< Jeremiah 36 >
1 In the fourth year of Jehoiakim son of Josiah king of Judah, this word came to Jeremiah from the LORD:
၁ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
2 “Take a scroll and write on it all the words I have spoken to you concerning Israel, Judah, and all the nations, from the day I first spoke to you during the reign of Josiah until today.
၂သင် သည် စာလိပ် ကိုယူ ပြီးလျှင် ၊ ယောရှိ မင်း လက်ထက် ၌ သင့် အား ငါပြော သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အစ ရှိသောခပ်သိမ်း သော တိုင်း ပြည်တို့ကို ငါခြိမ်း သမျှ သော စကား အတိုင်း ရေး ထားလော့။
3 Perhaps when the people of Judah hear about all the calamity I plan to bring upon them, each of them will turn from his wicked way. Then I will forgive their iniquity and their sin.”
၃ယုဒ အမျိုး တို့၌ ပြုမည်ဟု ငါ ကြံစည် သမျှ သော ဘေးဥပဒ် တို့ကို သူတို့သည် ကြားသောအခါ၊ သူ တို့ ဒုစရိုက် အပြစ် ကို ငါလွှတ် မည်အကြောင်း၊ အသီး အသီး လိုက်ဘူး သော အဓမ္မ လမ်း တို့ကို ရှောင်ကောင်း ရှောင် ကြ လိမ့်မည်ဟု မိန့် တော်မူ၏။
4 So Jeremiah called Baruch son of Neriah, and at the dictation of Jeremiah, Baruch wrote on a scroll all the words that the LORD had spoken to Jeremiah.
၄ထိုအခါယေရမိ သည် နေရိ သား ဗာရုတ် ကို ခေါ် ပြီးလျှင် ထာဝရဘုရား မိန့် တော်မူသမျှ သော စကား တော်တို့ကို ပြန်ပြော သည်အတိုင်း ၊ ဗာရုတ် သည် စာလိပ် ၌ ရေး ထားလေ၏။
5 Then Jeremiah commanded Baruch, “I am restricted; I cannot enter the house of the LORD;
၅ယေရမိ ကလည်း ၊ ငါ သည် အချုပ်ခံ လျက် နေရ သောကြောင့်၊ ဗိမာန် တော်သို့ မ သွား နိုင် ။
6 so you are to go to the house of the LORD on a day of fasting, and in the hearing of the people you are to read the words of the LORD from the scroll you have written at my dictation. Read them in the hearing of all the people of Judah who are coming from their cities.
၆သင် သွား လော့။ ငါ ပြန်ပြော သည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေး ထားသော ထာဝရဘုရား ၏ စကား တော်တို့ကို၊ အစာရှောင် သောနေ့ တွင် ၊ ဗိမာန် တော်၌ရှိသောသူ တို့ အားဘတ် လော့။ အမြို့မြို့ အရွာရွာ က လာ သော ယုဒ လူတို့အားလည်း ဘတ် လော့။
7 Perhaps they will bring their petition before the LORD, and each one will turn from his wicked way; for great are the anger and fury that the LORD has pronounced against this people.”
၇သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ၌ ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။
8 So Baruch son of Neriah did everything that Jeremiah the prophet had commanded him. In the house of the LORD he read the words of the LORD from the scroll.
၈ထိုသို့ ပရောဖက် ယေရမိ မှာ ထားသမျှ အတိုင်း ၊ နေရိ သား ဗာရုတ် သည်ပြု ၍၊ ထာဝရဘုရား ၏ စကား တော်ပါသောစာ ကိုဗိမာန် တော်၌ ဘတ် လေ၏။
9 Now in the ninth month of the fifth year of Jehoiakim son of Josiah king of Judah, a fast before the LORD was proclaimed to all the people of Jerusalem and all who had come there from the cities of Judah.
၉ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံငါး နှစ် ၊ နဝမ လ တွင် ယေရုရှလင် မြို့သား အပေါင်း တို့နှင့် ၊ ယုဒ မြို့ ရွာမှ ယေရုရှလင် မြို့သို့ ရောက် လာသောသူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့တော်၌ အစာရှောင် ရာအချိန်ကို ကြော်ငြာ ကြ၏။
10 From the chamber of Gemariah son of Shaphan the scribe, which was in the upper courtyard at the opening of the New Gate of the house of the LORD, Baruch read from the scroll the words of Jeremiah in the hearing of all the people.
၁၀ထိုအခါ ဗာရုတ် သည် ဗိမာန် တော်တံခါး သစ် နား မှာ၊ အထက် တန်တိုင်းအတွင်း၊ စာရေး တော်ရှာဖန် သား ဂေမရိ ၏အခန်း ၌၊ ယေရမိ စီရင်သောစာ ကို လူ အပေါင်း တို့ ရှေ့ မှာ ဘတ် လေ၏။
11 When Micaiah son of Gemariah, the son of Shaphan, heard all the words of the LORD from the scroll,
၁၁ထိုစာ ၌ ပါသမျှ သော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန် သား ဖြစ်သော ဂေမရိ ၏သား မိက္ခါယ သည်ကြား လျှင် ၊
12 he went down to the scribe’s chamber in the king’s palace, where all the officials were sitting: Elishama the scribe, Delaiah son of Shemaiah, Elnathan son of Achbor, Gemariah son of Shaphan, Zedekiah son of Hananiah, and all the other officials.
၁၂နန်းတော် အတွင်း၊ စာရေး တော်အခန်း သို့ သွား ၍ ၊ စာရေး တော် ဧလိရှမာ ၊ ရှေမာယ သား ဒေလာယ ၊ အာခဗော် သား ဧလနာသန် ၊ ရှာဖန် သား ဂေမရိ ၊ ဟာနနိ သား ဇေဒကိ အစရှိ သော မှူး တော်မတ်တော် အပေါင်း တို့သည် ထိုင် လျက်ရှိကြ၏။
13 And Micaiah reported to them all the words he had heard Baruch read from the scroll in the hearing of the people.
၁၃ထိုအခါဗာရုတ် သည် လူ များတို့အား ဘတ် သော စာ ထဲက မိက္ခါယ ကြား သမျှ သော စကားတို့ကို ပြန်ပြော လေ၏။
14 Then all the officials sent word to Baruch through Jehudi son of Nethaniah, the son of Shelemiah, the son of Cushi, saying, “Bring the scroll that you read in the hearing of the people, and come here.” So Baruch son of Neriah took the scroll and went to them.
၁၄ထိုမင်း အပေါင်း တို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိ တို့မှ ဆင်းသက် သော ယေဟုဒိ ကို ဗာရုတ် ထံသို့ စေလွှတ် လျက်၊ သင်သည် လူ များတို့အား ဘတ် သော စာလိပ် ကို သင့် လက် နှင့်ကိုင် ၍ လာ ခဲ့ဟုခေါ် ကြ၏။ နေရိ သား ဗာရုတ် သည်လည်း၊ စာလိပ် ကိုကိုင် ၍ လာ ၏။
15 “Please sit down,” they said, “and read it in our hearing.” So Baruch read it in their hearing.
၁၅သူ တို့ကလည်း ထိုင် လော့။ ငါ တို့အား ဘတ် လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ် သည် သူ တို့ရှေ့ မှာ ဘတ် လေ ၏။
16 When they had heard all these words, they turned to one another in fear and said to Baruch, “Surely we must report all these words to the king.”
၁၆ထိုစကား အလုံးစုံ တို့ကို မင်း များတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့ သောစိတ် ရှိ၍ ၊ ငါတို့သည် ဤ စကား အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက်ဆက်ကြား လျှောက်ရမည်ဟု ဗာရုတ် ကို ဆို ကြ၏။
17 “Tell us now,” they asked Baruch, “how did you write all these words? Was it at Jeremiah’s dictation?”
၁၇တဖန် သင်သည် ဤ စကား အလုံးစုံ တို့ကို သူ့ နှုတ် မြွက် သည် အတိုင်း အဘယ်သို့ ရေး ထားသနည်းဟု မေးမြန်း လျှင်၊
18 “It was at his dictation,” Baruch replied. “He recited all these words to me and I wrote them in ink on the scroll.”
၁၈ဗာရုတ် က၊ သူသည်ဤ စကား အလုံးစုံ တို့ကို နှုတ် မြွက် ၍ ၊ အကျွန်ုပ် သည် မှင် နှင့် ရေး ထားပါ၏ဟု ပြန်ပြော သော် ၊
19 Then the officials said to Baruch, “You and Jeremiah must hide yourselves and tell no one where you are.”
၁၉မင်း များတို့က၊ သင် သွား လော့။ ယေရမိ နှင့် အတူ ပုန်းရှောင် ၍ နေလော့။ အဘယ်မှာ နေသည်ကို တစုံ တယောက်မျှ မ သိ စေနှင့်ဟုဗာရုတ် အား မှာ ခဲ့၍ ၊
20 So the officials went to the king in the courtyard. And having stored the scroll in the chamber of Elishama the scribe, they reported everything to the king.
၂၀စာလိပ် ကိုစာရေး တော်ဧလိရှမာ ၏ အခန်း ၌ ထား ပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင် ထံသို့ဝင်၍၊ ထိုအမှု ကို အကုန် အစင်လျှောက် ကြ၍။
21 Then the king sent Jehudi to get the scroll, and he took it from the chamber of Elishama the scribe. And Jehudi read it in the hearing of the king and all the officials who were standing beside him.
၂၁ရှင် ဘုရင်သည် ထိုစာလိပ် ကိုယူ ချေဟု၊ ယေဟုဒိ ကိုစေလွှတ် သဖြင့် ၊ ယေဟုဒိ သည် စာရေး တော်ဧလိရှမာ ၏ အခန်း ထဲက ယူ ၍ ၊ ရှင်ဘုရင် အစရှိသော အထံ တော်၌ ရပ် နေသောမှူးမတ် အပေါင်းတို့ရှေ့ မှာ ဘတ် လေ၏။
22 Since it was the ninth month, the king was sitting in his winter quarters with a fire burning before him.
၂၂ထို အခါနဝမ လ ဖြစ်၍၊ ရှင် ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်း အခန်းတွင်ထိုင် ၍ ၊ ရှေ့ တော်၌ မီးမယ်ဖျူး ပေါ်မှာ မီး ခဲပုံရှိ၏။
23 And as soon as Jehudi had read three or four columns, Jehoiakim would cut them off with a scribe’s knife and throw them into the firepot, until the entire scroll had been consumed by the fire.
၂၃ယေဟုဒိ သည် သုံး လေး ခဏ်း လောက် ဘတ် မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ထား နှင့် လှီး ၍ မီးမယ်ဖျူး ပေါ် မှာရှိသော မီး ထဲသို့ စာလိပ်ကို ချ ပစ်လျှင်၊ အကုန် အစင် ကျွမ်း လောင်လေ၏။
24 Yet in hearing all these words, the king and his servants did not become frightened or tear their garments.
၂၄ရှင်ဘုရင် မှစ၍ ၊ ထို စကား အလုံးစုံ တို့ကို ကြား သော ရှင် ဘုရင်၏ ကျွန် တယောက်မျှမ ကြောက် ၊ မိမိ အဝတ် ကိုလည်း မ ဆုတ် ကြ။
25 Even though Elnathan, Delaiah, and Gemariah urged the king not to burn the scroll, he would not listen to them.
၂၅ရှင် ဘုရင်သည် စာလိပ် ကိုမီး မရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိ တို့သည် တောင်းပန် သော်လည်း ၊ ရှင်ဘုရင်သည် သူ တို့စကားကို နား မ ထောင်။
26 Instead, the king commanded Jerahmeel, a son of the king, as well as Seraiah son of Azriel and Shelemiah son of Abdeel, to seize Baruch the scribe and Jeremiah the prophet. But the LORD had hidden them.
၂၆တဖန်ရှင် ဘုရင်သည် စာရေး ဗာရုတ် နှင့် ပရောဖက် ယေရမိ ကို ဘမ်းဆီး စေခြင်းငှါ ၊ သား တော်ယေရမေလ ၊ အာဇရေလ သား စရာယ ၊ အာဗဒေလ သား ရှေလမိ တို့ကို စေလွှတ် လေ၏။ သို့ရာတွင် ၊ ထာဝရဘုရား သည် ထိုသူ နှစ်ယောက်တို့ကို ဝှက် ထားတော်မူ၏။
27 After the king had burned the scroll containing the words that Baruch had written at Jeremiah’s dictation, the word of the LORD came to Jeremiah:
၂၇ယေရမိ နှုတ် မြွက်သည်အတိုင်း ဗာရုတ် ရေး ထားသော ထိုစာလိပ် ကို ရှင်ဘုရင် မီးရှို့ သောနောက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည် ကား၊
28 “Take another scroll and rewrite on it the very words that were on the original scroll, which Jehoiakim king of Judah has burned.
၂၈သင် သည်အခြား သော စာလိပ် ကိုယူ ၍၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော အရင် စာလိပ် ၌ ပါ သမျှ သော စကား ရင်း အတိုင်း ရေး ထားလော့။
29 You are to proclaim concerning Jehoiakim king of Judah that this is what the LORD says: You have burned the scroll and said, ‘Why have you written on it that the king of Babylon would surely come and destroy this land and deprive it of man and beast?’
၂၉သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ၍ ဤ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို ၍ စာလိပ် ကိုမီးရှို့ ပြီ။
30 Therefore this is what the LORD says about Jehoiakim king of Judah: He will have no one to sit on David’s throne, and his body will be thrown out and exposed to heat by day and frost by night.
၃၀ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ် ၏ရာဇ ပလ္လင်ပေါ် မှာ မ ထိုင် ရ။ သူ ၏အသေ ကောင်ကို နေ့ အချိန်၌ နေပူ ထဲသို့ ၎င်း ၊ ညဉ့် အချိန်၌ နှင်းခဲ ထဲသို့ ၎င်း ပစ် လိုက်ကြလိမ့်မည်။
31 I will punish him and his descendants and servants for their iniquity. I will bring on them, on the residents of Jerusalem, and on the men of Judah, all the calamity about which I warned them but they did not listen.”
၃၁သူ မှစ၍ သူ ၏သား မြေးတို့ကို ၎င်း၊ သူ ၏ ကျွန် တို့ကို၎င်း၊ အပြစ် နှင့်အလျောက်ငါစီရင် မည်။ သူ တို့နှင့် ယေရှုရှလင် မြို့သူ ယုဒ ပြည်သား တို့သည် နား မ ထောင်၊ သူ တို့အပေါ် သို့ ငါခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ရောက် စေမည်ဟုမိန့်တော်မူ၏။
32 Then Jeremiah took another scroll and gave it to the scribe Baruch son of Neriah, and at Jeremiah’s dictation he wrote on it all the words of the scroll that Jehoiakim king of Judah had burned in the fire. And many similar words were added to them.
၃၂ထိုအခါ ယေရမိ သည်အခြား သော စာလိပ် ကို ယူ ၍ ၊ နေရိ သား စာရေး ဗာရုတ် အား ပေး သဖြင့် ၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော စာ ၌ ပါသမျှ သော စကား တို့ကို ယေရမိ သည်နှုတ် မြွက်၍၊ ဗာရုတ်သည်ရေး ထား ၏။ အလား တူသော စကား အများ ကိုလည်းထပ်၍သွင်း ရ၏။