< James 2 >
1 My brothers, as you hold out your faith in our glorious Lord Jesus Christ, do not show favoritism.
၁ငါ့ ညီအစ်ကို တို့၊ ဘုန်းကြီး တော်မူသော ငါ တို့ သခင် ယေရှု ခရစ် ကို ယုံကြည် ခြင်းအမှုမှာ၊ လူမျက်နှာ ကို ထောက် ခြင်းမ ရှိ ကြနှင့်။
2 Suppose a man comes into your meeting wearing a gold ring and fine clothes, and a poor man in shabby clothes also comes in.
၂ရွှေ လက်စွပ်နှင့် တင့်တယ် သော အဝတ်ကို ဝတ်ဆင် သောသူ ၊ ညစ် သောအဝတ်ကိုဝတ် ၍ ဆင်းရဲ သောသူနှစ်ဦးသည် သင် တို့၏ တရားစရပ် ထဲသို့ ဝင် သောအခါ ၊
3 If you lavish attention on the man in fine clothes and say, “Here is a seat of honor,” but say to the poor man, “You must stand” or “Sit at my feet,”
၃တင့်တယ် သောအဝတ် ကို ဝတ်ဆင် သောသူ ကိုကြည့် ၍ ၊ ကောင်းမွန် သော ဤအရပ် မှာထိုင် ပါဟူ၍၎င်း ၊ ဆင်းရဲ သောသူ ကို၊ ဟိုမှာ နေ လော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ ခြေ တင်ခုံအောက် ၌ ထိုင် လော့ဟူ၍၎င်း၊ သင် တို့သည် ပြောဆို လျှင် ၊
4 have you not discriminated among yourselves and become judges with evil thoughts?
၄တစ်ဘက်၌ငဲ့ကွက်သောစိတ် ရှိ၍ မကောင်း သောအကြံအစည် နှင့် စီရင် သောသူ ဖြစ် ကြသည်မ ဟုတ်လော။
5 Listen, my beloved brothers: Has not God chosen the poor of this world to be rich in faith and to inherit the kingdom He promised those who love Him?
၅ငါ ချစ် သောညီအစ်ကို တို့၊ နားထောင် ကြလော့။ လောက တွင် ဆင်းရဲ သောသူ တို့သည် ယုံကြည် ခြင်းရတနာကို ရ တတ်စေခြင်းငှာ၎င်း ၊ ဘုရားသခင် ကို ချစ် သောသူ တို့အား ပေးမည်ဟုဝန်ခံ တော်မူသော နိုင်ငံ တော်၏အမွေခံ ဖြစ်စေခြင်းငှာ၎င်း၊ ထိုသူတို့ကို ရွေးကောက် တော်မူသည် မ ဟုတ်လော။
6 But you have dishonored the poor. Is it not the rich who oppress you and drag you into court?
၆သင် တို့သည် ဆင်းရဲ သောသူ ကို မထီမဲ့မြင် ပြုကြသည်တကား ။ ငွေရတတ် သော သူ တို့သည် သင် တို့ကို ညှဉ်းဆဲ နှိပ်စက်ကြသည်မ ဟုတ်လော။ တရား ပလ္လင် ရှေ့သို့ ဆွဲငင် ကြသည်မဟုတ်လော။
7 Are they not the ones who blaspheme the noble name by which you have been called?
၇သင် တို့ကို သမုတ် သော နာမ တော်မြတ် ကို သူ တို့သည်ကဲ့ရဲ့ ကြသည်မ ဟုတ်လော။
8 If you really fulfill the royal law stated in Scripture, “Love your neighbor as yourself,” you are doing well.
၈ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။
9 But if you show favoritism, you sin and are convicted by the law as transgressors.
၉သို့မဟုတ် လူမျက်နှာကိုထောက် လျှင် ၊ ဒုစရိုက် ကို ပြုသောသူ ဖြစ်ကြ၏။ တရားကို လွန်ကျူး သောသူဟု ပညတ် တော်အားဖြင့် ထင်ရှား စွာဖြစ်ကြ၏။
10 Whoever keeps the whole law but stumbles at just one point is guilty of breaking all of it.
၁၀အဘယ်သို့ နည်းဟူမူကား၊ ပညတ် တရားအလုံးစုံ ကို စောင့်ရှောက် သည်တွင် တစ်စုံတစ်ခု၌ မှား မိလျှင် ၊ ပညတ် တရားကို လွန်ကျူးသောအပြစ် ရှိ ၏။
11 For He who said, “Do not commit adultery,” also said, “Do not murder.” If you do not commit adultery, but do commit murder, you have become a lawbreaker.
၁၁သူ့ မယားကိုမ ပြစ်မှားနှင့်ဟု ပညတ် တော်မူသောသူ က၊ လူအသက်ကို မ သတ် နှင့်ဟု ပညတ် တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့ မယားကိုမ ပြစ်မှားဘဲနေသော်လည်း ၊ သူအသက်ကိုသတ် လျှင် ၊ ပညတ် တရားကို လွန်ကျူး သောသူဖြစ် ၏။
12 Speak and act as those who are going to be judged by the law that gives freedom.
၁၂လွှတ် ခြင်းတရား အတိုင်း စီရင် ခြင်းကို ခံရ လတံ့ သောသူကဲ့သို့ ၊ စကား ပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။
13 For judgment without mercy will be shown to anyone who has not been merciful. Mercy triumphs over judgment.
၁၃ကရုဏာ မရှိသောသူ သည်၊ ကရုဏာ ကိုမ ရ ဘဲ၊ တရား စီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာ သည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွား တတ်၏။
14 What good is it, my brothers, if someone claims to have faith, but has no deeds? Can such faith save him?
၁၄ငါ့ ညီအစ်ကို တို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည်ယုံကြည် ခြင်းရှိ ၏ဟုပြော လျက် ၊ အကျင့် ကို မ ကျင့် ဘဲနေ လျှင် အဘယ် အကျိုး ရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူ ကို ကယ်တင် နိုင် သလော။
15 Suppose a brother or sister is without clothes and daily food.
၁၅ညီအစ်ကို နှမ တို့သည် အဝတ် အချည်းစည်းရှိ၍၊ နေ့တိုင်း စားရ သောအစာ မရှိ သောအခါ ၊
16 If one of you tells him, “Go in peace; stay warm and well fed,” but does not provide for his physical needs, what good is that?
၁၆သင် တို့တွင် တစ်စုံတစ်ယောက် သောသူက၊ ငြိမ်ဝပ် စွာသွား ကြလော့။ နွေး ကြလော့။ ဝ ကြလော့ဟု ပြော လျက် ၊ သူ တို့ကိုယ် နှင့်တော်လျော် သော အသုံးအဆောင်ကို မ ပေး ဘဲနေလျှင် အဘယ် အကျိုး ရှိသနည်း။
17 So too, faith by itself, if it does not result in action, is dead.
၁၇ထိုနည်းတူ ၊ အကျင့် နှင့် ကင်း သော ယုံကြည် ခြင်းသည် တစ်ပါးတည်းရှိ သောကြောင့် အသေ ဖြစ်၏။
18 But someone will say, “You have faith and I have deeds.” Show me your faith without deeds, and I will show you my faith by my deeds.
၁၈တနည်းကား၊ သင် သည်ယုံကြည် ခြင်းရှိ ၏။ ငါ သည်အကျင့် ရှိ ၏။ သို့ဖြစ်၍သင် သည်အကျင့် မ ရှိဘဲ သင် ၏ယုံကြည် ခြင်းကို ပြ လော့။ ငါ မူကား၊ အကျင့် အားဖြင့် ငါ ၏ယုံကြည် ခြင်းကို ပြ မည်ဟုပြော စရာရှိ၏။
19 You believe that God is one. Good for you! Even the demons believe that—and shudder.
၁၉ဘုရားသခင် တစ်ဆူတည်း ရှိ သည်ဟု သင် သည်ယုံ ၏။ ကောင်း ပေ၏။ နတ်ဆိုး တို့သည် ယုံ ၍ ကြောက်ရွံ့တုန်လှုပ် ကြ၏။
20 O foolish man, do you want evidence that faith without deeds is worthless?
၂၀လျှပ်ပေါ် သောလူ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် သည်ကို သိ ချင် သလော။
21 Was not our father Abraham justified by what he did when he offered his son Isaac on the altar?
၂၁ငါ တို့အဘ အာဗြဟံ သည်၊ မိမိ သား ဣဇာက် ကို ယဇ်ပလ္လင် ပေါ်မှာ တင်လှူ ပူဇော်သောအခါ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။
22 You see that his faith was working with his actions, and his faith was perfected by what he did.
၂၂ယုံကြည် ခြင်းသည် အကျင့် နှင့်အတူ ပြုပြင် ၍၊ အကျင့် အားဖြင့် စုံလင် သည်ကိုသိမြင် ရ၏။
23 And the Scripture was fulfilled that says, “Abraham believed God, and it was credited to him as righteousness,” and he was called a friend of God.
၂၃အာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏ဟူသော ကျမ်း စကား ပြည့်စုံ လေ၏။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏အဆွေ ဟူ၍ခေါ်ဝေါ် ခြင်းကိုခံရ၏။
24 As you can see, a man is justified by his deeds and not by faith alone.
၂၄လူ သည်ယုံကြည် ခြင်းအားဖြင့် သာ ဖြောင့်မတ် ရာသို့ရောက်သည်မ ဟုတ်။ အကျင့် အားဖြင့် ရောက် သည်ကို သင်တို့သိမြင် ရကြ၏။
25 In the same way, was not even Rahab the prostitute justified by her actions when she welcomed the spies and sent them off on another route?
၂၅ထိုနည်းတူ ၊ ပြည်တန်ဆာ ရာခပ် သည်၊ တမန် တို့ကိုလက်ခံ ပြီးမှ အခြား သောလမ်း ဖြင့် လွှတ် လိုက်၍ ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။
26 As the body without the spirit is dead, so faith without deeds is dead.
၂၆ဝိညာဉ် နှင့်ကင်း သောကိုယ် သည် အသေ ဖြစ် သကဲ့သို့ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် ၏။