< Isaiah 62 >
1 For Zion’s sake I will not keep silent, and for Jerusalem’s sake I will not keep still, until her righteousness shines like a bright light, her salvation like a blazing torch.
၁ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။
2 Nations will see your righteousness, and all kings your glory. You will be called by a new name that the mouth of the LORD will bestow.
၂တပါးအမျိုးသား တို့သည် သင် ၏ဖြောင့်မတ် ခြင်း ကို၎င်း ၊ ရှင်ဘုရင် အပေါင်း တို့သည် သင် ၏ ဘုန်း အသရေကို၎င်း မြင် ရကြလိမ့်မည်။ ထာဝရဘုရား ၏ နှုတ် တော် ထွက်နာမ သစ် ဖြင့် သင့် ကို ခေါ် ကြလိမ့်မည်။
3 You will be a crown of glory in the hand of the LORD, a royal diadem in the palm of your God.
၃သင်သည် ထာဝရဘုရား ၏ လက် တော်၌ တင့်တယ် သော ဦးရစ် ၊ သင် ၏ဘုရား သခင်ကိုင် တော်မူသောမင်း မြောက်သရဖူ ဖြစ် လိမ့်မည်။
4 No longer will you be called Forsaken, nor your land named Desolate; but you will be called Hephzibah, and your land Beulah; for the LORD will take delight in you, and your land will be His bride.
၄သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။
5 For as a young man marries a young woman, so your sons will marry you; and as a bridegroom rejoices over his bride, so your God will rejoice over you.
၅လူပျို သည် အပျို ကညာနှင့် လက်ထပ် သကဲ့သို့ ၊ သင် ၏သား တို့သည် သင် နှင့် လက်ထပ် ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက် သကဲ့သို့၊ သင် ၏ဘုရား သခင်သည် သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
6 On your walls, O Jerusalem, I have posted watchmen; they will never be silent day or night. You who call on the LORD shall take no rest for yourselves,
၆အိုယေရုရှလင် မြို့၊ နေ့ ညဉ့် မပြတ် တိတ်ဆိတ် စွာ မ နေရသော လူစောင့် တို့ကို သင် ၏မြို့ရိုး ပေါ် မှာ ငါထား ပြီ။ ထာဝရဘုရား ကို အောက်မေ့ စေသောသူတို့၊ တိတ်ဆိတ် စွာ မ နေကြနှင့်။
7 nor give Him any rest until He establishes Jerusalem and makes her the praise of the earth.
၇ယေရုရှလင် မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်း စရာအကြောင်းဖြစ် စေတော်မမူမှီတိုင်အောင် ၊ ဘုရား သခင်ကို မ ငြိမ် စေကြနှင့်။
8 The LORD has sworn by His right hand and by His mighty arm: “Never again will I give your grain to your enemies for food, nor will foreigners drink the new wine for which you have toiled.
၈ထာဝရဘုရား က၊ သင် ၏ ရန်သူ တို့ကို သင် ၏ စပါး နှင့် နောက်တဖန် ငါမ ကျွေး။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည် ကို တပါးအမျိုးသား တို့သည် မ သောက် ရကြ။
9 For those who harvest grain will eat it and praise the LORD, and those who gather grapes will drink the wine in My holy courts.”
၉စပါးကိုရိတ် သောသူတို့သည် ကိုယ်တိုင် စား ၍ ၊ ထာဝရဘုရား ကို ချီးမွမ်း ကြလိမ့်မည်။ စပျစ်သီးကို သိမ်း သောသူတို့ သည် ငါ ၏ သန့်ရှင်း ရာဌာနတန်တိုင်း အတွင်း ၌ စပျစ်ရည်ကို သောက် ကြလိမ့်မည်ဟု တန်ခိုး ကြီးသော လက်ျာ လက်ရုံး တော်ကို တိုင်တည်၍ ကျိန်ဆို တော်မူပြီ။
10 Go out, go out through the gates; prepare the way for the people! Build it up, build up the highway; clear away the stones; raise a banner for the nations!
၁၀မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
11 Behold, the LORD has proclaimed to the ends of the earth, “Say to Daughter Zion: See, your Savior comes! Look, His reward is with Him, and His recompense goes before Him.”
၁၁မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။
12 And they will be called the Holy People, the Redeemed of The LORD; and you will be called Sought Out, A City Not Forsaken.
၁၂သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။