< Jonah 3 >
1 Then the word of the LORD came to Jonah a second time:
၁ထိုနောက်ထာဝရဘုရားသည်ယောနအား``ထ လော့၊ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာ သည့်အတိုင်းမြို့သူမြို့သားတို့အားသတိ ပေးလော့'' ဟုဒုတိယအကြိမ်အမိန့်ပေး တော်မူ၏။-
2 “Get up! Go to the great city of Nineveh and proclaim to it the message that I give you.”
၂
3 This time Jonah got up and went to Nineveh, in accordance with the word of the LORD. Now Nineveh was an exceedingly great city, requiring a three-day journey.
၃သို့ဖြစ်၍ယောနသည်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံ၍နိနေဝေမြို့ကို သွား၏။ နိနေဝေမြို့သည်အလွန်ကြီးရ ကားထိုမြို့ကိုတစ်ဘက်မှတစ်ဘက်သို့ ဖြတ်လျှောက်လျှင်သုံးရက်ခရီးကြာ၏။-
4 On the first day of his journey, Jonah set out into the city and proclaimed, “Forty more days and Nineveh will be overturned!”
၄ယောနသည်နိနေဝေမြို့သို့ရောက်၍မြို့တွင်း သို့တစ်နေ့ခရီးဝင်ပြီးနောက်``နိနေဝေမြို့ သည်အရက်လေးဆယ်ကြာသောအခါ ပျက်လိမ့်မည်'' ဟုကြေညာလေ၏။
5 And the Ninevites believed God. They proclaimed a fast and dressed in sackcloth, from the greatest of them to the least.
၅နိနေဝေမြို့သူမြို့သားတို့သည်ဘုရားသခင်၏အမိန့်တော်ကိုယုံကြ၏။ သို့ဖြစ်၍ နောင်တရသည့်လက္ခဏာဖြင့်ဂုဏ်ရှိဂုဏ်မဲ့ တစ်ယောက်မကျန်အစာရှောင်၍လျှော်တေ ကိုဝတ်ကြရန်ဆုံးဖြတ်ကြ၏။
6 When word reached the king of Nineveh, he got up from his throne, took off his royal robe, covered himself with sackcloth, and sat in ashes.
၆ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
7 Then he issued a proclamation in Nineveh: “By the decree of the king and his nobles: Let no man or beast, herd or flock, taste anything at all. They must not eat or drink.
၇ထိုနောက်နိနေဝေဘုရင်သည်နိနေဝေမြို့ သူမြို့သားတို့သိကြစေရန်အမိန့်တော် ကိုထုတ်ပြန်လိုက်၏။ ထုတ်ပြန်ချက်မှာ``ဤ အမိန့်ကားဘုရင်နှင့်မှူးမတ်များထံမှ ဖြစ်၏။ အဘယ်သူမျှအစားအစာမစားရ၊ လူအားလုံးနှင့်တိရစ္ဆာန်အားလုံးတို့သည် အစာမစားရ၊ ရေမသောက်ရ။-
8 Furthermore, let both man and beast be covered with sackcloth, and have everyone call out earnestly to God. Let each one turn from his evil ways and from the violence in his hands.
၈လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။-
9 Who knows? God may turn and relent; He may turn from His fierce anger, so that we will not perish.”
၉သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။
10 When God saw their actions—that they had turned from their evil ways—He relented from the disaster He had threatened to bring upon them.
၁၀ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။