< Isaiah 40 >
1 “Comfort, comfort My people,” says your God.
၁သင် တို့၏ ဘုရား သခင်မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့ကို နှစ်သိမ့် စေကြလော့။ နှစ်သိမ့် စေကြလော့။
2 “Speak tenderly to Jerusalem, and proclaim to her that her forced labor has been completed; her iniquity has been pardoned. For she has received from the hand of the LORD double for all her sins.”
၂စစ်မှု ကို ထမ်းရသောအချိန်စေ့ ပြီ။ သင်၏ အပြစ် လည်း ပြေရှင်း ပြီဟု ယေရုရှလင် မြို့အား နှစ်သိမ့်စေသော စကားကို ပြော ၍ ကြွေးကြော် ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော်၌ မိမိ အပြစ်အတွက် နှစ်ဆ ခံ ရပြီ။
3 A voice of one calling: “Prepare the way for the LORD in the wilderness; make a straight highway for our God in the desert.
၃တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
4 Every valley shall be lifted up, and every mountain and hill made low; the uneven ground will become smooth, and the rugged land a plain.
၄ချိုင့်ဝှမ်း ရာ ရှိသမျှ တို့ကို ဖို့ ရမည်။ တောင် ကြီး တောင် ငယ်ရှိသမျှတို့ကို ဖြို ရမည်။ ကောက် သော လမ်း များကို ဖြောင့် စေရမည်။ ကြမ်းတမ်း သော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
5 And the glory of the LORD will be revealed, and all humanity together will see it.
၅ထာဝရဘုရား ၏ ဘုန်း တော်ပေါ်ထွန်း ၍ ၊ လူ အပေါင်းတို့သည် အတူ မြင် ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
6 A voice says, “Cry out!” And I asked, “What should I cry out?” “All flesh is like grass, and all its glory like the flowers of the field.
၆တဖန် ထိုအသံ က၊ ဟစ်ကြော် လော့ဟု ဆို လျှင် ငါက၊ အဘယ် အရာကို ဟစ်ကြော် ရမည်နည်းဟုမေး သော်၊ လူမျိုး ရှိသမျှ သည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်း ရှိသမျှ သည်လည်း တော အပွင့် ကဲ့သို့ ဖြစ်၏။
7 The grass withers and the flowers fall when the breath of the LORD blows on them; indeed, the people are grass.
၇ထာဝရဘုရား ၏ လေ တိုက် သောအခါ ၊ မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ အကယ် စင်စစ်လူ တို့သည် မြက်ပင် ဖြစ်ကြ၏။
8 The grass withers and the flowers fall, but the word of our God stands forever.”
၈မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမူကား ၊ ကာလစဉ်အမြဲ တည် ၏ဟု ဆိုသတည်း။
9 Go up on a high mountain, O Zion, herald of good news. Raise your voice loudly, O Jerusalem, herald of good news. Lift it up, do not be afraid! Say to the cities of Judah, “Here is your God!”
၉ဇိအုန် တောင်သို့ ဝမ်းမြောက်စရာ သိတင်း ကို ဆောင်ခဲ့သောသူ၊ မြင့် သောတောင် ပေါ် သို့တက် လော့။ ယေရုရှလင် မြို့သို့ ဝမ်းမြောက် စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံ ကို လွှင့် လော့။ မ စိုးရိမ် ဘဲ အသံကို လွှင့် လော့။ သင် တို့၏ ဘုရား သခင်ကို ကြည့်ရှု ကြဟု ယုဒ မြို့ ရွာတို့အား ပြော လော့။
10 Behold, the Lord GOD comes with might, and His arm establishes His rule. His reward is with Him, and His recompense accompanies Him.
၁၀ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။
11 He tends His flock like a shepherd; He gathers the lambs in His arms and carries them close to His heart. He gently leads the nursing ewes.
၁၁မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
12 Who has measured the waters in the hollow of his hand, or marked off the heavens with the span of his hand? Who has held the dust of the earth in a basket, or weighed the mountains on a scale and the hills with a balance?
၁၂ရေ များကို လက် ဆွန်းဖြင့် ခြင် သောသူ၊ မိုဃ်း ကောင်းကင် ကို မိမိလက်ဖြင့် ထွာ သောသူ၊ မြေ မှုန့်ကို တင်းတောင်း ဖြင့် ချင့် တွက်သောသူ၊ တောင် ကြီးကို ချိန်ခွင် ဖြင့် ၎င်း၊ တောင် ငယ်ကို ကပ်ပယ် ဖြင့်၎င်း ချိန် သောသူကား အဘယ်သူ နည်း။
13 Who has directed the Spirit of the LORD, or informed Him as His counselor?
၁၃ထာဝရဘုရား ၏ ဝိညာဉ် ကို အဘယ်သူ စစ်ကြော သနည်း။ ထိုဘုရား နှင့် တိုင်ပင် ၍၊ အဘယ်သူသည် အကြံပေး သနည်း။
14 Whom did He consult to enlighten Him, and who taught Him the paths of justice? Who imparted knowledge to Him and showed Him the way of understanding?
၁၄အဘယ်သူ နှင့် တိုင်ပင် တော်မူသနည်း။ ထိုဘုရား ကို အဘယ်သူသွန်သင် သနည်း။ ထိုဘုရားအား တရား လမ်း ကို ပြ သောသူ၊ ပညာ နည်း ကိုပေး သောသူ၊ ဉာဏ် လမ်း ကို ညွှန် သောသူကား အဘယ်သူနည်း။
15 Surely the nations are like a drop in a bucket; they are considered a speck of dust on the scales; He lifts up the islands like fine dust.
၁၅လူ အမျိုးမျိုးတို့သည် ရေပုံး မှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍ ၊ ချိန်ခွင် ၌ မြူမှုန် ကဲ့သို့ ထင်မှတ် စရာ ရှိ၏။ ကျွန်း တို့သည်လည်း၊ လွင့် တတ်သော အဏုမြူ ကဲ့သို့ ဖြစ်ကြ၏။
16 Lebanon is not sufficient for fuel, nor its animals enough for a burnt offering.
၁၆လေဗနုန် တောသည် မီး မွေးဘို့မ လောက်။ ထိုတော ၌ရှိသောတိရစ္ဆာန် တို့သည်လည်း၊ မီးရှို့ ရာ ယဇ် ဘို့မ လောက်။
17 All the nations are as nothing before Him; He regards them as nothingness and emptiness.
၁၇ခပ်သိမ်း သော လူ အမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့ တော်၌ ဖြစ်ကြ၏။ အဘယ် မျှမဟုတ် သော အရာထက်သာ၍ငယ် သကဲ့သို့၎င်း၊ အနတ္တ ကဲ့သို့၎င်း မှတ် တော်မူ၏။
18 To whom will you liken God? To what image will you compare Him?
၁၈သို့ ဖြစ်၍၊ ဘုရား သခင်ကို အဘယ်သို့ ပုံ ပြရအံ့ နည်း။ ဘုရား သခင်နှင့် အဘယ် မည်သော ပုံ သဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း။
19 To an idol that a craftsman casts and a metalworker overlays with gold and fits with silver chains?
၁၉ပန်းတဉ်း သမားသည် ရုပ်တု ကို သွန်း ပြီးမှ ၊ ပန်းထိမ် သမားသည် ရွှေ နှင့် မွမ်းမံ ၍ ၊ ငွေ ကြိုးကိုလည်း လုပ် တတ်၏။
20 To one bereft of an offering who chooses wood that will not rot, who seeks a skilled craftsman to set up an idol that will not topple?
၂၀အဘိုးထိုက်သော အလှူ ကို မလှူနိုင်သောသူသည်၊ မ ဆွေးမြေ့ တတ်သော သစ်သား ကို ရွေးကောက် ပြီးမှ၊ မြဲမြံ သော ရုပ်တု ကို လုပ် စေခြင်းငှါ ၊ လိမ္မာ သော လက်သမား ကို ရှာ တတ်၏။
21 Do you not know? Have you not heard? Has it not been declared to you from the beginning? Have you not understood since the foundation of the earth?
၂၁သင်တို့သည် မ သိ ကြသလော။ မ ကြား ကြသလော။ ရှေ့ဦး စွာမှစ၍ သင်တို့ အား မ ဘော် မပြသလော။ မြေကြီး တည် သည်အကြောင်းကို နား မ လည်ကြသလော။
22 He sits enthroned above the circle of the earth; its dwellers are like grasshoppers. He stretches out the heavens like a curtain, and spreads them out like a tent to dwell in.
၂၂မြေကြီး စက် အပေါ် မှာ ထိုင် ၍ ၊ မြေကြီး သား တို့ကို နှံကောင် ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် ၍ ၊ နေ စရာ တဲ ကဲ့သို့ ဖြန့် တော်မူထသော၊
23 He brings the princes to nothing and makes the rulers of the earth meaningless.
၂၃မင်း တို့ကို ရှုတ်ချ ၍၊ မြေကြီး တရားသူကြီး တို့ကို အနတ္တ ကဲ့သို့ ဖြစ် စေတော်မူသောသူ ပေတည်း။
24 No sooner are they planted, no sooner are they sown, no sooner have their stems taken root in the ground, than He blows on them and they wither, and a whirlwind sweeps them away like stubble.
၂၄အကယ် စင်စစ်သူတို့ကို မ စိုက် မပျိုးရ။ အကယ် စင်စစ်သူတို့၏မျိုးစေ့ကို မ ကြဲ ရ။ အကယ် စင်စစ်သူ တို့ အပင် သည် မြေ ၌ အမြစ်မ စွဲ ရ။ သူ တို့အပေါ် မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်း သွေ့ခြောက်၍ ၊ လေ ဘွေသည် သူ တို့ကို ဖွဲ ကဲ့သို့ တိုက် လွှင့်လိမ့်မည်။
25 “To whom will you liken Me, or who is My equal?” asks the Holy One.
၂၅သို့ဖြစ်၍၊ ငါ့ ကို အဘယ်သို့ ပုံ ပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူ ရအံ့နည်းဟု သန့်ရှင်း သော ဘုရားမေး တော်မူ၏။
26 Lift up your eyes on high: Who created all these? He leads forth the starry host by number; He calls each one by name. Because of His great power and mighty strength, not one of them is missing.
၂၆အထက်သို့ မျှော် ကြည့် ကြလော့။ ထို အရာတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ထိုသူသည် သူ တို့အလုံး အရင်းကို အရေအတွက် အားဖြင့် ထုတ် ဆောင်တော်မူ၏။ အလုံးစုံ တို့ကို နာမည် ဖြင့် ခေါ် တော်မူ၏။ ခွန်အား ကြီး ၍ တန်ခိုး နှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခု မျှ မ ပေါ် ဘဲမနေရ။
27 Why do you say, O Jacob, and why do you assert, O Israel, “My way is hidden from the LORD, and my claim is ignored by my God”?
၂၇အိုယာကုပ် အမျိုး၊ သင် သွားသော လမ်း ကို ထာဝရဘုရား သိ တော်မမူဟု အဘယ်ကြောင့်ပြော သနည်း။ အိုဣသရေလ အမျိုး၊ သင့် အမှု ကို သင် ၏ဘုရား သခင် မှတ် တော်မမူဟု၊ အဘယ်ကြောင့် ဆို ရသနည်း။
28 Do you not know? Have you not heard? The LORD is the everlasting God, the Creator of the ends of the earth. He will not grow tired or weary; His understanding is beyond searching out.
၂၈ထာဝရဘုရား သည် အစဉ် အမြဲတည် တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီး စွန်း တိုင်အောင် ဖန်ဆင်း တော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မော တော်မူခြင်း၊ ပင်ပန်း တော်မူခြင်းမ ရှိ၊ စစ် ၍ မ ကုန်နိုင် သော ဉာဏ် နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိ မကြားဘူးသလော။
29 He gives power to the faint and increases the strength of the weak.
၂၉ထိုဘုရားသည် မော သောသူတို့အား ၊ ခွန်အား ကိုပေး တော်မူ၏။ နွမ်းနယ် သောသူတို့ အား ၊ အစွမ်း သတ္တိ နှင့် ပြည့်စုံ သော အခွင့်ကိုပေး တော်မူ၏။
30 Even youths grow tired and weary, and young men stumble and fall.
၃၀လူပျို တို့သည် မော ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင် တို့သည်လည်း ထိမိ ၍ လဲ ကြလိမ့်မည်။
31 But those who wait upon the LORD will renew their strength; they will mount up with wings like eagles; they will run and not grow weary, they will walk and not faint.
၃၁ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ အား ပြည့် ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သော်လည်း မ ပင်ပန်း ၊ ခရီးသွား သောအခါ မ မော ရကြ။