< Job 4 >
1 Then Eliphaz the Temanite replied:
၁ထိုအခါ တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည်ကား၊
2 “If one ventures a word with you, will you be wearied? Yet who can keep from speaking?
၂ငါတို့သည် သင် နှင့် နှုတ်ဆက် စမ်း လျှင်၊ သင်သည် စိတ်ပျက် ကောင်းပျက်လိမ့်မည်။ သို့ သော်လည်း၊ အဘယ် သူသည် စကား မ ပြောဘဲ နေနိုင် မည်နည်း။
3 Surely you have instructed many, and have strengthened their feeble hands.
၃သင်သည် လူအများ တို့ကို ဆုံးမ ပြီ။ လက် မ စွမ်းသောသူတို့ကို ခိုင်ခံ့ စေပြီ။
4 Your words have steadied those who stumbled; you have braced the knees that were buckling.
၄သင် ၏စကား သည် လဲ လုသောသူကို ထောက်မ ပြီ။ နုန့်နဲ သောဒူး တို့ကိုလည်း တည့် စေပြီ။
5 But now trouble has come upon you, and you are weary. It strikes you, and you are dismayed.
၅ယခု မူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက် ၏။ အထိ အခိုက်ခံရသောကြောင့် မိန်းမော တွေဝေလျက် နေ၏။
6 Is your reverence not your confidence, and the uprightness of your ways your hope?
၆သင် ၏ရိုသေ သောသဘော၊ ယုံကြည် ကိုးစားသောသဘော၊ မြော်လင့် သောသဘော၊ တည်ကြည် သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
7 Consider now, I plead: Who, being innocent, has ever perished? Or where have the upright been destroyed?
၇အပြစ် နှင့်ကင်းလွတ်လျက်ပင်ပျက်စီး ခြင်းသို့ အဘယ်သူ ရောက်သနည်း။ ဖြောင့်မတ် သောသူသည် အဘယ် အရပ်၌ ဆုံးသနည်းဟု ဆင်ခြင် ပါလော့။
8 As I have observed, those who plow iniquity and those who sow trouble reap the same.
၈ငါသိ မြင်သည်အတိုင်း ၊ မ တရားသော လယ်ထွန် ခြင်းကို ပြုသောသူနှင့် အဓမ္မ မျိုးစေ့ကို ကြဲ သောသူတို့ သည် ထိုသို့နှင့်အညီစပါးရိတ် တတ်ကြ၏။
9 By the breath of God they perish, and by the blast of His anger they are consumed.
၉ဘုရား သခင်မှုတ် တော်မူသဖြင့် ၊ ထိုသူတို့သည် ပျက်စီး ၍ ၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံး ရကြ ၏။
10 The lion may roar, and the fierce lion may growl, yet the teeth of the young lions are broken.
၁၀ခြင်္သေ့ ဟောက် ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့ အသံ မြည်ခြင်း၊ ခြင်္သေ့ ကလေးကိုက်ဝါး ခြင်း ငြိမ်းရ၏။
11 The old lion perishes for lack of prey, and the cubs of the lioness are scattered.
၁၁ဘမ်း ၍ စားစရာမ ရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့ သည်သေ ၍၊ ခြင်္သေ့ မ၏သား ငယ်တို့သည် အရပ်ရပ်ကွဲပြား ရကြ၏။
12 Now a word came to me secretly; my ears caught a whisper of it.
၁၂တရံရောအခါငါ သည် တိတ်ဆိတ် စွာ ဗျာဒိတ် တော်ကို ရ၍ တို သောအသံကိုကြား ရ၏။
13 In disquieting visions in the night, when deep sleep falls on men,
၁၃လူ တို့သည်ကြီးစွာ သော အိပ်ပျော်ခြင်းသို့ရောက်၍ ၊ ထူးဆန်းသောရူပါရုံ ထင်ရှားရာ ကာလညဉ့် အချိန်၌ ငါအောက်မေ့စဉ်တွင်၊
14 fear and trembling came over me and made all my bones shudder.
၁၄ငါ့ အရိုး များ တုန်လှုပ် သည်တိုင်အောင်၊ ငါ အလွန်ကြောက် အားကြီး၍ ထိတ်လန့် လျက်နေ၏။
15 Then a spirit glided past my face, and the hair on my body bristled.
၁၅ဝိညာဉ် တပါးသည် ငါ့ ရှေ့ ၌ ကန့်လန့်ရှောက်သွား ၍၊ ငါသည် ကြက်သီး မွေးညှင်းထ လေ၏။
16 It stood still, but I could not discern its appearance; a form loomed before my eyes, and I heard a whispering voice:
၁၆ထိုဝိညာဉ်သည်ရပ် နေ၍၊ ပုံ သဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါ မြင်ရ၏။ ငြင်း သော အသံရှိ၍ ငါကြား သောစကား သံဟူမူကား၊
17 ‘Can a mortal be more righteous than God, or a man more pure than his Maker?
၁၇သေတတ်သောလူ သည် ဘုရား သခင့်ရှေ့မှာ ဖြောင့်မတ် ခြင်းရှိရသလော။ လူ သတ္တဝါသည် ဖန်ဆင်း တော်မူသောအရှင်ရှေ့မှာ သန့်ရှင်း ခြင်း ရှိရသလော။
18 If God puts no trust in His servants, and He charges His angels with error,
၁၈အမှု တော်ထမ်းတို့ကို ယုံ တော်မ မူ။ ကောင်းကင်တမန် တော်တို့၌ စုံလင် ခြင်းမရှိဟု ထင်တော်မူ၏။
19 how much more those who dwell in houses of clay, whose foundations are in the dust, who can be crushed like a moth!
၁၉သို့ဖြစ်လျှင် မြေမှုန့် ၌ တည်၍ မြေ ထဲတွင် နေ တတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူ တို့ကို ပိုးရွ ပင်နိုင်တတ်၏။
20 They are smashed to pieces from dawn to dusk; unnoticed, they perish forever.
၂၀တနေ့ခြင်းတွင် ပျက်စီး တတ်ကြ၏။ အဘယ်သူမျှပမာဏ မ ပြုဘဲ အစဉ် ဆုံးရှုံး ခြင်းသို့ ရောက်တတ်ကြ၏။
21 Are not their tent cords pulled up, so that they die without wisdom?’
၂၁သူ တို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာ မ ရှိဘဲ သေ သွားတတ်ကြ၏။