< Jeremiah 7 >
1 This is the word that came to Jeremiah from the LORD, saying,
၁ထာဝရဘုရား ၏ အထံ တော်က နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ သင်သည် ဗိမာန် တော် တံခါး ဝ၌ ရပ် လျက် ကြွေးကြော် ရမည့်စကား ဟူမူကား ၊
2 “Stand in the gate of the house of the LORD and proclaim this message: Hear the word of the LORD, all you people of Judah who enter through these gates to worship the LORD.
၂ထာဝရဘုရား ကို ကိုးကွယ် ခြင်းငှါ ၊ ဤ တံခါး တို့ အတွင်းသို့ ဝင် သောယုဒ အမျိုးသားအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
3 Thus says the LORD of Hosts, the God of Israel: Correct your ways and deeds, and I will let you live in this place.
၃ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များတို့ကို ပြုပြင် ကြလော့။ သို့ပြုလျှင် သင် တို့ကို ဤ အရပ် ၌ ငါနေ စေမည်။
4 Do not trust in deceptive words, chanting: ‘This is the temple of the LORD, the temple of the LORD, the temple of the LORD.’
၄ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
5 For if you really correct your ways and deeds, if you act justly toward one another,
၅သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များ တို့ကို စုံလင်စွာ ပြုပြင် လျှင် ၎င်း ၊ အမှုသည်ချင်း တို့ကို သေချာစွာ တရား သဖြင့် စီရင် လျှင် ၎င်း ၊
6 if you no longer oppress the foreigner and the fatherless and the widow, and if you no longer shed innocent blood in this place or follow other gods to your own harm,
၆ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူငယ်၊ မုတ်ဆိုးမ ကို မ ညှဉ်းဆဲ ၊ အပြစ် မရှိသောသူ၏ အသက် ကိုဤ အရပ် ၌ မ သတ် ၊ ကိုယ် အကျိုးကို ဖျက် ၍ အခြား တပါးသော ဘုရား တို့ကို မ ချဉ်းကပ် ဘဲ နေလျှင်၎င်း ၊
7 then I will let you live in this place, in the land that I gave to your fathers forever and ever.
၇သင် တို့ဘိုးဘေး တို့အား ၊ ငါသည် အစဉ် မပြတ်ပေး သော ပြည် တည်းဟူသောဤ အရပ် ဌာန၌ သင် တို့ကို ငါနေ စေမည်။
8 But look, you keep trusting in deceptive words to no avail.
၈အကျိုး မ ရှိဘဲ မုသာ စကား ကို ပြောသောသူတို့၌ သင် တို့သည် ခိုလှုံ ကြ၏။
9 Will you steal and murder, commit adultery and perjury, burn incense to Baal, and follow other gods that you have not known,
၉သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊
10 and then come and stand before Me in this house, which bears My Name, and say, ‘We are delivered, so we can continue with all these abominations’?
၁၀ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်၌ ၊ ငါ့ ရှေ့ မှာဝင် ၍ ရပ် လျက်၊ ဤ ရွံရှာ ဘွယ်သော အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ်နှုတ် တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက် ရကြမည် လော။
11 Has this house, which bears My Name, become a den of robbers in your sight? Yes, I too have seen it, declares the LORD.
၁၁ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်ကို၊ သင်တို့သည် ထားပြ တွင်း ကဲ့သို့ထင် ကြသလော။ ဤအမှုကို ငါ့ ကိုယ်တိုင်မြင် ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
12 But go now to the place in Shiloh where I first made a dwelling for My Name, and see what I did to it because of the wickedness of My people Israel.
၁၂ရှေ့ဦး စွာငါ ၏ နာမ ကို ငါတည် စေသောအရပ် ၊ ရှိလော ရွာ၌ ရှိသော ငါ့ အရပ် ဌာနသို့ သွား ၍ ၊ ငါ ၏အမျိုး ဣသရေလ လူတို့၏ အပြစ် ကြောင့် ၊ ထို အရပ်ကို အဘယ် သို့ငါပြု ဘူးသည်ကို ကြည့်ရှု ကြလော့။
13 And now, because you have done all these things, declares the LORD, and because I have spoken to you again and again but you would not listen, and I have called to you but you would not answer,
၁၃ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား မ ထောင်၊ ငါခေါ် ၍ သင်တို့သည် မ ထူး သောကြောင့်၎င်း ၊
14 therefore what I did to Shiloh I will now do to the house that bears My Name, the house in which you trust, the place that I gave to you and your fathers.
၁၄ရှိလော ရွာကို ငါပြု သကဲ့သို့ ၊ ငါ ၏နာမ ဖြင့် သမုတ် သော ၊ သင် တို့ခိုလှုံ သော ဤအိမ် တော်၊ သင် တို့နှင့် ဘိုးဘေး တို့အား ငါပေး သော အရပ် ဌာနကို ငါပြု မည်။
15 And I will cast you out of My presence, just as I have cast out all your brothers, all the descendants of Ephraim.
၁၅သင် တို့ညီအစ်ကို ဧဖရိမ် အမျိုးသား ရှိသမျှ တို့ကို ငါနှင်ထုတ် သကဲ့သို့ ၊ သင် တို့ကို ငါ့ ထံ မှ ငါနှင်ထုတ် မည်။
16 As for you, do not pray for these people, do not offer a plea or petition on their behalf, and do not beg Me, for I will not listen to you.
၁၆သင် သည်လည်း ဤ လူမျိုး အဘို့ ပဌနာ မ ပြုနှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြု နှင့်။ ငါ့ ကို မ သွေးဆောင် နှင့်။ သင် ၏ စကားကို ငါ နား မ ထောင်။
17 Do you not see what they are doing in the cities of Judah and in the streets of Jerusalem?
၁၇သူ တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ တို့၌ ပြု ကြသော အမှုကို မ မြင် သလော။
18 The sons gather wood, the fathers light the fire, and the women knead the dough to make cakes for the Queen of Heaven; they pour out drink offerings to other gods to provoke Me to anger.
၁၈ငါ့ ကို နှောင့်ရှက် မည်အကြံ နှင့်၊ ကောင်းကင် မိဖုရား အဘို့ မုန့် ပြားတို့ကို လုပ် ၍ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာကိုပြုခြင်းငှါ၊ သား တို့သည် ထင်း ခွေ ကြ၏။ အဘ တို့သည် မီး ထည့် ကြ၏။ မိန်းမ တို့သည် မုန့် နယ် ကြ၏။
19 But am I the One they are provoking? declares the LORD. Is it not themselves they spite, to their own shame?
၁၉ထိုသို့ပြု၍ ငါ့ ကိုနှောင့်ရှက်ကြသလော။ မိမိ တို့ မျက်နှာ ကို ဖျက် မည်အကြောင်း ၊ မိမိ တို့ကိုယ်ကိုသာ နှောင့်ရှက် ကြသည်မ ဟုတ်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
20 Therefore this is what the Lord GOD says: Behold, My anger and My fury will be poured out on this place, on man and beast, on the trees of the field and the produce of the land, and it will burn and not be extinguished.
၂၀သို့ဖြစ်၍၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤ အရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံ အပေါ် မှာ ငါ သည် ဒေါသ အမျက် မီးကို သွန်းလောင်း ၍၊ ထိုမီးသည် မ ငြိမ်း ဘဲလောင် လိမ့်မည်။
21 This is what the LORD of Hosts, the God of Israel, says: Add your burnt offerings to your other sacrifices and eat the meat yourselves!
၂၁ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။
22 For when I brought your fathers out of the land of Egypt, I did not merely command them about burnt offerings and sacrifices,
၂၂အကြောင်း မူကား၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ငါ နှုတ် ဆောင်သောအခါ ၊ မီးရှို့ ရာယဇ် အစ ရှိသောယဇ် များအတွက် သူ တို့ကို ငါမှာ ထားသည် မ ဟုတ်။
23 but this is what I commanded them: Obey Me, and I will be your God, and you will be My people. You must walk in all the ways I have commanded you, so that it may go well with you.
၂၃ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ ၏ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။
24 Yet they did not listen or incline their ear, but they followed the stubborn inclinations of their own evil hearts. They went backward and not forward.
၂၄သို့ရာတွင် ၊ သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော နှလုံး ခိုင်မာ သည်နှင့်အညီကျင့်ကြံ ပြုမူ ၍ မျက်နှာ မ ပြု ၊ ကျော ခိုင်းလျက် နေကြ၏။
25 From the day your fathers came out of the land of Egypt until this day, I have sent you all My servants the prophets again and again.
၂၅သင် တို့အဘ များသည် အဲဂုတ္တု ပြည် က ထွက် သွား သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် နေ့ တိုင်း စောစော ထ၍ ၊ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် သော်လည်း ၊
26 Yet they would not listen to Me or incline their ear, but they stiffened their necks and did more evil than their fathers.
၂၆သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။
27 When you tell them all these things, they will not listen to you. When you call to them, they will not answer.
၂၇သင်သည် ဤ စကား အလုံးစုံ ကို သူ တို့အား ပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြ။
28 Therefore you must say to them, ‘This is the nation that would not listen to the voice of the LORD their God and would not receive correction. Truth has perished; it has disappeared from their lips.
၂၈သို့ဖြစ်၍ သင်ကလည်း၊ ဤ လူမျိုး သည် မိမိ တို့ ဘုရား သခင်ထာဝရဘုရား ၏စကား တော်ကို နား မ ထောင်၊ ဆုံးမ ၍ မ နိုင် သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာ ပျက် သော အမျိုးဖြစ်သည်ဟု သူ တို့အား ပြော ဆိုရမည်။
29 Cut off your hair and throw it away. Raise up a lamentation on the barren heights, for the LORD has rejected and forsaken the generation of His wrath.’
၂၉သင် ၏သစ္စာဆံပင် ကိုရိတ် ၍ ပစ် လိုက်လော့။ မြင့် သောအရပ်၌ မြည်တမ်း ခြင်းကို ပြု လော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိလူမျိုးကို ပယ် တော်မူပြီ။ အမျက် တော်သင့်ရောက်သော အမျိုး ကို စွန့်ပစ် တော်မူပြီ။
30 For the people of Judah have done evil in My sight, declares the LORD. They have set up their abominations in the house that bears My Name, and so have defiled it.
၃၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ အမျိုးသား တို့သည် ငါ့ ရှေ့ မှာဆိုး သော အမှုကိုပြု ကြပြီ။ ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်ကို ညစ်ညူး စေခြင်းငှါ ၊ ရွံရှာဘွယ် သောအရာတို့ကို သွင်း ထားကြပြီ။
31 They have built the high places of Topheth in the Valley of Hinnom so they could burn their sons and daughters in the fire—something I never commanded, nor did it even enter My mind.
၃၁ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော်လည်း ၊ သူ တို့သား သမီး များကို မီးရှို့ ခြင်းငှါ ဟိန္နုံ သား၏ချိုင့်၌ ရှိသော တောဖက် ကုန်း တို့ကို တည် ကြပြီ။
32 So behold, the days are coming, declares the LORD, when this place will no longer be called Topheth and the Valley of Hinnom, but the Valley of Slaughter. For they will bury the dead in Topheth until there is no more room.
၃၂သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက် ချိုင့်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလ ရောက် လိမ့်မည်။ တောဖက် ၌ မြေ လွတ်မ ရှိသည် တိုင်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။
33 The corpses of this people will become food for the birds of the air and the beasts of the earth, and there will be no one to scare them away.
၃၃ဤ လူမျိုး အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ် ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူ မျှမမောင်း ရ။
34 I will remove from the cities of Judah and the streets of Jerusalem the sounds of joy and gladness and the voices of the bride and bridegroom, for the land will become a wasteland.”
၃၄ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ နှင့် မင်္ဂလာဆောင်သတို့သမီး အသံ ကိုငါစဲ စေမည်။ တပြည် လုံးသည် လူဆိတ်ညံ ရာအရပ်ဖြစ် လိမ့်မည် ဟုမိန့်တော်မူ၏။