< Jeremiah 6 >

1 “Run for cover, O sons of Benjamin; flee from Jerusalem! Sound the ram’s horn in Tekoa; send up a signal over Beth-haccherem, for disaster looms from the north, even great destruction.
အိုဗင်္ယာမိန် အမျိုးသား တို့၊ ယေရုရှလင် မြို့ထဲက ထွက်၍ ၊ လွတ်အောင်ပြေး ကြလော့။ တေကော ရွာ၌ တံပိုး မှုတ် ကြလော့။ ဗေသက္ကရင် ရွာ၌ မီးရှုး ကို မြှောက် ၍ ပြကြလော့။ အကြောင်း မူကား၊ ဘေးဥပဒ် တည်းဟူသောကြီး စွာသော ပျက်စီး ခြင်းအကြောင်းအရာသည် မြောက် မျက်နှာက ပေါ် လာ၏။
2 Though she is beautiful and delicate, I will destroy the Daughter of Zion.
အဆင်းလှ ၍ နူးညံ့ သိမ်မွေ့သော သူတည်းဟူသော ဇိအုန် သတို့သမီး ကို ငါဖျက်ဆီး မည်။
3 Shepherds and their flocks will come against her; they will pitch their tents all around her, each tending his own portion:
သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။
4 ‘Prepare for battle against her; rise up, let us attack at noon. Woe to us, for the daylight is fading; the evening shadows grow long.
သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။
5 Rise up, let us attack by night and destroy her fortresses!’”
ထ ကြ။ ညဉ့် အခါ တက် သွား၍၊ သူ ၏ ဘုံ ဗိမာန် တို့ကို ဖျက်ဆီး ကြကုန်အံ့ဟုဆိုကြလိမ့်မည်။
6 For this is what the LORD of Hosts says: “Cut down the trees and raise a siege ramp against Jerusalem. This city must be punished; there is nothing but oppression in her midst.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သစ်ပင် တို့ကို ခုတ် လှဲကြလော့။ ယေရုရှလင် မြို့တဘက် ၌ မြေရိုး ကိုဖို့ ကြလော့။ ဤ မြို့ သည် ဆုံးမ စရာကောင်းသောမြို့ဖြစ်၏။ မြို့ ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက် ရှိ၏။
7 As a well gushes its water, so she pours out her evil. Violence and destruction resound in her; sickness and wounds are ever before Me.
စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
8 Be forewarned, O Jerusalem, or I will turn away from you; I will make you a desolation, a land without inhabitant.”
အိုယေရုရှလင် မြို့၊ ဆုံးမ ခြင်းကိုခံ လော့။ သို့မဟုတ် ၊ သင့် ကို ငါ ရွံရှာ မည်။ သင့် ကိုပယ်ရှင်း၍ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
9 This is what the LORD of Hosts says: “Glean the remnant of Israel as thoroughly as a vine. Pass your hand once more like a grape gatherer over the branches.”
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်နွယ် ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ် သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်း သော အရာကိုလိုက်၍ အကုန်အစင်ဆွတ် ကြ လိမ့်မည်။ စပျစ်သီး ဆွတ် သော သူကဲ့သို့ ၊ သင် ၏လက် ကို ခြင်းတောင်းထဲသို့ တဖန်သွင်း ဦးလော့။
10 To whom can I give this warning? Who will listen to me? Look, their ears are closed, so they cannot hear. See, the word of the LORD has become offensive to them; they find no pleasure in it.
၁၀သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော ၍ သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား မ ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။
11 But I am full of the LORD’s wrath; I am tired of holding it back. “Pour it out on the children in the street, and on the young men gathered together. For both husband and wife will be captured, the old and the very old alike.
၁၁ထိုကြောင့်၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏။ အောင့် ၍မ နေနိုင်။ လမ်း ၌ ရှိသောသူငယ် များနှင့် စုဝေး သောလူပျို များအပေါ် သို့ အမျက် တော်ကို ငါသွန်းလောင်း မည်။ လင် မယား အစုံ ကို၎င်း၊ အသက် ကြီးသောသူနှင့် အို လွန်းသောသူကို၎င်း သိမ်း သွားမည်။
12 Their houses will be turned over to others, their fields and wives as well, for I will stretch out My hand against the inhabitants of the land,”
၁၂သူ တို့အိမ် နှင့်တကွလယ်ယာ ၊ မိန်းမ တို့သည် သူတပါး လက်သို့ ရောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူ ပြည်သားတို့ကို ငါ ဒဏ်ခတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
13 “For from the least of them to the greatest, all are greedy for gain; from prophet to priest, all practice deceit.
၁၃အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
14 They dress the wound of My people with very little care, saying, ‘Peace, peace,’ when there is no peace at all.
၁၄ချမ်းသာ မ ရှိသောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီးအနာ ကို ပေါ့ လျော့ စွာ ကု ကြ၏။
15 Are they ashamed of the abomination they have committed? No, they have no shame at all; they do not even know how to blush. So they will fall among the fallen; when I punish them, they will collapse,”
၁၅သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
16 This is what the LORD says: “Stand at the crossroads and look. Ask for the ancient paths: ‘Where is the good way?’ Then walk in it, and you will find rest for your souls. But they said, ‘We will not walk in it!’
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
17 I appointed watchmen over you and said, ‘Listen for the sound of the ram’s horn.’ But they answered, ‘We will not listen!’
၁၇ငါကလည်း၊ တံပိုး မှုတ်သံ ကို နားထောင် ကြလော့ ဟုဆိုလျက်၊ သင် တို့အပေါ် ၌ကင်းစောင့် တို့ကို ခန့် ထားသောအခါ ၊ ငါတို့သည် နား မ ထောင်ဟု ပြန်ပြော ကြ ၏။
18 Therefore hear, O nations, and learn, O congregations, what will happen to them.
၁၈သို့ဖြစ်၍၊ အိုတပါးအမျိုးသား တို့၊ နားထောင် ကြလော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ် တို့၊ သိမှတ် ကြလော့။
19 Hear, O earth! I am bringing disaster on this people, the fruit of their own schemes, because they have paid no attention to My word and have rejected My instruction.
၁၉အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။
20 What use to Me is frankincense from Sheba or sweet cane from a distant land? Your burnt offerings are not acceptable; your sacrifices do not please Me.”
၂၀ရှေဘ ပြည်မှ လောဗန် ကို၎င်း၊ ဝေး သောပြည် မှ မွှေး သောကြံ ကို၎င်း ၊ အဘယ် ကြောင့်ငါ့ ထံသို့ ဆောင်ခဲ့ သနည်း။ သင် တို့မီးရှို့ ရာ ယဇ်တို့ကို ငါ အလို မ ရှိ။ ပူဇော်သောယဇ် အမျိုးမျိုးကို ငါမ နှစ်သက် ။
21 Therefore this is what the LORD says: “I will lay stumbling blocks before this people; fathers and sons alike will be staggered; friends and neighbors will perish.”
၂၁ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။
22 This is what the LORD says: “Behold, an army is coming from the land of the north; a great nation is stirred up from the ends of the earth.
၂၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက် မျက်နှာ မှ ပေါ် လာလိမ့်မည်။ ကြီး စွာသော လူမျိုး ကိုမြေကြီး စွန်း မှ ငါနှိုးဆော် မည်။
23 They grasp the bow and spear; they are cruel and merciless. Their voice roars like the sea, and they ride upon horses, lined up like men in formation against you, O Daughter of Zion.”
၂၃လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ ၊ သနား ခြင်းကရုဏာမ ရှိ။ သူ တို့ စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဇိအုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက် မြင်း စီး ၍၊ သင် ရှိရာသို့ ချီ လာကြလိမ့်မည်။
24 We have heard the report; our hands hang limp. Anguish has gripped us, pain like that of a woman in labor.
၂၄ထိုသိတင်း ကို ငါတို့သည် ကြား ၍ လက် အားလျော့ ကြ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို ၎င်း ခံ ရကြ၏။
25 Do not go out to the fields; do not walk the road. For the enemy has a sword; terror is on every side.
၂၅တော သို့မ ထွက် ကြနှင့်။ လမ်း မှာ မ သွား ကြနှင့်။ ရန်သူ ၌ ထား ပါ၏။ အရပ်ရပ် ၌ ဘေး ရှိ၏။
26 O daughter of my people, dress yourselves in sackcloth and roll in ashes. Mourn with bitter wailing, as you would for an only son, for suddenly the destroyer will come upon us.
၂၆အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။
27 “I have appointed you to examine My people like ore, so you may know and try their ways.
၂၇သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် ၍ သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။
28 All are hardened rebels, walking around as slanderers. They are bronze and iron; all of them are corrupt.
၂၈ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။
29 The bellows blow fiercely, blasting away the lead with fire. The refining proceeds in vain, for the wicked are not purged.
၂၉ဖိုကိုမီး လောင် ပြီ။ ခဲ လည်းကုန် ပြီ။ စစ် သောသူသည် မှုတ် ၍ အကျိုးကိုမရ။ ညံ့ သောအရာကို မ ထုတ် မပယ်နိုင်။
30 They are called rejected silver, because the LORD has rejected them.”
၃၀ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။

< Jeremiah 6 >