< Isaiah 29 >

1 Woe to you, O Ariel, the city of Ariel where David camped! Year upon year let your festivals recur.
အရေလ မြို့၊ ဒါဝိဒ် မင်းနေ သောအရေလ မြို့ သည် အမင်္ဂလာ ရှိ၏။ တနှစ် ပေါ် မှာ တနှစ် ထပ်ကြလော့။ ပွဲ တို့ကို အလှည့် လှည့်ခံကြလော့။
2 And I will constrain Ariel, and there will be mourning and lamentation; she will be like an altar hearth before Me.
သို့ရာတွင်၊ အရေလ မြို့ကို ငါဆင်းရဲ စေ၍ ၊ ထိုမြို့ သည် ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းရှိ သော်လည်း ၊ အရေလ မြို့ကဲ့သို့ ငါ့ ရှေ့ မှာ ဖြစ် ရလိမ့်မည်။
3 I will camp in a circle around you; I will besiege you with towers and set up siege works against you.
ငါသည် သင့် ပတ်ဝန်းကျင် ၌ တပ်ချ မည်။ မြေရိုး နှင့် ဝိုင်း ထား၍ ၊ မြေကတုပ် များကိုလည်း တူး လုပ်မည်။
4 You will be brought low, you will speak from the ground, and out of the dust your words will be muffled. Your voice will be like a spirit from the ground; your speech will whisper out of the dust.
သင်သည် နှိမ့်ချ ခြင်းကိုခံ ၍ မြေ ထဲ က ပြော ရ လိမ့်မည်။ မြေမှုန့် ထဲ က ငယ်သောအသံ နှင့် မြွက် ရ လိမ့်မည်။ သင် ပြောသောအသံ သည် နတ် ဝင်သူပြောသံကဲ့သို့ မြေ ထဲက ထွက် ၍ ၊ သင် သည် မြေ မှုန့်ထဲက အသံ သေးနှင့် တိုးတိုးမြွက် ဆိုရလိမ့်မည်။
5 But your many foes will be like fine dust, the multitude of the ruthless like blowing chaff. Then suddenly, in an instant,
သို့ရာတွင် ၊ သင် ၏ ရန်သူ အလုံး အရင်းသည် အဏုမြူ ကဲ့သို့ ၎င်း ၊ ကြောက်မက် ဘွယ်သောသူ အလုံး အရင်း သည် လွင့် သွားသော ဖွဲ ကဲ့သို့ ၎င်း ဖြစ် ၍၊ အလျင် တဆောချက်ခြင်း အမှုရောက် လိမ့်မည်။
6 you will be visited by the LORD of Hosts with thunder and earthquake and loud noise, with windstorm and tempest and consuming flame of fire.
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ မိုဃ်းချုန်း ခြင်း၊ မြေ လှုပ်ခြင်း၊ အသံ ဗလံမြည်ခြင်းနှင့် တကွ မိုဃ်းသက်မုန်တိုင်း ၊ လောင် တတ်သော မီးလျှံ အားဖြင့်အပြစ် ပေးတော်မူမည်။
7 All the many nations going out to battle against Ariel— even all who war against her, laying siege and attacking her— will be like a dream, like a vision in the night,
အပြည်ပြည် ကလာ၍၊ အရေလ မြို့ကို စစ်တိုက် သော အလုံး အရင်း၊ အရေလ မြို့နှင့် ရဲတိုက် ကိုတိုက် ၍ ညှဉ်းဆဲ သော သူအပေါင်း တို့သည်၊ အိပ်မက် တည်းဟူသော ညဉ့် ရူပါရုံ ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
8 as when a hungry man dreams he is eating, then awakens still hungry; as when a thirsty man dreams he is drinking, then awakens faint and parched. So will it be for all the many nations who go to battle against Mount Zion.
မွတ်သိပ် သောသူသည် အိပ်မက် တွင် စား ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ အမွတ် အသိပ်မပြေသကဲ့သို့၎င်း ၊ ရေ ငတ်သူသည် အိပ်မက်တွင် သောက် ရသည် ဟုထင် သော်လည်း ၊ နိုး သောအခါ နွမ်းနယ် လျက် ၊ တောင့်တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည် ကလာ၍၊ ဇိအုန် တောင် ကို စစ်တိုက် သော အလုံး အရင်းသည်ဖြစ် ရ လိမ့်မည်။
9 Stop and be astonished; blind yourselves and be sightless; be drunk, but not with wine; stagger, but not from strong drink.
ဖင့်နွှဲ ၍ မှိုင်တွေ ကြလော့။ ကာမဂုဏ်၌ ပျော်မွေ့ ၍ မွှန် လျက်နေကြလော့။ စပျစ်ရည် ကို မ သောက်ဘဲ ယစ်မူး လျက်၊ သေရည် သေရက်ကို မ သောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
10 For the LORD has poured out on you a spirit of deep sleep. He has shut your eyes, O prophets; He has covered your heads, O seers.
၁၀အကြောင်း မူကား၊ ထာဝရဘုရား သည် အိပ် ချင် သောသဘော ကို သင် တို့၌ သွင်း သဖြင့် ၊ သင် တို့မျက်စိ ကို ပိတ် ၍၊ သင် တို့၏ ပရောဖက် များ၊ မင်း များ၊ ဗျာဒိတ် ခံသူများ တို့ကို ဖုံးလွှမ်း တော်မူပြီ။
11 And the entire vision will be to you like the words sealed in a scroll. If it is handed to someone to read, he will say, “I cannot, because it is sealed.”
၁၁ဗျာဒိတ် တော်ရှိသမျှ သည် တံဆိပ် ခတ်သောစာ ကဲ့သို့ သင် တို့၌ ဖြစ် ၏။ ထို စာသည် စာ တတ်သောသူအား ပေး ၍၊ ဤ စာ ကို ဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ဤစာ ကို ငါမ ဘတ်နိုင်။။ တံဆိပ် ခတ်လျက်ရှိ၏ဟု ပြန်ပြော တတ် ၏။
12 Or if the scroll is handed to one unable to read, he will say, “I cannot read.”
၁၂ထိုစာကို စာ မ တတ် သောသူ အား ပေး ၍၊ ဤ စာ ကိုဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ငါသည် စာ မ တတ် ဟုပြန်ပြော တတ်၏။
13 Therefore the Lord said: “These people draw near to Me with their mouths and honor Me with their lips, but their hearts are far from Me. Their worship of Me is but rules taught by men.
၁၃ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
14 Therefore I will again confound these people with wonder upon wonder. The wisdom of the wise will vanish, and the intelligence of the intelligent will be hidden.”
၁၄ထိုကြောင့်၊ အံ့ဩ ကြောက်မက်ဘွယ်သောအမှု ကို ဤ လူမျိုး တွင် တဖန် ငါ ပြုဦးမည်။ သူ တို့တွင် ပညာရှိ တို့၏ ပညာ သည် ပျက်စီး လိမ့်မည်။ ဉာဏ် ကောင်းသောသူတို့ ၏ ဉာဏ် လည်း ကွယ် ပျောက်လိမ့်မည်ဟု မိန့် တော်မူ ၏။
15 Woe to those who dig deep to hide their plans from the LORD. In darkness they do their works and say, “Who sees us, and who will know?”
၁၅ထာဝရဘုရား မသိစေခြင်းငှါ ၊ နက်နဲ သောအကြံ ကို ကြံ ၍ ၊ မှောင်မိုက် ထဲမှာ အမှုကိုပြု လျက်၊ ငါ တို့ကို အဘယ်သူ မြင် သနည်း။ ငါ တို့ကို အဘယ်သူ သိ သနည်းဟု ပြော ဆိုတတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
16 You have turned things upside down, as if the potter were regarded as clay. Shall what is formed say to him who formed it, “He did not make me”? Can the pottery say of the potter, “He has no understanding”?
၁၆သင် တို့သည် ဖောက်ပြန် ကြသည်တကား။ အိုးထိန်း သမားကို၊ အိုး မြေကဲ့သို့ မှတ် ရမည်လော။ လုပ် အပ် သောအရာသည် လုပ် တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ ကိုမ လုပ် ဟု ဆို ရမည်လော။ ဖန်ဆင်း အပ်သော အရာသည် ဖန်ဆင်း တတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာ အတတ်မ ရှိဟု ဆို ရမည်လော။
17 In a very short time, will not Lebanon become an orchard, and the orchard seem like a forest?
၁၇လေဗနုန် တောင်သည် ဝပြော သောလယ်ပြင်ကဲ့သို့ ၎င်း၊ ဝပြော သောလယ်ပြင်သည် တော ကဲ့သို့ ၎င်း ဖြစ် ရ သောအချိန်နီး ပြီ မ ဟုတ်လော။
18 On that day the deaf will hear the words of the scroll, and out of the deep darkness the eyes of the blind will see.
၁၈ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။
19 The humble will increase their joy in the LORD, and the poor among men will rejoice in the Holy One of Israel.
၁၉စိတ်နှိမ့်ချ သောသူတို့ သည် ထာဝရဘုရား ကို အမှီပြု ၍၊ ဝမ်းမြောက် ခြင်း တိုး ပွါးကြလိမ့်မည်။ လူ တို့တွင် ဆင်းရဲ သောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်း ကြလိမ့်မည်။
20 For the ruthless will vanish, the mockers will disappear, and all who look for evil will be cut down—
၂၀အကြောင်း မူကား၊ ကြောက်မက် ဘွယ်သောသူသည် ဆုံးရှုံး ရ၏။ ဆဲရေး သောသူသည် ပျောက် ကုန်ရ၏။ သူ့အပြစ် ကို ချောင်းမြောင်း သောသူ၊
21 those who indict a man with a word, who ensnare the mediator at the gate, and who with false charges deprive the innocent of justice.
၂၁တရား တွေ့ ၍ ဆင်းရဲ သားကို အပြစ် ရောက်စေ သောသူ၊ မြို့တံခါး ဝမှာ အမှုသည်ကို ကျော့ မိစေခြင်းငှါပြုသောသူ၊ အပြစ် မရှိသောသူကို မတရား သဖြင့် ရှုံး စေ သောသူ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းရ၏။
22 Therefore the LORD who redeemed Abraham says of the house of Jacob: “No longer will Jacob be ashamed and no more will his face grow pale.
၂၂သို့ ဖြစ်၍အာဗြဟံ အမျိုးကို ရွေးနှုတ် တော်မူသော ထာဝရဘုရား သည်၊ ယာကုပ် အမျိုး ကိုရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ယာကုပ် အမျိုးသည် နောက်တဖန် ရှက် ကြောက်ခြင်း၊ မျက်နှာ ပျက် ခြင်း မ ရှိရ။
23 For when he sees his children around him, the work of My hands, they will honor My name, they will sanctify the Holy One of Jacob, and they will stand in awe of the God of Israel.
၂၃ထိုအမျိုးသား တို့သည် ငါ စီရင် သောအမှု ကိုမြင် လျှင် ၊ ငါ့ နာမ ကို မိမိ တို့တွင် ရိုသေ ကြလိမ့်မည်။ ယာကုပ် အမျိုး ၏ သန့်ရှင်း သောဘုရားကို ရိုသေ ၍ ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
24 Then the wayward in spirit will come to understanding, and those who grumble will accept instruction.”
၂၄စိတ် သဘောဖောက်ပြန် သောသူတို့သည် ပညာ သတိ ကို ရကြ၍၊ ဆန့်ကျင် ဘက်ပြုသော သူတို့ သည်လည်း ၊ ဆုံးမ ဩဝါဒစကားကို နာယူ ကြလိမ့်မည်။

< Isaiah 29 >