< Joshua 18 >

1 Then the whole congregation of Israel assembled at Shiloh and set up the Tent of Meeting there. And though the land was subdued before them,
တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-
2 there were still seven tribes of Israel who had not yet received their inheritance.
ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ​ခွဲ​ဝေ ၍​မ​ပေး​ရ​သေး​ချေ။-
3 So Joshua said to the Israelites, “How long will you put off entering and possessing the land that the LORD, the God of your fathers, has given you?
သို့​ဖြစ်​၍​ယော​ရှု​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​ကို ပေး တော်​မူ​သော​ပြည်​ကို​မ​သိမ်း​ယူ​ဘဲ​အ​ဘယ် မျှ​ကြာ​အောင်​စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​နည်း။-
4 Appoint three men from each tribe, and I will send them out to survey the land and map it out, according to the inheritance of each. Then they will return to me
သင်​တို့​၏​အ​နွယ်​တစ်​နွယ်​လျှင်​သုံး​ယောက် ကျ​ရွေး​ချယ်​၍​ငါ့​ထံ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် နှစ်​သက်​ရာ နယ်​မြေ​ကို​ပိုင်း​ခြား​သတ်​မှတ်​ပေး​ရန်​သူ တို့​အား​တစ်​ပြည်​လုံး​သို့​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ယင်း​သို့​နယ်​မြေ​တို့​ကို​သတ်​မှတ် ပေး​ပြီး​သော​အ​ခါ ငါ့​ထံ​သို့​ပြန်​လာ​ရ ကြ​မည်။-
5 and divide the land into seven portions. Judah shall remain in their territory in the south, and the house of Joseph shall remain in their territory in the north.
ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-
6 When you have mapped out the seven portions of land and brought it to me, I will cast lots for you here in the presence of the LORD our God.
နယ်​မြေ​ခုနစ်​ပိုင်း​တို့​ကို​ပိုင်း​ခြား​ရေး​သား ၍​ငါ့​ထံ​သို့​တင်​သွင်း​လော့။ ထို​နောက်​ငါ​သည် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ခြင်း​ငှာ​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်။-
7 The Levites, however, have no portion among you, because their inheritance is the priesthood of the LORD. And Gad, Reuben, and half the tribe of Manasseh have already received the inheritance that Moses the servant of the LORD gave them beyond the Jordan to the east.”
လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​တော် ထမ်း​ဆောင်​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် သင် တို့​ကဲ့​သို့​နယ်​မြေ​ဝေ​စု​ရ​မည်​မ​ဟုတ်။ ဂဒ် အ​နွယ်၊ ရု​ဗင်​အ​နွယ်​နှင့်​အ​ရှေ့​မ​နာ​ရှေ အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ ခံ​မော​ရှေ​ခွဲ​ဝေ​ပေး​ခဲ့​သည့်​အ​တိုင်း ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​ရ​ရှိ​ကြ​ပြီ'' ဟု​ဆို​လေ​၏။
8 As the men got up to go out, Joshua commanded them to map out the land, saying, “Go and survey the land, map it out, and return to me. Then I will cast lots for you here in Shiloh in the presence of the LORD.”
ယော​ရှု​စေ​ခိုင်း​သည့်​အ​တိုင်း​ထို​သူ​တို့ သည်​နယ်​မြေ​ကို​သတ်​မှတ်​ရန်​ထွက်​သွား​ကြ ၏။ ယော​ရှု​က``သင်​တို့​သည်​တိုင်း​ပြည်​တစ် လျှောက်​လုံး​သို့​သွား​၍​နယ်​မြေ​များ​ကို​ပိုင်း ခြား​သတ်​မှတ်​လော့။ ထို​နောက်​ငါ့​ထံ​သို့​ပြန် လာ​ရ​မည်။ ထို​အ​ခါ​ငါ​သည်​ဤ​ရှိ​လော​မြို့ တွင်​သင်​တို့​ရ​ရှိ​မည့်​နယ်​မြေ​များ​ကို ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​ရန်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်'' ဟု​မှာ​ကြား​လိုက်​၏။-
9 So the men departed and went throughout the land, mapping it city by city into seven portions. Then they returned with the document to Joshua at the camp in Shiloh.
သို့​ဖြစ်​၍​သူ​တို့​သည်​တိုင်း​ပြည်​တစ်​လျှောက် လုံး​သို့​သွား​ပြီး​လျှင် ပါ​ဝင်​သော​မြို့​များ စာ​ရင်း​နှင့်​တ​ကွ​နယ်​မြေ​ခု​နစ်​ခု​ကို​ပိုင်း ခြား​ရေး​မှတ်​၍​ရှိ​လော​မြို့​စ​ခန်း​တွင်​ရှိ နေ​သော​ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။-
10 And Joshua cast lots for them in the presence of the LORD at Shiloh, where he distributed the land to the Israelites according to their divisions.
၁၀ယော​ရှု​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ရန်​မဲ​ချ ၍​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ များ​ကို​ခွဲ​ဝေ​ပေး​လေ​သည်။
11 The first lot came up for the clans of the tribe of Benjamin. Their allotted territory lay between the tribes of Judah and Joseph:
၁၁ဗင်္ယာ​မိန်​အ​နွယ်​မိ​သား​စု​တို့​ရ​ရှိ​မည့်​နယ် မြေ​ကို​ဦး​စွာ​သတ်​မှတ်​ပေး​လေ​သည်။ သူ​တို့ အ​တွက်​နယ်​မြေ​သည်​ယု​ဒ​အ​နွယ်​နှင့် ယော သပ်​အ​နွယ်​တို့​၏​နယ်​မြေ​များ​စပ်​ကြား တွင်​တည်​ရှိ​သည်။-
12 On the north side their border began at the Jordan, went up past the northern slope of Jericho, headed west through the hill country, and came out at the wilderness of Beth-aven.
၁၂သူ​တို့​၏​နယ်​မြေ​မြောက်​ဘက်​နယ်​နိ​မိတ်​သည် ယော်​ဒန်​မြစ်​တွင်​အ​စ​ပြု​၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​ရှိ​တောင်​စောင်း​သို့​တက်​ပြီး​လျှင် အ​နောက်​သို့​ဗေ​သ​ဝင်​တော​ကန္တာ​ရ​တိုင် အောင်​တောင်​ကုန်း​ဒေ​သ​ကို​ဖြတ်​သန်း သွား​လေ​သည်။-
13 From there the border crossed over to the southern slope of Luz (that is, Bethel) and went down to Ataroth-addar on the hill south of Lower Beth-horon.
၁၃တစ်​ဖန်​လု​ဇ​မြို့(ဗေ​သ​လ​မြို့​ဟူ​၍​လည်း ခေါ်​တွင်​သည်) တောင်​ဘက်​ရှိ​တောင်​စောင်း​သို့ တက်​ပြီး​လျှင်​အောက်​ဗက်​ဟော​ရုန်​မြို့​တောင် ဘက်၊ တောင်​ပေါ်​ရှိ​အ​တ​ရုတ်​အဒ္ဒါ​မြို့​သို့ ရောက်​သည်။-
14 On the west side the border curved southward from the hill facing Beth-horon on the south and came out at Kiriath-baal (that is, Kiriath-jearim), a city of the sons of Judah. This was the western side.
၁၄ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-
15 On the south side the border began at the outskirts of Kiriath-jearim and extended westward to the spring at the Waters of Nephtoah.
၁၅တောင်​ဘက်​နယ်​နိ​မိတ်​သည်​ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စွန်​မှ​အ​စ​ပြု​၍ နေ​ဖ​တော စမ်း​ရေ​တွင်း​များ​သို့​ရောက်​သည်။-
16 Then it went down to the foot of the hill that faces the Valley of Hinnom at the northern end of the Valley of Rephaim and ran down the Valley of Hinnom toward the southern slope of the Jebusites and downward to En-rogel.
၁၆ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-
17 From there it curved northward and proceeded to En-shemesh and on to Geliloth facing the Ascent of Adummim, and continued down to the Stone of Bohan son of Reuben.
၁၇ထို​မှ​တစ်​ဖန်​မြောက်​ဘက်​အင်​ရှေ​မက်​ရွာ​သို့ ကွေ့​ပြီး​လျှင် အ​ဒုမ္မိမ်​တောင်​ကြား​တစ်​ဘက် တွင်​ရှိ​သော​ဂေ​လိ​လုတ်​ရွာ​သို့​ရောက်​သည်။ ထို​နောက်​ဗောဟန်​၏​ကျောက်(ဗော​ဟန်​သည်​ရုဗင် ၏​သား​ဖြစ်​၏) သို့​ဆင်း​လာ​ပြီး​လျှင်၊-
18 Then it went on to the northern slope of Beth-arabah and went down into the valley.
၁၈ယော်​ဒန်​မြစ်​ဝှမ်း​အ​နီး​ရှိ​တောင်​တန်း​မြောက် ဘက်​မှ​ဖြတ်​သွား​သည်။ တစ်​ဖန်​ဗက်​ဟော​ဂ​လ တောင်​တန်း​မြောက်​ဘက်​မှ​ဖြတ်​၍​မြစ်​ဝှမ်း​ထဲ သို့​ဆင်း​လာ​ပြီး​လျှင် ပင်​လယ်​သေ​မြောက်​ဘက် ယော်​ဒန်​မြစ်​ဝ​၌​အ​ဆုံး​သတ်​သည်။ ဤ​သည် ကား​တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-
19 The border continued to the northern slope of Beth-hoglah and came out at the northern bay of the Salt Sea, at the mouth of the Jordan. This was the southern border.
၁၉
20 On the east side the border was the Jordan. These were the borders around the inheritance of the clans of the tribe of Benjamin.
၂၀ယော်​ဒန်​မြစ်​သည်​နယ်​မြေ​၏​အ​ရှေ့​ဘက်​နယ် နိမိတ်​ဖြစ်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​နိ​မိတ် သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင် သော​နယ်​မြေ​၏​နယ်​နိ​မိတ်​ဖြစ်​သည်။
21 These were the cities of the clans of the tribe of Benjamin: Jericho, Beth-hoglah, Emek-keziz,
၂၁ဗင်္ယာ​မိန်​အ​နွယ်​မိ​သား​စု​တို့​၏​နယ်​မြေ အ​တွင်း​ရှိ​မြို့​များ​မှာ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မက္ကေ​ဇဇ်​မြို့၊-
22 Beth-arabah, Zemaraim, Bethel,
၂၂ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊-
23 Avvim, Parah, Ophrah,
၂၃အာ​ဝိမ်​မြို့၊ ပါ​ရ​မြို့၊ သြ​ဖ​ရာ​မြို့၊-
24 Chephar-ammoni, Ophni, and Geba—twelve cities, along with their villages.
၂၄ခေ​ဖာ​ဟာ​မော​နဲ​မြို့၊ သြ​ဖ​နိ​မြို့၊ ဂါ​ဘ​မြို့ စ​သော​မြို့​ကြီး​တစ်​ဆယ်​နှစ်​မြို့​နှင့်​ယင်း​တို့ ၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ဖြစ်​သည်။-
25 Gibeon, Ramah, Beeroth,
၂၅ထို့​အ​ပြင်​ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊- မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊- ရေ​ကင် မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊-
26 Mizpeh, Chephirah, Mozah,
၂၆
27 Rekem, Irpeel, Taralah,
၂၇
28 Zelah, Haeleph, Jebus (that is, Jerusalem), Gibeah, and Kiriath-jearim —fourteen cities, along with their villages. This was the inheritance of the clans of the tribe of Benjamin.
၂၈ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ဗု​သိ​မြို့၊​(သို့​မ ဟုတ်​ယေ​ရု​ရှ​လင်မြို့၊) ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ်​လေး မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ လည်း​ပါ​ဝင်​သည်။ ဤ​နယ်​မြေ​သည်​ဗင်္ယာ​မိန် အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ် သည်။

< Joshua 18 >