< Jeremiah 41 >
1 In the seventh month, Ishmael son of Nethaniah, the son of Elishama, who was a member of the royal family and one of the king’s chief officers, came with ten men to Gedaliah son of Ahikam at Mizpah, and they ate a meal together there.
၁သတ္တမ လ တွင် ဆွေ တော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သား နာသနိ ၏သား ဣရှမေလ သည်၊ လူ တကျိပ် နှင့် တကွ၊ အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့ သို့ လာ၍၊ ထို မြို့ ၌ တစု တည်းစားသောက် ကြ၏။
2 Then Ishmael son of Nethaniah and the ten men who were with him got up and struck down Gedaliah son of Ahikam, the son of Shaphan, with the sword, killing the one whom the king of Babylon had appointed to govern the land.
၂ထိုအခါ နာသနိ သား ဣရှမေလ နှင့် ထိုလူ တကျိပ် တို့သည် ထ ၍ ၊ ဗာဗုလုန် ရှင်ဘုရင် အခွင့်နှင့် ပြည် အုပ် လုပ်သော ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကိုထား နှင့် ခုတ် ၍ သတ် ကြ၏။
3 Ishmael also killed all the Jews who were with Gedaliah at Mizpah, as well as the Chaldean soldiers who were there.
၃ဣရှမေလ သည်လည်း ၊ မိဇပါ မြို့တွင် ဂေဒလိ ထံ ၌ ရှိ သော ယုဒ လူအပေါင်း တို့ကို၎င်း၊ တွေ့ သမျှသော ခါလဒဲ စစ်သူရဲ တို့ကို၎င်းသတ် လေ၏။
4 On the second day after the murder of Gedaliah, when no one yet knew about it,
၄ဂေဒလိ ကိုသတ် ၍ ၊ နှစ် ရက် လွန် သော်လည်း၊ ထိုအမှုကို အဘယ်သူ မျှမ သိ သေးသဖြင့် ၊
5 eighty men who had shaved off their beards, torn their garments, and cut themselves came from Shechem, Shiloh, and Samaria, carrying grain offerings and frankincense for the house of the LORD.
၅ရှေခင် မြို့၊ ရှိလော မြို့၊ ရှမာရိ မြို့မှ ထွက် လာသောလူ ရှစ်ကျိပ် တို့သည် မိမိတို့မုတ်ဆိတ် ကိုရိတ် ပြီးလျှင် ၊ အဝတ် စုတ်ကိုဝတ်၍ ရှန သော ကိုယ်ရှိလျက် ၊ ပူဇော် သက္ကာနှင့် နံ့သာ ပေါင်းကို ဗိမာန် တော်သို့ ဆောင် ခဲ့လျက် ရောက်လာကြ၏။
6 And Ishmael son of Nethaniah went out from Mizpah to meet them, weeping as he went. When Ishmael encountered the men, he said, “Come to Gedaliah son of Ahikam.”
၆ထိုသူ တို့ကို ကြိုဆို အံ့သောငှါ ၊ နာသနိ သား ဣရှမေလ သည် ငိုကြွေး လျက်၊ မိဇပါ မြို့မှ ထွက် ၍ တွေ့ သောအခါ ၊ အဟိကံ သား ဂေဒလိ ထံ သို့လာ ကြလော့ ဟု ခေါ် လေ၏။
7 And when they came into the city, Ishmael son of Nethaniah and the men with him slaughtered them and threw them into a cistern.
၇မြို့ ထဲ သို့ ရောက် ပြီးလျှင် ၊ နာသနိ သား ဣရှမေလ နှင့် သူ ၏လူ များတို့သည် ထိုသူ တို့ကိုသတ် ၍၊ မြေတွင်း ထဲ သို့ ပစ်ချကြ၏။
8 But ten of the men among them said to Ishmael, “Do not kill us, for we have hidden treasure in the field—wheat, barley, oil, and honey!” So he refrained from killing them with the others.
၈ထိုသူ တို့တွင် ပါသောလူ တကျိပ် တို့က၊ အကျွန်ုပ် တို့ကို မ သတ် ပါနှင့်။ အကျွန်ုပ် တို့သိုထားသော ဥစ္စာ တည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည် သည်တော ၌ ရှိ ပါ၏ဟု၊ ဣရှမေလ အား ပြော ဆိုသောကြောင့် ၊ ထိုသူ တို့ကိုသူ တို့ ညီအစ်ကို များနှင့်အတူမ သတ် ဘဲနေ၏။
9 Now the cistern into which Ishmael had thrown all the bodies of the men he had struck down along with Gedaliah was a large one that King Asa had made for fear of Baasha king of Israel. Ishmael son of Nethaniah filled it with the slain.
၉ဣရှမေလ သည် ဂေဒလိ နှင့်အတူ သတ် သော သူ အသေကောင် များကို ပစ်ချ သော တွင်း သည်အခြားတွင်း မဟုတ်၊ အာသ မင်းကြီး သည် ဣသရေလ ရှင်ဘုရင် ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိ သား ဣရှမေလ သည် အသေ ကောင်များနှင့် ပြည့် စေ၏။
10 Then Ishmael took captive all the remnant of the people of Mizpah—the daughters of the king along with all the others who remained in Mizpah—over whom Nebuzaradan captain of the guard had appointed Gedaliah son of Ahikam. Ishmael son of Nethaniah took them captive and set off to cross over to the Ammonites.
၁၀ထိုအခါ အဟိကံ သား ဂေဒလိ ၌ ကိုယ်ရံတော် မှူး နေဗုဇာရဒန် အပ် သော မင်း သမီး များအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်း သမျှ သော သူ တို့ ကို နာသနိ သား ဣရှမေလ သည် သိမ်းယူ ၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ ထွက်သွား လေ၏။
11 When Johanan son of Kareah and all the commanders of the armies with him heard of all the crimes that Ishmael son of Nethaniah had committed,
၁၁ထိုသို့နာသနိ သား ဣရှမေလ ပြု သော အမှုဆိုး အလုံးစုံ တို့ကို၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ ၌ရှိသမျှ သော တပ်မှူး တို့သည်ကြား လျှင် ၊
12 they took all their men and went to fight Ishmael son of Nethaniah. And they found him near the great pool in Gibeon.
၁၂လူ အပေါင်း တို့ကို ခေါ် ၍ ၊ နာသနိ သား ဣရှမေလ ကို တိုက် ခြင်းငှါ ထွက်သွား သဖြင့် ၊ ဂိဗောင် ကန် နား မှာတွေ့ လေ၏။
13 When all the people with Ishmael saw Johanan son of Kareah and all the commanders of the army with him, they rejoiced,
၁၃ဣရှမေလ ၌ ပါသော သူ အပေါင်း တို့သည် ကာရာ သား ယောဟနန် နှင့် သူ ၌ ပါသော တပ်မှူး အပေါင်း တို့ကို မြင် သောအခါ ၊ ဝမ်းမြောက် ခြင်းသို့ ရောက် ကြ၏။
14 and all the people whom Ishmael had taken captive at Mizpah turned and went over to Johanan son of Kareah.
၁၄ထိုအခါ မိဇပါ မြို့မှ ဣရှမေလ သိမ်း သွားသော လူ အပေါင်း တို့သည် သူ့ထံမှထွက် ၍ ၊ ကာရာ သား ယောဟနန် ထံသို့ ကူး သွားကြ၏။
15 But Ishmael son of Nethaniah and eight of his men escaped from Johanan and went to the Ammonites.
၁၅နာသနိ သား ဣရှမေလ သည် လူ ရှစ် ယောက်နှင့်တကွ ၊ ယောဟနန် လက်မှ လွတ် ပြေး၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ သွား လေ၏။
16 Then Johanan son of Kareah and all the commanders of the armies with him took the whole remnant of the people from Mizpah whom he had recovered from Ishmael son of Nethaniah after Ishmael had killed Gedaliah son of Ahikam: the soldiers, women, children, and court officials he had brought back from Gibeon.
၁၆ထိုသို့ အဟိကံ သား ဂေဒလိ ကို သတ် ပြီးသည် နောက် ၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ၌ ရှိသော တပ်မှူး အပေါင်း တို့သည် နာသနိ သား ဣရှမေလ လက်မှ ၎င်း ၊ မိဇပါ မြို့မှ ၎င်း နှုတ် ၍ ကျန် ကြွင်းသော သူ တည်း ဟူသော ၊ အားကြီး သော စစ်သူရဲ များ၊ မိန်းမ များ၊ သူငယ် များ၊ မိန်းမစိုး များ အပေါင်း တို့ကို ဂိဗောင် မြို့မှ ဆောင် ခဲ့ ပြန်၍၊
17 And they went and stayed in Geruth Chimham, near Bethlehem, in order to proceed into Egypt
၁၇ခါလဒဲလူတို့ကြောင့် အဲဂုတ္တု ပြည်သို့ ပြောင်းမည် အကြံရှိလျက်၊ ဗက်လင် မြို့နှင့်နီး သော ခိမဟံ ရွာသို့ သွား ၍ နေ ကြ၏။
18 to escape the Chaldeans. For they were afraid of the Chaldeans because Ishmael son of Nethaniah had struck down Gedaliah son of Ahikam, whom the king of Babylon had appointed over the land.
၁၈အကြောင်း မူကား၊ ပြည် အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့် ထားသော အဟိကံ သား ဂေဒလိ ကို နာသနိ သား ဣရှမေလ သတ် သောကြောင့် ၊ ခါလဒဲ လူတို့ကို ကြောက် ကြ၏။