< Jeremiah 37 >

1 Nebuchadnezzar king of Babylon made Zedekiah son of Josiah the king of Judah, and he reigned in place of Coniah son of Jehoiakim.
ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယော​ယ ကိမ်​သား​ယေ​ခေါ​နိ​မင်း​အ​စား ယော​ရှိ​၏​သား ဇေဒ​ကိ​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား သော်​လည်း၊-
2 But he and his officers and the people of the land refused to obey the words that the LORD had spoken through Jeremiah the prophet.
ဇေ​ဒ​ကိ​နှင့်​သူ​၏​မှူး​မတ်​များ​နှင့်​ပြည်​သူ များ​သည် ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ကြ။
3 Yet King Zedekiah sent Jehucal son of Shelemiah and Zephaniah the priest, the son of Maaseiah, to Jeremiah the prophet with the message, “Please pray to the LORD our God for us!”
ဇေ​ဒ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ် သော ရှေ​လ​မိ​၏​သား​ယေ​ကု​လ​နှင့် မာ​သေ​ယ ၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ​သို့​စေ​လွှတ်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ငါ့​အား``ငါ​တို့​နိုင်​ငံ​အ​ဖို့ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု​ပြော​ကြား ကြ​၏။-
4 Now Jeremiah was free to come and go among the people, for they had not yet put him in prison.
ထို​အ​ခါ​ငါ​သည်​ထောင်​ထဲ​သို့​မ​ရောက်​သေး ပေ။ ငါ​သည်​လူ​တို့​နှင့်​လွတ်​လပ်​စွာ​သွား​လာ ပေါင်း​သင်း​လျက်​နေ​နိုင်​သေး​၏။-
5 Pharaoh’s army had left Egypt, and when the Chaldeans who were besieging Jerusalem heard the report, they withdrew from Jerusalem.
ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။
6 Then the word of the LORD came to Jeremiah the prophet:
ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ့ ထံ​သို့​စေ​လွှတ်​လျှောက်​ထား​စေ​သူ​ယု​ဒ ဘု​ရင်​အား၊-
7 “This is what the LORD, the God of Israel, says that you are to tell the king of Judah, who sent you to Me: Behold, Pharaoh’s army, which has marched out to help you, will go back to its own land of Egypt.
`သင့်​ကို​အ​ကူ​အ​ညီ​ပေး​ရန်​ယ​ခု​ချီ​တက် လာ​သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည် မိ​မိ​တို့​နေ​ရင်း​အီ​ဂျစ်​ပြည်​သို့​ပြန်​သွား လိမ့်​မည်။-
8 Then the Chaldeans will return and fight against this city. They will capture it and burn it down.
ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ပြန် လာ​ပြီး​လျှင် ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။-
9 This is what the LORD says: Do not deceive yourselves by saying, ‘The Chaldeans will go away for good,’ for they will not!
ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​မု​ချ​ပြန်​လာ ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​ပြန်​လာ​ကြ​တော့ မည်​မ​ဟုတ်​ဟု​သင်​တို့​အ​ထင်​မ​မှား​ကြ​စေ ရန်​သင်​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​၏။-
10 Indeed, if you were to strike down the entire army of the Chaldeans that is fighting against you, and only wounded men remained in their tents, they would still get up and burn this city down.”
၁၀အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
11 When the Chaldean army withdrew from Jerusalem for fear of Pharaoh’s army,
၁၁ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည်​နီး​ကပ်​၍ လာ​သ​ဖြင့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည်​ဆုတ် ခွာ​သွား​တော့​၏။-
12 Jeremiah started to leave Jerusalem to go to the land of Benjamin to claim his portion there among the people.
၁၂ထို​အ​ခါ​ငါ​ယေ​ရ​မိ​သည်​မိ​မိ​အိမ်​ထောင်​စု နှင့်​ဆိုင်​သော​အ​မွေ​ခံ​ပစ္စည်း​ကို​သိမ်း​ယူ​ရန် ယေ​ရု​ရှ​လင်​မြို့​မှ​ဗင်္ယာ​မိန်​နယ်​မြေ​သို့ စ​တင်​ထွက်​ခွာ​သွား​လေ​သည်။-
13 But when he reached the Gate of Benjamin, the captain of the guard, whose name was Irijah son of Shelemiah, the son of Hananiah, seized him and said, “You are deserting to the Chaldeans!”
၁၃သို့​ရာ​တွင်​ဗင်္ယာ​မိန်​တံ​ခါး​သို့ ရောက်​ရှိ​သော အ​ခါ​ဟာ​န​နိ​၏​မြေး၊ ရှေ​လ​မိ​၏​သား ဣ​ရိ​ယ​ဟု​ဆို​သူ​ကင်း​မှူး​က``သင်​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘက်​သို့​ထွက် ပြေး​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
14 “That is a lie,” Jeremiah replied. “I am not deserting to the Chaldeans!” But Irijah would not listen to him; instead, he arrested Jeremiah and took him to the officials.
၁၄ငါ​က``သင်​ပြော​သ​ကဲ့​သို့​မ​ဟုတ်။ ငါ​မ​ထွက် ပြေး​ပါ'' ဟု​ပြန်​ပြော​သော်​လည်း​ဣ​ရိ​ယ သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ငါ့ ကို​ဖမ်း​ဆီး​ပြီး​လျှင်​မှူး​မတ်​များ​ထံ​သို့ ခေါ်​ဆောင်​သွား​လေ​သည်။-
15 The officials were angry with Jeremiah, and they beat him and placed him in jail in the house of Jonathan the scribe, for it had been made into a prison.
၁၅ထို​သူ​တို့​သည်​ငါ့​အား​ပြင်း​စွာ​အ​မျက်​ထွက် သ​ဖြင့်​ရိုက်​နှက်​ပြီး​လျှင် ဘု​ရင်​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​ယော​န​သန်​၏​အိမ်​တွင်​အ​ကျဉ်း​ချ ထား​ကြ​၏။ (ထို​အိမ်​ကို​ထောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​၍​ထား​သ​တည်း။-)
16 So Jeremiah went into a cell in the dungeon and remained there a long time.
၁၆ငါ​သည်​လည်း​မြေ​အောက်​အ​ချုပ်​ခန်း​သို့​ရောက် ရှိ​ကာ ကာ​လ​ကြာ​မြင့်​စွာ​အ​ကျဉ်း​ခံ​လျက် နေ​ရ​လေ​တော့​၏။
17 Later, King Zedekiah sent for Jeremiah and received him in his palace, where he asked him privately, “Is there a word from the LORD?” “There is,” Jeremiah replied. “You will be delivered into the hand of the king of Babylon.”
၁၇ဇေ​ဒ​ကိ​မင်း​သည် ငါ့​အား​နန်း​တော်​သို့​ခေါ်​ယူ ပြီး​လျှင် ``ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ဗျာ ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​ရ​ရှိ​ပါ​သ​လော'' ဟု​တိတ်​တ​ဆိတ်​မေး​မြန်း​တော်​မူ​၏။ ငါ​က``ရှိ​ပါ​သည်။ အ​ရှင်​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​လက်​တွင်း​သို့​ရောက်​ရှိ​ရ​ပါ​လိမ့်​မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။-
18 Then Jeremiah asked King Zedekiah, “How have I sinned against you or your servants or these people, that you have put me in prison?
၁၈ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-
19 Where are your prophets who prophesied to you, claiming, ‘The king of Babylon will not come against you or this land’?
၁၉ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-
20 But now please listen, O my lord the king. May my petition come before you. Do not send me back to the house of Jonathan the scribe, or I will die there.”
၂၀အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
21 So King Zedekiah gave orders for Jeremiah to be placed in the courtyard of the guard and given a loaf of bread daily from the street of the bakers, until all the bread in the city was gone. So Jeremiah remained in the courtyard of the guard.
၂၁ထို့​ကြောင့်​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​နန်း တော်​ဝင်း​အ​တွင်း​၌​ချုပ်​နှောင်​ထား​ရန်​အ​မိန့် ပေး​တော်​မူ​၏။ ငါ​သည်​မြို့​တွင်း​၌​မုန့်​များ ကုန်​သည်​အ​ထိ​မုန့်​ဖို​များ​မှ​နေ့​စဉ်​နေ့​တိုင်း မုန့်​တစ်​လုံး​ကို​ရ​ရှိ​လေ​သည်။ ဤ​သို့​လျှင် ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌​နေ​ရ သ​တည်း။

< Jeremiah 37 >