< Joshua 21 >
1 Now the family heads of the Levites approached Eleazar the priest, Joshua son of Nun, and the heads of the other tribes of Israel
၁လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-
2 at Shiloh in the land of Canaan and said to them, “The LORD commanded through Moses that we be given cities in which to live, together with pasturelands for our livestock.”
၂
3 So by the command of the LORD, the Israelites gave the Levites these cities and their pasturelands out of their own inheritance:
၃ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
4 The first lot came out for the Kohathite clans. The Levites who were descendants of Aaron the priest received thirteen cities by lot from the tribes of Judah, Simeon, and Benjamin.
၄လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-
5 The remaining descendants of Kohath received ten cities by lot from the tribes of Ephraim, Dan, and the half-tribe of Manasseh.
၅ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
6 The descendants of Gershon received thirteen cities by lot from the tribes of Issachar, Asher, Naphtali, and the half-tribe of Manasseh in Bashan.
၆ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
7 And the descendants of Merari received twelve cities from the tribes of Reuben, Gad, and Zebulun.
၇မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
8 So the Israelites allotted to the Levites these cities, together with their pasturelands, as the LORD had commanded through Moses.
၈ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
9 From the tribes of Judah and Simeon, they designated these cities by name
၉လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။-
10 to the descendants of Aaron from the Kohathite clans of the Levites, because the first lot fell to them:
၁၀
11 They gave them Kiriath-arba (that is, Hebron), with its surrounding pasturelands, in the hill country of Judah. (Arba was the father of Anak.)
၁၁ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။-
12 But they had given the fields and villages around the city to Caleb son of Jephunneh as his possession.
၁၂သို့ရာတွင်မြို့ပတ်ဝန်းကျင်ရှိလယ်ကွင်းများ နှင့် ကျေးရွာများကိုယေဖုန္နာ၏သားကာလက် အားအပိုင်ပေးခဲ့ပြီးဖြစ်သည်။-
13 So to the descendants of Aaron the priest they gave these cities, together with their pasturelands: Hebron, a city of refuge for the manslayer, Libnah,
၁၃အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊-
၁၄ယတ္တိရမြို့၊ ဧရှတေမောမြို့၊- ဟောလုန်မြို့၊ ဒေဗိရမြို့၊-
16 Ain, Juttah, and Beth-shemesh—nine cities from these two tribes, together with their pasturelands.
၁၆အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။
17 And from the tribe of Benjamin they gave them Gibeon, Geba,
၁၇ဗင်္ယာမိန်၏နယ်မြေမှသူတို့အားဂိဗောင်မြို့၊ ဂေဗမြို့၊-
18 Anathoth, and Almon—four cities, together with their pasturelands.
၁၈အာနသုတ်မြို့၊ အာလမုန်မြို့စသည့်မြို့လေး မြို့နှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစား ကျက်များကိုသတ်မှတ်ပေးလေသည်။
19 In all, thirteen cities, together with their pasturelands, were given to the priests, the descendants of Aaron.
၁၉သို့ဖြစ်၍အာရုန်၏အဆက်အနွယ်ယဇ်ပုရော ဟိတ်တို့အား မြို့ပေါင်းတစ်ဆယ်သုံးမြို့နှင့်ယင်း တို့၏ပတ်ဝန်းကျင်ရှိစားကျက်များကိုသတ် မှတ်ပေးလေသည်။
20 The remaining Kohathite clans of the Levites were allotted these cities: From the tribe of Ephraim
၂၀လေဝိအနွယ်ဝင်ကောဟတ်၏ကျန်သောသား ချင်းစုတို့အား ဧဖရိမ်နယ်မြေထဲမှမြို့ အချို့ကိုသတ်မှတ်ပေးသည်။-
21 they were given Shechem in the hill country of Ephraim (a city of refuge for the manslayer), Gezer,
၂၁သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊-
22 Kibzaim, and Beth-horon—four cities, together with their pasturelands.
၂၂ကိဗဇိမ်မြို့၊ ဗေသောရုန်မြို့စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရ ရှိကြသည်။-
23 From the tribe of Dan they were given Elteke, Gibbethon,
၂၃သူတို့သည်ဒန်နယ်မြေထဲမှဧလတေက မြို့၊ ဂိဗ္ဗသုန်မြို့၊-
24 Aijalon, and Gath-rimmon—four cities, together with their pasturelands.
၂၄အာဇလုန်မြို့၊ ဂါသရိမ္မုန်မြို့ စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရရှိ ကြသည်။-
25 And from the half-tribe of Manasseh they were given Taanach and Gath-rimmon—two cities, together with their pasturelands.
၂၅သူတို့သည်အနောက်မနာရှေနယ်မြေမှမြို့နှစ် မြို့ကိုရရှိကြသည်။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်တာနက်မြို့နှင့် ဂါသရိမ္မုန်မြို့များဖြစ်သည်။-
26 In all, ten cities, together with their pasturelands, were given to the rest of the Kohathite clans.
၂၆သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။
27 This is what the Levite clans of the Gershonites were given: From the half-tribe of Manasseh they were given Golan in Bashan, a city of refuge for the manslayer, and Beeshterah—two cities, together with their pasturelands.
၂၇လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။-
28 From the tribe of Issachar they were given Kishion, Daberath,
၂၈သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊-
29 Jarmuth, and En-gannim—four cities, together with their pasturelands.
၂၉ယာမုတ်မြို့နှင့်အင်္ဂေန္နမ်မြို့တို့ဖြစ်ကြ၏။-
30 From the tribe of Asher they were given Mishal, Abdon,
၃၀သူတို့သည်အာရှာနယ်မြေထဲမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်မိရှလမြို့၊ အာဗဒုန် မြို့၊-
31 Helkath, and Rehob—four cities, together with their pasturelands.
၃၁ဟေလကတ်မြို့နှင့်ရဟောဘမြို့တို့ဖြစ်ကြ၏။-
32 And from the tribe of Naphtali they were given Kedesh in Galilee (a city of refuge for the manslayer), Hammoth-dor, and Kartan—three cities, together with their pasturelands.
၃၂သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။-
33 In all, thirteen cities, together with their pasturelands, were given to the Gershonite clans.
၃၃သို့ဖြစ်၍ဂေရရှုံ၏သားချင်းစုသည်မြို့ ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ယင်းတို့၏ပတ်ဝန်း ကျင်ရှိစားကျက်များကိုရရှိကြလေသည်။
34 This is what the Merarite clan (the rest of the Levites) were given: From the tribe of Zebulun they were given Jokneam, Kartah,
၃၄ကျန်ရှိနေသောလေဝိအနွယ်ဝင်ဖြစ်သည့်မေရာ ရိသားချင်းစုတို့သည် ဇာဗုလုန်နယ်မြေမှမြို့ လေးမြို့ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်ယောကနံမြို့၊ ကာတမြို့၊-
35 Dimnah, and Nahalal—four cities, together with their pasturelands.
၃၅ဒိမနမြို့၊ နဟာလာလမြို့တို့ဖြစ်ကြ၏။
36 From the tribe of Reuben they were given Bezer, Jahaz,
၃၆သူတို့သည်ရုဗင်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဗေဇာမြို့၊ ယဟာဇာမြို့၊-
37 Kedemoth, and Mephaath—four cities, together with their pasturelands.
၃၇ကေဒမုတ်မြို့၊ မေဖတ်မြို့တို့ဖြစ်ကြ၏။
38 And from the tribe of Gad they were given Ramoth in Gilead, a city of refuge for the manslayer, Mahanaim,
၃၈သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။-
39 Heshbon, and Jazer—four cities in all, together with their pasturelands.
၃၉
40 In all, twelve cities were allotted to the clans of Merari, the remaining Levite clans.
၄၀သို့ဖြစ်၍မေရာရိသားချင်းစုသည်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့ကိုရရှိကြသည်။
41 For the Levites, then, there were forty-eight cities in all, together with their pasturelands, within the territory of the Israelites.
၄၁အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
42 Each of these cities had its own surrounding pasturelands; this was true for all the cities.
၄၂
43 Thus the LORD gave Israel all the land He had sworn to give their fathers, and they took possession of it and settled in it.
၄၃ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။-
44 And the LORD gave them rest on every side, just as He had sworn to their fathers. None of their enemies could stand against them, for the LORD delivered all their enemies into their hand.
၄၄ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
45 Not one of all the LORD’s good promises to the house of Israel had failed; everything was fulfilled.
၄၅ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။