁၇ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာ နေကြ၏။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။
18 Zebulun was a people who risked their lives; Naphtali, too, on the heights of the battlefield.
၁၈ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။
19 Kings came and fought; then the kings of Canaan fought at Taanach by the waters of Megiddo, but they took no plunder of silver.
၁၉ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။
20 From the heavens the stars fought; from their courses they fought against Sisera.
၂၀ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ၏။
21 The River Kishon swept them away, the ancient river, the River Kishon. March on, O my soul, in strength!
၂၁ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ။
22 Then the hooves of horses thundered— the mad galloping of his stallions.
၂၂ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။
23 ‘Curse Meroz,’ says the angel of the LORD. ‘Bitterly curse her inhabitants; for they did not come to help the LORD, to help the LORD against the mighty.’
၂၃မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
24 Most blessed among women is Jael, the wife of Heber the Kenite, most blessed of tent-dwelling women.
၂၄ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
25 He asked for water, and she gave him milk. In a magnificent bowl she brought him curds.
၂၅ထိုသူသည် ရေကို တောင်း၍ ယေလသည် နို့ကို ပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။
26 She reached for the tent peg, her right hand for the workman’s hammer. She struck Sisera and crushed his skull; she shattered and pierced his temple.
၂၆တဲတံသင်ကို ယူ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။
27 At her feet he collapsed, he fell, there he lay still; at her feet he collapsed, he fell; where he collapsed, there he fell dead.
၂၇သူသည် ယေလခြေရင်း၌ ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌ သေလျက် လဲနေ၏။
28 Sisera’s mother looked through the window; she peered through the lattice and lamented: ‘Why is his chariot so long in coming? What has delayed the clatter of his chariots?’
၂၈သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
29 Her wisest ladies answer; indeed she keeps telling herself,
၂၉ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊
30 ‘Are they not finding and dividing the spoil— a girl or two for each warrior, a plunder of dyed garments for Sisera, the spoil of embroidered garments for the neck of the looter?’
၃၀သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
31 So may all your enemies perish, O LORD! But may those who love You shine like the sun at its brightest.” And the land had rest for forty years.
၃၁အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။