< Jeremiah 25 >

1 This is the word that came to Jeremiah concerning all the people of Judah in the fourth year of Jehoiakim son of Josiah king of Judah, which was the first year of Nebuchadnezzar king of Babylon.
ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီးသား ယောယကိမ် နန်းစံစတုတ္ထ နှစ် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံပဌမ နှစ် တွင်၊ ယုဒ ပြည်သား အပေါင်း တို့ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်ကို၊
2 So the prophet Jeremiah spoke to all the people of Judah and all the residents of Jerusalem as follows:
ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား အပေါင်း တို့ အား ၊ ယေရမိ ဆင့်ဆို ဟောပြောရသည်ကား ၊
3 “From the thirteenth year of Josiah son of Amon king of Judah until this very day—twenty-three years—the word of the LORD has come to me, and I have spoken to you again and again, but you have not listened.
ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ နန်းစံဆယ် သုံး နှစ် မှစ၍ ယခု တိုင် အောင်၊ အနှစ်နှစ်ဆယ် သုံး နှစ် ပတ်လုံး ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်အတိုင်း၊ ငါသည် စော စောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့် ဆိုသော်လည်း ၊ သင်တို့သည် နား မ ထောင်ဘဲ နေကြ၏။
4 And the LORD has sent all His servants the prophets to you again and again, but you have not listened or inclined your ear to hear.
ထာဝရဘုရား သည်လည်း၊ စောစောထ ၍ မိမိ ကျွန် ပရောဖက် အပေါင်း တို့ကို၊ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် တော်မူသော်လည်း ၊ သင်တို့သည် နား မ ထောင်ကြ။ အမိန့်တော်ကို ကြား ခြင်းငှါ နား ကို မ လှည့် ဘဲ နေကြ၏။
5 The prophets told you, ‘Turn now, each of you, from your evil ways and deeds, and you can dwell in the land that the LORD has given to you and your fathers forever and ever.
ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်း ဆိုး နှင့် အကျင့် ဆိုး များကို ပယ်ရှား၍၊ သင် တို့နှင့် ဘိုးဘေး တို့အား ထာဝရဘုရား သည် အမြဲ ပေး တော်မူ သော ပြည် ၌ နေ ကြလော့။
6 Do not follow other gods to serve and worship them, and do not provoke Me to anger with the works of your hands. Then I will do you no harm.’
အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မ ပြု၊ မကိုးကွယ် ကြနှင့်။ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို မ ထွက်စေကြနှင့်။ ငါသည်လည်း ၊ သင် တို့ကို မ ညှဉ်းဆဲ ဟု ဆင့် ဆိုကြ၏။
7 ‘But to your own harm, you have not listened to Me,’ declares the LORD, ‘so you have provoked Me to anger with the works of your hands.’
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင် တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ ၊ ကိုယ် လက် နှင့် လုပ် သော အရာများအားဖြင့် ၊ ငါ ၏အမျက် ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း ၊ ငါ့ စကားကို နား မ ထောင်ဘဲနေကြပြီ။
8 Therefore this is what the LORD of Hosts says: ‘Because you have not obeyed My words,
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်သောကြောင့် ၊
9 behold, I will summon all the families of the north, declares the LORD, and I will send for My servant Nebuchadnezzar king of Babylon, whom I will bring against this land, against its residents, and against all the surrounding nations. So I will devote them to destruction and make them an object of horror and contempt, an everlasting desolation.
ဤ ပြည် နှင့် ပြည် သား များကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသောလူအမျိုးမျိုး တို့ကို၎င်းစစ်တိုက်စေခြင်းငှါ၊ ငါ ၏ ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော မြောက် ပြည်သား အမျိုးမျိုး အပေါင်းတို့ကို ငါ မှာ လိုက်၍ ဆောင် ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤ ပြည်သား တို့ကို အံ့ဩ ဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အစဉ် အမြဲလူဆိတ်ညံ ရာ ဖြစ် စေမည်။
10 Moreover, I will banish from them the sounds of joy and gladness, the voices of the bride and bridegroom, the sound of the millstones, and the light of the lamp.
၁၀ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။
11 And this whole land will become a desolate wasteland, and these nations will serve the king of Babylon for seventy years.
၁၁ဤ ပြည် တရှောက် လုံးသည် လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ ဖြစ် လိမ့်မည်။ ဤ လူမျိုး တို့သည် အနှစ် ခုနစ်ဆယ် ပတ်လုံးဗာဗုလုန် ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက် ရကြလိမ့်မည်။
12 But when seventy years are complete, I will punish the king of Babylon and that nation, the land of the Chaldeans, for their guilt, declares the LORD, and I will make it an everlasting desolation.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ် စေ့ သောအခါ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ၏ နိုင်ငံ တည်းဟူသောခါလဒဲ တိုင်း နိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ် ပေး၍ ၊ ထိုနိုင်ငံ ကို အစဉ် အမြဲ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
13 I will bring upon that land all the words I have pronounced against it, all that is written in this book, which Jeremiah has prophesied against all the nations.
၁၃ငါခြိမ်း သော စကား များတည်းဟူသော ယေရမိ သည် ခပ်သိမ်း သော တိုင်း နိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤ စာ ၌ ရေး ထားသော စကားရှိသမျှ တို့ကို ခါလဒဲ တိုင်း နိုင်ငံအပေါ် မှာ ငါသက်ရောက် စေမည်။
14 For many nations and great kings will enslave them, and I will repay them according to their deeds and according to the work of their hands.’”
၁၄များစွာ သော လူမျိုး တို့နှင့် ကြီး သော ရှင် ဘုရင်တို့သည် ခါလဒဲပြည်သားတို့ကို စေစား ကြလိမ့်မည်။ သူ တို့ ကျင့်သောအကျင့် ၊ သူတို့ကိုယ်တိုင်ပြုသောအမှု နှင့် အလျောက် ၊ အကျိုးအပြစ်ကို ငါဆပ် ပေးမည်။
15 This is what the LORD, the God of Israel, said to me: “Take from My hand this cup of the wine of wrath, and make all the nations to whom I send you drink from it.
၁၅ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ကလည်း ၊ အမျက် တော်စပျစ်ရည် ဖလား ကို ငါ့ လက် မှ ခံယူ လော့။ ငါ သည်သင့် ကို စေလွှတ် သော လူမျိုး အပေါင်း တို့ကို သောက် စေလော့။
16 And they will drink and stagger and go out of their minds, because of the sword that I will send among them.”
၁၆သူ တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သူတို့သည် သောက် ၍ ယစ်မူး တိမ်းယိမ်း ခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း ၊
17 So I took the cup from the LORD’s hand and made all the nations drink from it, each one to whom the LORD had sent me,
၁၇ငါသည် ထာဝရဘုရား ၏ လက် တော်မှ ထို ဖလား ကိုခံယူ ၍ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသော လူမျိုး အပေါင်း တို့ကို သောက် စေ၏။
18 to make them a ruin, an object of horror and contempt and cursing, as they are to this day—Jerusalem and the cities of Judah, its kings and officials;
၁၈ထိုလူမျိုးများဟူမူကား၊ ယနေ့ ရှိသည်အတိုင်း လူဆိတ်ညံ ရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့ သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ် စေခြင်းငှါ ၊ သောက်ရသောယေရုရှလင် မြို့သူ၊ ယုဒ ပြည် သား၊ ယုဒရှင် ဘုရင်များ၊ မှူးမတ် များ၊
19 Pharaoh king of Egypt, his officials, his leaders, and all his people;
၁၉အဲဂုတ္တု ပြည်ကို အစိုးရ သောဖာရော ဘုရင် အစရှိသောသူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူ ပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသား ရှိသမျှ ၊
20 all the mixed tribes; all the kings of Uz; all the kings of the Philistines: Ashkelon, Gaza, Ekron, and the remnant of Ashdod;
၂၀ဥဇ မင်းအပေါင်း ၊ ဖိလိတ္တိ မင်း အပေါင်း ၊ အာရှကေလုန် ပြည်သား၊ ဂါဇ ပြည်သား၊ ဧကြုန် ပြည်သား၊ ကျန်ကြွင်း သော အာဇုတ် ပြည်သား၊
21 Edom, Moab, and the Ammonites;
၂၁ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊
22 all the kings of Tyre and Sidon; the kings of the coastlands across the sea;
၂၂တုရု မင်း အပေါင်း ၊ ဇိဒုန် မင်း အပေါင်း ၊ ပင်လယ် တဘက် ၌ အစိုးရသောမင်း များ၊
23 Dedan, Tema, Buz, and all who cut the corners of their hair;
၂၃ဒေဓန် ပြည်သား၊ တေမ ပြည်သား၊ ဗုဇ ပြည်သား၊ ပါးမုန်း ကိုရိတ် တတ်သော ပြည်သားရှိသမျှ ၊
24 all the kings of Arabia, and all the kings of the mixed tribes who dwell in the desert;
၂၄အာရပ် မင်း အပေါင်း ၊ တော ၌ နေ ၍ အမျိုး မစစ် သော လူများကို အစိုးရသောမင်း အပေါင်း ၊
25 all the kings of Zimri, Elam, and Media;
၂၅ဇိမရိ မင်း အပေါင်း ၊ ဧလံ မင်း အပေါင်း ၊ မေဒိ မင်း အပေါင်း ၊
26 all the kings of the north, both near and far, one after another—all the kingdoms on the face of the earth. And after all of them, the king of Sheshach will drink it too.
၂၆တပါးနှင့်တပါးနီး သည်ဖြစ်စေ၊ ဝေး သည်ဖြစ်စေ၊ မြောက် ပြည်မင်း ရှိသမျှ တို့နှင့်၊ မြေကြီး တပြင်လုံး ၌ ရှိသမျှ သော လောကီ နိုင်ငံ အပေါင်း ပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက် ရှင်ဘုရင် သောက် ရမည်။
27 “Then you are to tell them that this is what the LORD of Hosts, the God of Israel, says: ‘Drink, get drunk, and vomit. Fall down and never get up again, because of the sword I will send among you.’
၂၇သင် တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သောက် ၍ ယစ်မူး ကြ။ အော့အန် ကြ၊ လဲ ကြ၊ နောက်တဖန် မ ထ ကြနှင့်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ဆင့်ဆို လော့။
28 If they refuse to take the cup from your hand and drink it, you are to tell them that this is what the LORD of Hosts says: ‘You most certainly must drink it!
၂၈သူတို့သည် သောက်ခြင်းငှါထိုဖလား ကို သင် ၏ လက် မှ မခံ၊ ငြင်းပယ် လျှင်လည်း၊ စင်စစ်သောက် ရကြမည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ပြန်ပြော လော့။
29 For behold, I am beginning to bring disaster on the city that bears My Name, so how could you possibly go unpunished? You will not go unpunished, for I am calling down a sword upon all the inhabitants of the earth, declares the LORD of Hosts.’
၂၉အကြောင်း မူကား၊ ငါ ၏နာမ ဖြင့် သမုတ် သော မြို့ ကို ငါ သည် အပြစ်ပေးစ ပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ် မခံဘဲမနေရကြ။ ငါ သည် မြေကြီး သား ရှိသမျှ တို့အဘို့ ထား ကို မှာ လိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
30 So you are to prophesy all these words against them and say to them: ‘The LORD will roar from on high; He will raise His voice from His holy habitation. He will roar loudly over His pasture; like those who tread the grapes, He will call out with a shout against all the inhabitants of the earth.
၃၀ထိုကြောင့် ၊ သင် သည် ပရောဖက် ပြုလျက် သူ တို့ အား ဟော ပြောရသောစကား များဟူမူကား၊ ထာဝရဘုရား သည် မြင့် သော အရပ် က ကြွေးကြော် တော်မူ မည်။ သန့်ရှင်း သော ဘုံဗိမာန် တော်က အသံ ကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ် ဌာန တဘက် ၌ ပြင်းစွာကြွေးကြော် တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ် သကဲ့သို့ ၊ မြေကြီး သား များ တဘက် ၌ အော်ဟစ် တော်မူမည်။
31 The tumult will resound to the ends of the earth because the LORD brings a charge against the nations. He brings judgment on all mankind and puts the wicked to the sword,’”
၃၁မြေကြီး စွန်း တိုင်အောင် အသံ နှံ့ပြား လိမ့်မည်။ ထာဝရဘုရား သည် လူ အမျိုးမျိုးတို့နှင့် တရား တွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်း သော သတ္တဝါ တို့ကို အမှုလုပ် တော်မူမည်။ ဆိုး သောသူတို့ကို ထား နှင့်ကွပ်မျက်စေခြင်းငှါ အပ် တော်မူမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
32 This is what the LORD of Hosts says: “Behold! Disaster is spreading from nation to nation; a mighty storm is rising from the ends of the earth.”
၃၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဘေး သည် တပြည် မှ တပြည် သို့ ကူး သွားလိမ့်မည်။ မြေကြီး အစွန်း အနားတို့ မှ ပြင်းစွာ သော လေဘွေ သည် ထ လိမ့်မည်။
33 Those slain by the LORD on that day will be spread from one end of the earth to the other. They will not be mourned, gathered, or buried. They will be like dung lying on the ground.
၃၃ထိုအခါ ထာဝရဘုရား ကွပ်မျက် တော်မူခြင်းကို ခံရသောသူတို့ သည် မြေကြီး တဘက် မှ တဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မ မြည်တမ်း ရ။ မ စု မပုံရ။ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ်ကြ လိမ့်မည်။
34 Wail, you shepherds, and cry out; roll in the dust, you leaders of the flock. For the days of your slaughter have come; you will fall and be shattered like fine pottery.
၃၄အို သိုးထိန်း တို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုး ကြီး သိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင် တို့ကိုသတ် ရသောအချိန် ရောက် လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုး ထိုက်သော တန်ဆာ ကျ သကဲ့သို့ ဖြစ်ရကြလိမ့်မည်။
35 Flight will evade the shepherds, and escape will elude the leaders of the flock.
၃၅သိုးထိန်း တို့သည် ပြေးစရာလမ်းမရှိ။ သိုး ကြီး သိုးမြတ်တို့သည် လွတ် ရာလမ်းကို ရှာ၍ မတွေ့ရကြ။
36 Hear the cry of the shepherds, the wailing of the leaders of the flock, for the LORD is destroying their pasture.
၃၆သိုးထိန်း များ ငိုကြွေး သံ နှင့် သိုး ကြီး သိုးမြတ်များ မြည်သံ ကိုကြားရ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ကျက်စား ရာအရပ်ကို ဖျက်ဆီး တော်မူ၏။
37 The peaceful meadows have been silenced because of the LORD’s burning anger.
၃၇ထာဝရဘုရား သည်ပြင်းစွာ အမျက် ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ် စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်း ဖျက်ဆီးခြင်းကိုခံရကြ၏။
38 He has left His den like a lion, for their land has been made a desolation by the sword of the oppressor, and because of the fierce anger of the LORD.
၃၈ခြင်္သေ့ ဘာသာဓလေ့၊ နေတော်မူရာခြုံ ကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲ သောသူ ၏ပြင်းထန်ခြင်း၊ ပြင်းစွာ အမျက် ထွက်ခြင်းအားဖြင့် ၊ သူ တို့ ပြည် သည် လူဆိတ်ညံ ရာအရပ် ဖြစ်ရ၏။

< Jeremiah 25 >