< Hebrews 3 >
1 Therefore, holy brothers, who share in the heavenly calling, set your focus on Jesus, the apostle and high priest whom we confess.
၁ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
2 He was faithful to the One who appointed Him, just as Moses was faithful in all God’s house.
၂မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။-
3 For Jesus has been counted worthy of greater glory than Moses, just as the builder of a house has greater honor than the house itself.
၃အိမ်တစ်ဆောင်ကိုတည်ဆောက်သူသည် အိမ်ထက် ပို၍ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံထိုက်သကဲ့သို့ သခင်ယေရှုသည်လည်း မောရှေထက်ပို၍ချီး မြှင့်ခြင်းကိုခံထိုက်ပေသည်။-
4 And every house is built by someone, but God is the builder of everything.
၄အိမ်မည်သည်ကားတည်ဆောက်သူတစ်ဦးရှိ မြဲပင်ဖြစ်၏။ အရာခပ်သိမ်းကိုတည်ဆောက် သူကားဘုရားသခင်ပေတည်း။-
5 Now Moses was faithful as a servant in all God’s house, testifying to what would be spoken later.
၅မောရှေသည်အစေခံအနေဖြင့်ဘုရား သခင်၏အိမ်တော်တွင်သစ္စာစောင့်လျက် အနာ ဂတ်ကာလ၌ကိုယ်တော်မိန့်ကြားတော်မူ မည့်အရာများကိုပြောကြားပေသည်။-
6 But Christ is faithful as the Son over God’s house. And we are His house, if we hold firmly to our confidence and the hope of which we boast.
၆ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
7 Therefore, as the Holy Spirit says: “Today, if you hear His voice,
၇သို့ဖြစ်၍သန့်ရှင်းသောဝိညာဉ်တော်က အောက်ပါအတိုင်းမိန့်တော်မူသည်။ ``ဘုရားသခင်၏အသံတော်ကိုယနေ့ကြား လျှင်
8 do not harden your hearts, as you did in the rebellion, in the day of testing in the wilderness,
၈ခေါင်းမမာကြနှင့်။ သင်တို့ဘိုးဘေးများသည် ကိုယ်တော်အားပုန်ကန်၍ တောကန္တာရတွင်ကိုယ်တော်ကိုအကဲစမ်းကြ၏။ သူတို့ခေါင်းမာကြသကဲ့သို့သင်တို့ခေါင်း မမာကြနှင့်။
9 where your fathers tested and tried Me, and for forty years saw My works.
၉သင်တို့ဘိုးဘေးများသည်အနှစ်လေးဆယ်တိုင် တိုင် ငါပြုတော်မူသောအမှုကိုတွေ့မြင်ခဲ့သော်လည်း ငါ့ကိုဆန့်ကျင်၍အကဲစမ်းကြ၏။
10 Therefore I was angry with that generation, and I said, ‘Their hearts are always going astray, and they have not known My ways.’
၁၀သို့ဖြစ်၍ငါသည်သူတို့အားအမျက်ထွက် သြဖင့် `သူတို့သည်အစဉ်သစ္စာဖောက်ကြ၏။ ငါ၏အမိန့်တော်များကိုမလိုက်နာကြ' ဟု ငါဆို၏။
11 So I swore on oath in My anger, ‘They shall never enter My rest.’”
၁၁ငါသည်အမျက်ထွက်သဖြင့်`သူတို့သည် အဘယ်အခါ၌မျှ ငြိမ်ဝပ်ရာချမ်းသာကိုခံစားရန်၊ြုပည်တော်သို့ ဝင်ကြရလိမ့်မည်မဟုတ်' ဟုငါကျိန်ဆိုခဲ့၏။''
12 See to it, brothers, that none of you has a wicked heart of unbelief that turns away from the living God.
၁၂ယုံကြည်သူညီအစ်ကိုတို့၊ အသက်ရှင်တော် မူသောဘုရားသခင်ကိုကျောခိုင်းသွားသည် တိုင်အောင် ဆိုးညစ်ယုံမှားတတ်သူတစ်စုံတစ် ယောက်မျှသင်တို့တွင်မရှိစေရန်သတိပြု ကြလော့။-
13 But exhort one another daily, as long as it is called today, so that none of you may be hardened by sin’s deceitfulness.
၁၃သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကို ခံရကာခေါင်းမမာကြစေရန် ကျမ်းစာတွင် ဖော်ပြသည့်`ယနေ့' ဟူသောစကားရပ်သည် ငါတို့နှင့်ဆိုင်သမျှကာလပတ်လုံးနေ့စဉ် နေ့တိုင်း အချင်းချင်းတစ်ယောက်ကိုတစ် ယောက်ကူညီမစရမည်။-
14 We have come to share in Christ if we hold firmly to the end the assurance we had at first.
၁၄ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
15 As it has been said: “Today, if you hear His voice, do not harden your hearts, as you did in the rebellion.”
၁၅ကျမ်းစာတော်က၊ ``သင်တို့သည်ယနေ့ဘုရားသခင်အသံတော်ကို ကြားရလျှင် ဘုရားသခင်အား၊သင်တို့၏ဘိုးဘေးများ ပုန်ကန်စဉ်အခါကခေါင်းမာကြသကဲ့သို့ ခေါင်းမမာကြနှင့်'' ဟုဖော်ပြပေသည်။-
16 For who were the ones who heard and rebelled? Were they not all those Moses led out of Egypt?
၁၆ဘုရားသခင်၏အသံတော်ကိုကြားကြပြီး မှ ကိုယ်တော်ကိုပုန်ကန်ကြသူများကားအဘယ် သူတို့နည်း။ ထိုသူတို့ကားအီဂျစ်ပြည်မှ မောရှေ ထုတ်ဆောင်လာသောသူအပေါင်းတို့ဖြစ်ပေ သည်။-
17 And with whom was God angry for forty years? Was it not with those who sinned, whose bodies fell in the wilderness?
၁၇နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဘုရားသခင်၏ အမျက်တော်ရှခြင်းကိုခံရသူတို့ကား အဘယ်သူများနည်း။ ဒုစရိုက်အပြစ်ပြု သဖြင့် တောကန္တာရတွင်လဲ၍သေဆုံးသူ များဖြစ်၏။-
18 And to whom did He swear that they would never enter His rest? Was it not to those who disobeyed?
၁၈``သူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိရန် ပြည်တော်သို့ဝင်ခွင့်ကို အဘယ်အခါ၌မျှ ငါပေးလိမ့်မည်မဟုတ်'' ဟုအဘယ်သူတို့ ကိုရည်ညွှန်း၍ဘုရားသခင်ကျိန်ဆိုတော် မူပါသနည်း။ ကိုယ်တော်၏စကားကိုနား မထောင်သူများကိုရည်ညွှန်းခြင်းပင် မဟုတ်လော။-
19 So we see that it was because of their unbelief that they were unable to enter.
၁၉သို့ဖြစ်၍သူတို့သည်မယုံကြည်သော ကြောင့် ပြည်တော်သို့မဝင်နိုင်သည်ကိုငါ တို့သိကြ၏။