< Jeremiah 33 >

1 While Jeremiah was still confined in the courtyard of the guard, the word of the LORD came to him a second time:
ယေရမိ သည် ထောင် ဝင်း ထဲမှာ အချုပ်ခံ လျက် နေရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ရောက် လာ၍ ၊
2 “Thus says the LORD who made the earth, the LORD who formed it and established it, the LORD is His name:
ဤအမှု ကို ပြု သောဘုရား၊ ဤအမှု ကို ဖန်ဆင်း စီရင် သော ဘုရား ၊ ယေဟောဝါ အမည် ရှိသောထာဝရဘုရား မိန့် တော်မူသည်ကား ၊
3 Call to Me, and I will answer and show you great and unsearchable things you do not know.
ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။
4 For this is what the LORD, the God of Israel, says about the houses of this city and the palaces of the kings of Judah that have been torn down for defense against the siege ramps and the sword:
ပြအိုး မြေရိုးဖြင့်၎င်း ၊ ထား ဖြင့်၎င်း ပြိုပျက် သော ဤ မြို့ ၏အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ ဘုံ ဗိမာန်များကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
5 The Chaldeans are coming to fight and to fill those places with the corpses of the men I will strike down in My anger and in My wrath. I have hidden My face from this city because of all its wickedness.
ခါလဒဲ လူတို့သည် စစ်တိုက် ခြင်းငှါ လာ ကြ၏။ ငါ သည် ပြင်းစွာအမျက် ထွက်၍ ကွပ်မျက် သော သူ တို့ ၏ အသေ ကောင်များနှင့် ထို အိမ်များကို ပြည့် စေခြင်းငှါ လာကြ၏။ ထိုသူ တို့၏ ဒုစရိုက် များကြောင့် ၊ ဤ မြို့ မှ ငါ သည် မျက်နှာ ကိုလွှဲ ပြီ။
6 Nevertheless, I will bring to it health and healing, and I will heal its people and reveal to them the abundance of peace and truth.
သို့ရာတွင်၊ ငါ သည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက် စေမည်။ မြို့သားတို့သည် ကျန်းမာ မည် အကြောင်း ၊ မြဲ သောစည်းစိမ်ချမ်းသာ နှင့် ပြည့်စုံ မည် အကြောင်းကို ငါပြ မည်။
7 I will restore Judah and Israel from captivity and will rebuild them as in former times.
သိမ်းသွား ခြင်းကိုခံရသောယုဒ အမျိုးနှင့် ဣသရေလ အမျိုးသား တို့ကို တဖန်ငါဆောင် ခဲ့၍ အရင် ကဲ့သို့ တည်ဆောက် မည်။
8 And I will cleanse them from all the iniquity they have committed against Me, and will forgive all their sins of rebellion against Me.
သူတို့သည် ငါ့ ကို ပြစ်မှား သမျှ သော အပြစ် တို့ကို ငါဖြေရှင်း မည်။ ငါ့ ကို ပြစ်မှား ၍ ငါ၏တရားကို လွန်ကျူး သမျှ သောအပြစ် တို့ကို ငါလွှတ် မည်။
9 So this city will bring Me renown, joy, praise, and glory before all the nations of the earth, who will hear of all the good I do for it. They will tremble in awe because of all the goodness and prosperity that I will provide for it.
ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်း သောလူမျိုး တို့တွင် ချီးမွမ်း စရာ အကြောင်း၊ ဂုဏ် အသရေတော်ကျော်စော စရာအကြောင်းဖြစ် လိမ့်မည်။ ဤမြို့သားတို့အား ငါ ပြု သမျှ သော ကျေးဇူး ကို လူအမျိုးမျိုးတို့သည် ကြား သိကြလိမ့်မည်။ ဤမြို့ ၌ ငါ ပြုစု သမျှသော စည်းစိမ် ချမ်းသာ ကိုထောက်၍ ကြောက်ရွံ တုန်လှုပ် ကြလိမ့်မည်။
10 This is what the LORD says: In this place you say is a wasteland without man or beast, in the cities of Judah and in the streets of Jerusalem that are deserted—inhabited by neither man nor beast—there will be heard again
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ ဆိတ်ညံ ပြီဟု သင် တို့ဆို တတ်သော ဤ အရပ် ၌ ၎င်း ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ နေ သောသူမ ရှိ၊ ဆိတ်ညံသောယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ၎င်း ၊
11 the sounds of joy and gladness, the voices of the bride and bridegroom, and the voices of those bringing thank offerings into the house of the LORD, saying: ‘Give thanks to the LORD of Hosts, for the LORD is good; His loving devotion endures forever.’ For I will restore the land from captivity as in former times, says the LORD.
၁၁နောက်တဖန်ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သော အသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင် သတို့သမီး အသံ ၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ချီးမွမ်း ကြလော့ဟုဆို သောသူတို့ ၏အသံ ၊ ချီးမွမ်း ရာ ပူဇော်သက္ကာကို ဗိမာန် တော်သို့ဆောင် ခဲ့သောသူတို့ ၏ အသံကို ကြား ရကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်း သွားခြင်းကို ခံရသောပြည် သားတို့ကို ငါဆောင် ခဲ့၍၊ အရင် ကဲ့သို့ နေစေမည်ဟု မိန့် တော်မူ၏။
12 This is what the LORD of Hosts says: In this desolate place, without man or beast, and in all its cities, there will once more be pastures for shepherds to rest their flocks.
၁၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မရှိ၊ ဆိတ်ညံ သော ဤ အရပ် တွင် ၊ မြို့ ရွာရှိသမျှ တို့၌ သိုးစု ကို ထိန်းသော သိုးထိန်း နေရာ ရှိ လေဦး မည်။
13 In the cities of the hill country, the foothills, and the Negev, in the land of Benjamin and the cities surrounding Jerusalem, and in the cities of Judah, the flocks will again pass under the hands of the one who counts them, says the LORD.
၁၃တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ ၊ ဗင်္ယာမိန် ပြည် ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်၊ ယုဒ မြို့ များတို့၌ ၊ သိုးစု ကိုရေတွက် သောသူ ၏ လက် အောက် မှာ၊ သိုးစုတို့သည် တဖန် ရှောက်သွား ကြလိမ့်မည် ဟု မိန့် တော်မူ၏။
14 Behold, the days are coming, declares the LORD, when I will fulfill the gracious promise that I have spoken to the house of Israel and the house of Judah.
၁၄တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့၌ ငါထား သော ဂတိ အတိုင်း ကျေးဇူး ပြုရသော အချိန်ကာလသည် ရောက် လိမ့်မည်။
15 In those days and at that time I will cause to sprout for David a righteous Branch, and He will administer justice and righteousness in the land.
၁၅ထို ကာလ အခါ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါ ပေါက် စေ၍ ၊ သူသည် မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် လိမ့်မည်။
16 In those days Judah will be saved, and Jerusalem will dwell securely, and this is the name by which it will be called: The LORD Our Righteousness.
၁၆ထို ကာလ ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ ရောက်၍ ၊ ယေရုရှလင် မြို့သည်လည်း ငြိမ်ဝပ် ခြင်း ရှိ လိမ့်မည်။ ထိုမြို့သည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိလိမ့်သတည်း။
17 For this is what the LORD says: David will never lack a man to sit on the throne of the house of Israel,
၁၇ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ နန်းတော် ပေါ် မှာ ထိုင် ရသောဒါဝိဒ် မင်းရိုး မင်းစဉ်သည် အလျှင်း မပြတ် ရ။
18 nor will the priests who are Levites ever fail to have a man before Me to offer burnt offerings, to burn grain offerings, and to present sacrifices.”
၁၈ငါ့ ရှေ့ မှာ မီးရှို့ ရာ ယဇ်ကိုပူဇော် လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ လျက် ၊ ယဇ် ပူဇော်ရာဝတ်ကို အစဉ် ပြု ရသော လေဝိ သားယဇ် ပုရောဟိတ်ရိုးလည်း အလျှင်း မပြတ် ရဟု မိန့်တော်မူ၏။
19 And the word of the LORD came to Jeremiah:
၁၉တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
20 “This is what the LORD says: If you can break My covenant with the day and My covenant with the night, so that day and night cease to occupy their appointed time,
၂၀ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါထား သောနေ့ ပဋိညာဉ် နှင့် ညဉ့် ပဋိညာဉ် တရားကို သင်တို့သည် ဖျက် ၍၊ နေ့ ညဉ့် အပိုင်း အခြား မ ရှိ စေခြင်းငှါ တတ်နိုင် လျှင်၊
21 then My covenant may also be broken with David My servant and with My ministers the Levites who are priests, so that David will not have a son to reign on his throne.
၂၁ငါ ၏ကျွန် ဒါဝိဒ် ၌ ငါ ထားသော ပဋိညာဉ် ပျက် ၍၊ ဒါဝိဒ် ၏ ရာဇပလ္လင် ပေါ် မှာစိုးစံ ရသောဒါဝိဒ် မင်းရိုး သည် ပြတ်လိမ့်မည်။ ငါ ၏အမှုထမ်း လေဝိ သား ယဇ် ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
22 As the hosts of heaven cannot be counted and as the sand on the seashore cannot be measured, so too will I multiply the descendants of My servant David and the Levites who minister before Me.”
၂၂မိုဃ်းကောင်းကင် တန်ဆာ တို့ကို မ ရေတွက် နိုင်၊ သမုဒ္ဒရာ သဲ လုံးတို့ကို တောင်းတင်းနှင့် မ ခြင် နိုင်အောင် များပြားသကဲ့သို့၊ ငါ့ ကျွန် ဒါဝိဒ် ၏အမျိုး ကို၎င်း ၊ ငါ ၏အမှုထမ်း လေဝိ သားတို့ကို၎င်းငါများ ပြားစေမည်ဟု မိန့် တော်မူ ၏။
23 Moreover, the word of the LORD came to Jeremiah:
၂၃တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
24 “Have you not noticed what these people are saying: ‘The LORD has rejected the two families He had chosen’? So they despise My people and no longer regard them as a nation.
၂၄ထာဝရဘုရား ရွေးကောက် သော လူမျိုး နှစ် မျိုး ကို တဖန် ပယ် တော်မူပြီဟု ဤ လူ တို့ပြော တတ်သော စကား ကို သင်သည်ဆင်ခြင် ပြီလော။ ထိုသို့သူတို့သည် ငါ ၏လူမျိုး ကို လူမျိုး ကဲ့သို့မ မှတ် ၊ မထီမဲ့မြင် ပြုကြပြီ။
25 This is what the LORD says: If I have not established My covenant with the day and the night and the fixed order of heaven and earth,
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နေ့ နှင့် ညဉ့် အဘို့ငါ ၏ပဋိညာဉ် မရှိ လျှင် ၎င်း ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး တရား တို့ကို ငါမ စီရင် လျှင်၎င်း ၊
26 then I would also reject the descendants of Jacob and of My servant David, so as not to take from his descendants rulers over the descendants of Abraham, Isaac, and Jacob. For I will restore them from captivity and will have compassion on them.”
၂၆အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် အမျိုး ကို အုပ်စိုး ရသောမင်းအရာ၌၊ ယာကုပ် အမျိုးနှင့် ငါ့ ကျွန် ဒါဝိဒ် ၏ အမျိုးသား စဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ် မည်။ သို့မဟုတ်သိမ်း သွားခြင်းကိုခံရသောထိုသူ တို့ ကို တဖန်ငါဆောင် ခဲ့၍ ကယ်မ သနားမည်ဟု မိန့်တော်မူ ၏။

< Jeremiah 33 >