< Jeremiah 4 >

1 “If you will return, O Israel, return to Me,” declares the LORD. “If you will remove your detestable idols from My sight and no longer waver,
အို ဣသရေလ အမျိုး၊ သင်သည် ပြန် လာလိုလျှင် ငါ့ ထံသို့ ပြန် လာပါ။ သင် ၏ရွံရှာဘွယ် တို့ကို ပယ် လိုလျှင် ငါ့ ထံမှ မ ရွှေ့ ရ။
2 and if you can swear, ‘As surely as the LORD lives,’ in truth, in justice, and in righteousness, then the nations will be blessed by Him, and in Him they will glory.”
သင်ကလည်း၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟု သစ္စာ စောင့်ခြင်း၊ တရားစီရင် ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆို လိမ့်မည်။ လူ အမျိုးမျိုးတို့သည် လည်း၊ ထိုဘုရား သခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍ ၊ ထိုဘုရား သခင်ကို အမှီပြု လျက် ဝါကြွား ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3 For this is what the LORD says to the men of Judah and Jerusalem: “Break up your unplowed ground, and do not sow among the thorns.
ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့ သားတို့အား မိန့် တော်မူသည်ကား ၊ သင် တို့၏ လယ် ကို ထွန်ကြလော့။ ဆူး ပင်တို့တွင် မျိုးစေ့ကို မ ကြဲ ကြနှင့်။
4 Circumcise yourselves to the LORD, and remove the foreskins of your hearts, O men of Judah and people of Jerusalem. Otherwise, My wrath will break out like fire and burn with no one to extinguish it, because of your evil deeds.”
အို ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့၊ ထာဝရဘုရား အဘို့ အလိုငှါအရေဖျား လှီး မင်္ဂလာကိုခံ၍ ၊ သင် တို့နှလုံး အရေဖျား ကို လှီး ဖယ်ကြလော့။ သို့မဟုတ် ၊ သင် တို့၏ အကျင့် မကောင်း သောကြောင့် ၊ ငါ အမျက် သည်မီး ကဲ့သို့ ထွက် ၍ ၊ အဘယ်သူ မျှမငြိမ်း နိုင် အောင် လောင် လိမ့်မည်။
5 Announce in Judah, proclaim in Jerusalem, and say: “Blow the ram’s horn throughout the land. Cry aloud and say, ‘Assemble yourselves and let us flee to the fortified cities.’
ယုဒ ပြည်၌ တံပိုး မှုတ် ကြလော့ဟု၊ ယေရုရှလင် မြို့ မှစ၍တပြည် လုံး ကြွေးကြော် ၍ သိတင်းကြား ကြလော့။ စည်းဝေး ၍ ခိုင်ခံ့ သောမြို့ များ အတွင်း သို့ ဝင် ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြားကြွေးကြော် ကြလော့။
6 Raise a signal flag toward Zion. Seek refuge! Do not delay! For I am bringing disaster from the north, and terrible destruction.
ဇိအုန် တောင်ပေါ်မှာ အလံ ကို ထူ ကြလော့။ လွတ်အောင် ပြေး ကြလော့။ ရပ် ၍ မ နေကြနှင့်။ အကြောင်း မူကား၊ ကြီးစွာ သော ပျက်စီး ခြင်း ဘေးဥပဒ် ကို မြောက် မျက်နှာမှ ငါ သည် ဆောင် ခဲ့မည်။
7 A lion has gone up from his thicket, and a destroyer of nations has set out. He has left his lair to lay waste your land. Your cities will be reduced to ruins and lie uninhabited.
ခြင်္သေ့ သည် မိမိ နေရာခြုံ ထဲက ထွက် လာပြီ။ တိုင်း နိုင်ငံတို့ကို ဖျက်ဆီး သောသူသည် လမ်း၌လာ ဆဲ ရှိ၏။ သင် ၏ပြည် ကို လူဆိတ်ညံ ရာအရပ် ဖြစ်စေခြင်းငှါ ၊ သူသည် မိမိ နေရာ မှ ထွက် လာသည်ဖြစ်၍၊ သင် ၏ မြို့ တို့ သည် လူမ နေ နိုင်အောင် ပျက်စီး ခြင်းသို့ ရောက်ကြ လိမ့်မည်။
8 So put on sackcloth, mourn and wail, for the fierce anger of the LORD has not turned away from us.”
ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။
9 “In that day,” declares the LORD, “the king and officials will lose their courage. The priests will tremble in fear, and the prophets will be astounded.”
ထိုအခါ ရှင်ဘုရင် နှင့် မှူးမတ် တို့သည် စိတ် ပျက် ကြလိမ့်မည်။ ယဇ် ပုရောဟိတ်တို့သည် မိန်းမော တွေဝေလျက် ၊ ပရောဖက် တို့သည် ထိတ်လန့် လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
10 Then I said, “Ah, Lord GOD, how completely You have deceived this people and Jerusalem by saying, ‘You will have peace,’ while a sword is at our throats.”
၁၀ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိ သည်တိုင်အောင် ခွင်းသော်လည်း၊ သင် တို့သည် ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤ လူ များနှင့်တကွ ယေရုရှလင် မြို့သားတို့ကို အလွန်လှည့်စား တော်မူပြီတကားဟု လျှောက်ဆို ၏။
11 At that time it will be said to this people and to Jerusalem, “A searing wind from the barren heights in the desert blows toward the daughter of My people, but not to winnow or to sift;
၁၁ထို ကာလ ၌ ဤ လူ များနှင့် ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ ဆို ရမည်ကား၊ ပူ သောလေ သည် တော ၌ မြင့် သောအရပ်က ငါ ၏လူမျိုး သတို့သမီး ထံသို့လာလိမ့်မည်။ အမှော်လွင့် စေခြင်း၊ သန့်ရှင်း စေခြင်းငှါ လာ သောလေမဟုတ်။
12 a wind too strong for that comes from Me. Now I also pronounce judgments against them.”
၁၂ထို လေထက် ပြင်း သော လေ သည် ငါ့ အလိုကို ပြည့်စုံစေခြင်းငှါ လာ လိမ့်မည်။ ယခု ပင် သူတို့ကို ငါ ကိုယ်တိုင်စစ်ကြော စီရင် မည်။
13 Behold, he advances like the clouds, his chariots like the whirlwind. His horses are swifter than eagles. Woe to us, for we are ruined!
၁၃လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
14 Wash the evil from your heart, O Jerusalem, so that you may be saved. How long will you harbor wicked thoughts within you?
၁၄အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။
15 For a voice resounds from Dan, proclaiming disaster from the hills of Ephraim.
၁၅ဒန် ပြည်၌ အသံ ကို ကြား ရ၏။ ဧဖရိမ် တောင် ပေါ် မှာ ဒုက္ခ သိတင်းကို ဟစ်ကြော် ကြ၏။
16 Warn the nations now! Proclaim to Jerusalem: “A besieging army comes from a distant land; they raise their voices against the cities of Judah.
၁၆အပြည် ပြည်တို့၌ သိတင်းကြား ကြလော့။ ယေရုရှလင် မြို့ကို ရည်မှတ်၍ ကြွေးကြော် ကြလော့။ ကင်းစောင့် တို့သည် ဝေး သောပြည် က လာ ၍ ၊ ယုဒ မြို့ များ တစ်ဘက် ၌ ထူး ကြလိမ့်မည်။
17 They surround her like men guarding a field, because she has rebelled against Me,” declares the LORD.
၁၇လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။
18 “Your ways and deeds have brought this upon you. This is your punishment; how bitter it is, because it pierces to the heart!”
၁၈သင် လိုက်သောထုံးစံ နှင့် သင် ကျင့်သောအကျင့် တို့သည် သင့် အပေါ် မှာ ဤ အမှုကို သက်ရောက် စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါး စပ်သောစိတ်၊ နာကြည်း သောစိတ် ရှိရာ၏ဟု ထာဝရဘုရား မိန့် တော်မူ ၏။
19 My anguish, my anguish! I writhe in pain! Oh, the pain in my chest! My heart pounds within me; I cannot be silent. For I have heard the sound of the horn, the alarm of battle.
၁၉ငါ့ အသည်း သည်နာ၏။ ငါ့ အသည်း သည်နာ၏။ ငါ့ နှလုံး အရေဖျား လည်းနာ ၏။ ငါ့ အထဲ ၌ ငါ့ နှလုံး ပူဆွေး ၏။ ငါသည် တိတ်ဆိတ် စွာ မနေနိုင်။ အကြောင်း မူကား၊ အိုငါ့ ဝိညာဉ် ၊ သင်သည် တံပိုး မှုတ်သံ နှင့် စစ်တိုက် သံ ကို ကြား ရ၏။
20 Disaster after disaster is proclaimed, for the whole land is laid waste. My tents are destroyed in an instant, my curtains in a moment.
၂၀ပျက်စီး ပြီ၊ ပျက်စီး ပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည် လုံး ပျက်စီး ပြီ။ ငါ ၏တဲ တို့သည် ခဏ ခြင်း တွင် ပျက်စီး ကြပြီ။ ငါ ၏ကုလားကာ တို့သည် ချက်ခြင်း ပျက်စီးကြပြီ။
21 How long must I see the signal flag and hear the sound of the horn?
၂၁ငါသည် အဘယ် မျှကာလပတ်လုံး အလံ ကို မြင် ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုး သံ ကို ကြား ရအံ့နည်း။
22 “For My people are fools; they have not known Me. They are foolish children, without understanding. They are skilled in doing evil, but they know not how to do good.”
၂၂အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။
23 I looked at the earth, and it was formless and void; I looked to the heavens, and they had no light.
၂၃ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။
24 I looked at the mountains, and behold, they were quaking; all the hills were swaying.
၂၄တောင် တို့ကိုလည်း ငါကြည့် ရှု၍ ၊ သူတို့နှင့်တကွကုန်း ရှိသမျှ တို့သည် တုန်လှုပ် လျက်နေကြ၏။
25 I looked, and no man was left; all the birds of the air had fled.
၂၅ငါကြည့် ရှု၍ လူ မ ရှိ။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် ပြေး ကြပြီ။
26 I looked, and the fruitful land was a desert. All its cities were torn down before the LORD, before His fierce anger.
၂၆ငါ ကြည့်ရှု ၍ ဝပြော သော ပြည်သည် တော ဖြစ် လေပြီ။ မြို့ များတို့သည် ပြိုပျက် လျက်ရှိကြ၏။ ထာဝရဘုရား ရှေ့ ၊ ပြင်းစွာသော အမျက် တော်ရှေ့ ၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
27 For this is what the LORD says: “The whole land will be desolate, but I will not finish its destruction.
၂၇ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တပြည် လုံး ပျက်စီး ရာ ဖြစ် လိမ့်မည်။ ပျက်စီး ခြင်းကို ငါမ ဆီးတား ။
28 Therefore the earth will mourn and the heavens above will grow dark. I have spoken, I have planned, and I will not relent or turn back.”
၂၈ထိုကြောင့် ၊ မြေကြီး သည် ညည်းတွား လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း နက် လိမ့်မည်။ ငါသည် ပြော ပြီးမှ နောင်တ မ ရှိ။ ကြံ ပြီးမှ အကြံ မ ပျက်ရ။
29 Every city flees at the sound of the horseman and archer. They enter the thickets and climb among the rocks. Every city is abandoned; no inhabitant is left.
၂၉မြင်းစီး သူရဲနှင့် လေး ကိုင်သူရဲတို့ ဟစ် သော အသံ ကြောင့် ၊ မြို့ သား အပေါင်း တို့သည် တောအုပ် သို့ ပြေး သွားကြ၏။ ကျောက် ပေါ် သို့ တက် ကြ၏။ မြို့ ရှိသမျှ တို့ ကို စွန့်ပစ် ၍ နေ သောသူတ ယောက်မျှ မ ရှိရ။
30 And you, O devastated one, what will you do, though you dress yourself in scarlet, though you adorn yourself with gold jewelry, though you enlarge your eyes with paint? You adorn yourself in vain; your lovers despise you; they want to take your life.
၃၀သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။
31 For I hear a cry like a woman in labor, a cry of anguish like one bearing her first child— the cry of the Daughter of Zion gasping for breath, stretching out her hands to say, “Woe is me, for my soul faints before the murderers!”
၃၁အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။

< Jeremiah 4 >