< Jonah 4 >

1 Jonah, however, was greatly displeased, and he became angry.
ဤ​သို့​ဖြစ်​ရ​ခြင်း​ကြောင့်​ယော​န​သည်​လွန်​စွာ စိတ်​မ​ကျေ​မ​ချမ်း​ဖြစ်​၍​စိတ်​ဆိုး​သ​ဖြင့်၊-
2 So he prayed to the LORD, saying, “O LORD, is this not what I said while I was still in my own country? This is why I was so quick to flee toward Tarshish. I knew that You are a gracious and compassionate God, slow to anger, abounding in loving devotion—One who relents from sending disaster.
``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ် တိုင်း​ပြည်​မှ​မ​ထွက်​ခွာ​မီ​က​ပင်​ကိုယ်​တော် ဤ​သို့​ပြု​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​ကြို​တင် ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဤ​အ​ကြောင်း ကြောင့်​အ​ကျွန်ုပ်​သည်​တာ​ရှု​မြို့​သို့​ထွက်​ပြေး ရန်​ကြိုး​စား​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​မေတ္တာ က​ရု​ဏာ​ရှိ​တော်​မူ​သော၊ အ​စဉ်​စိတ်​ရှည် လျက်​အ​ကြင်​နာ​တ​ရား​ရှိ​တော်​မူ​သော၊ အ​ပြစ်​ဒဏ်​ခတ်​သင့်​သော်​လည်း​မ​ခတ်​ဘဲ ချမ်း​သာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ ၏။-
3 And now, O LORD, please take my life from me, for it is better for me to die than to live.”
သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။
4 But the LORD replied, “Have you any right to be angry?”
ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။
5 Then Jonah left the city and sat down east of it, where he made himself a shelter and sat in its shade to see what would happen to the city.
ထို​နောက်​ယော​န​သည်​မြို့​အ​ရှေ့​ဘက်​သို့ ထွက်​၍ မိ​မိ​အ​တွက်​တဲ​ထိုး​ပြီး​လျှင်​တဲ​၏ အ​ရိပ်​အောက်​တွင်​ထိုင်​လျက် နိ​နေ​ဝေ​မြို့ မည်​သို့​ဖြစ်​မည်​ကို​စောင့်​ကြည့်​နေ​၏။-
6 So the LORD God appointed a vine, and it grew up to provide shade over Jonah’s head to ease his discomfort, and Jonah was greatly pleased with the plant.
ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။-
7 When dawn came the next day, God appointed a worm that attacked the plant so that it withered.
သို့​ရာ​တွင်​နောက်​တစ်​နေ့​မိုး​သောက်​ချိန်​၌ ဘု​ရား​သ​ခင်​သည်​ယော​န​အ​ရိပ်​ခို​နေ သော​အ​ပင်​ကို ပိုး​ကောင်​တစ်​ကောင်​အား ကိုက်​စေ​သ​ဖြင့်​ထို​အ​ပင်​သေ​လေ​၏။-
8 As the sun was rising, God appointed a scorching east wind, and the sun beat down on Jonah’s head so that he grew faint and wished to die, saying, “It is better for me to die than to live.”
နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။
9 Then God asked Jonah, “Have you any right to be angry about the plant?” “I do,” he replied. “I am angry enough to die!”
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။
10 But the LORD said, “You cared about the plant, which you neither tended nor made grow. It sprang up in a night and perished in a night.
၁၀ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​သင်​ကိုယ်​တိုင် မ​စိုက်​မ​ပြု​စု​ရ​ဘဲ တစ်​ည​ချင်း​တွင်​ပင် ပေါက်​ပြီး​တစ်​ည​တွင်း​ပင်​သေ​သွား​သော ကြက်​ဆူ​ပင်​ကို​နှ​မြော​သည်​မ​ဟုတ်​လော။-
11 So should I not care about the great city of Nineveh, which has more than 120,000 people who cannot tell their right hand from their left, and many cattle as well?”
၁၁ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။

< Jonah 4 >