< Jonah 2 >
1 From inside the fish, Jonah prayed to the LORD his God,
၁ငါး ၏ဝမ်း ထဲမှာနေစဉ်တွင်၊ ယောန သည် မိမိ ဘုရား သခင် ထာဝရဘုရား ကို ဆုတောင်း သောစကားဟူမူကား ၊
2 saying: “In my distress I called to the LORD, and He answered me. From the belly of Sheol I called for help, and You heard my voice. (Sheol )
၂ငါသည် ဒုက္ခ ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား ကို ဟစ် ခေါ်၍ ငါ့ စကားကို ကြား တော်မူ၏။ မရဏာ နိုင်ငံ၏ ဝမ်း ထဲက ဟစ် ခေါ်သော စကား သံကို နားထောင် တော်မူ၏။ (Sheol )
3 For You cast me into the deep, into the heart of the seas, and the current swirled about me; all Your breakers and waves swept over me.
၃ကိုယ်တော်သည် အကျွန်ုပ် ကို နက်နဲ သောအရပ်၊ သမုဒ္ဒရာ အလယ် ချက်ထဲ သို့ ချ ပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍ လှိုင်း တံပိုး တော်ရှိသမျှ တို့သည် လွှမ်း မွန်း ကြပါ၏။
4 At this, I said, ‘I have been banished from Your sight; yet I will look once more toward Your holy temple.’
၄ထိုသို့ မျက်မှောက် တော်မှ နှင်ထုတ် ခြင်းကို ခံရသော်လည်း ၊ သန့်ရှင်း သောဗိမာန် တော်ကို မျက်မှောက် ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
5 The waters engulfed me to take my life; the watery depths closed around me; the seaweed wrapped around my head.
၅ရေ တို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်း သဖြင့်၊ အကျွန်ုပ်သည် ပင်လယ် အလယ်၌ အချုပ် ခံရပါ၏။ ပင်လယ်မြက်ပင် သည် အကျွန်ုပ် ခေါင်း ကို ပေါင်းစည်း လျက်ရှိပါ၏။
6 To the roots of the mountains I descended; the earth beneath me barred me in forever! But You raised my life from the pit, O LORD my God!
၆တောင် ခြေရင်း အမြစ်သို့ အကျွန်ုပ်ဆင်း ၍၊ မြေ ကန့်လန့်ကျင် အတွင်း၌ အစဉ် အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို ပျက်စီး ရာမှ ကယ်ဆယ် တော်မူလိမ့်မည်။
7 As my life was fading away, I remembered the LORD. My prayer went up to You, to Your holy temple.
၇အကျွန်ုပ် သည် စိတ်ပျက် သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ပဌနာ သည် သန့်ရှင်း သော ဗိမာန် တော်၌ ကိုယ်တော် ထံ သို့ဝင် ပါ၏။
8 Those who cling to worthless idols forsake His loving devotion.
၈မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ တို့ ကရုဏာ ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။
9 But I, with the voice of thanksgiving, will sacrifice to You. I will fulfill what I have vowed. Salvation is from the LORD!”
၉အကျွန်ုပ် မူကား ၊ ကျေးဇူး တော်ကို ချီးမွမ်းသော စကား နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ သစ္စာ ဂတိ ထားသည်အတိုင်း သစ္စာဝတ် ကို ပြုပါမည်။ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါသည်ဟု ဆုတောင်းလေ၏။
10 And the LORD commanded the fish, and it vomited Jonah onto dry land.
၁၀ထိုအခါ ငါး ကြီးသည် ထာဝရဘုရား ၏ အမိန့် တော်ကိုခံ ၍ ယောန ကို ကုန်း ပေါ် သို့ အန် လေ၏။