< Genesis 7 >

1 Then the LORD said to Noah, “Go into the ark, you and all your family, because I have found you righteous in this generation.
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​နော​ဧ​အား``သင် နှင့်​တ​ကွ သင်​၏​မိ​သား​စု​အား​လုံး​တို့​သင်္ဘော​ထဲ သို့​ဝင်​ကြ​စေ။ ကမ္ဘာ​ပေါ်​တွင်​သင်​တစ်​ယောက်​တည်း သာ သူ​တော်​ကောင်း​ဖြစ်​ကြောင်း​ငါ​တွေ့​မြင်​ရ​၏။-
2 You are to take with you seven pairs of every kind of clean animal, a male and its mate; a pair of every kind of unclean animal, a male and its mate;
သင်​နှင့်​အ​တူ​သန့်​စင်​သော​တိရစ္ဆာန်​များ​မှ​တစ် မျိုး​လျှင် ခု​နစ်​စုံ​စီ​ကို​ခေါ်​ဆောင်​လော့။ မ​သန့်​စင် သော​တိရစ္ဆာန်​များ​မှ တစ်​မျိုး​လျှင်​အ​ထီး​နှင့် အ​မ​တစ်​စုံ​စီ​ကို​သာ​ခေါ်​ဆောင်​ရ​မည်။-
3 and seven pairs of every kind of bird of the air, male and female, to preserve their offspring on the face of all the earth.
ငှက်​တစ်​မျိုး​လျှင်​ခုနစ်​စုံ​စီ​ကို​လည်း​ခေါ်​ဆောင် လော့။ တိ​ရစ္ဆာန်​နှင့်​ငှက်​များ​မြေ​ကြီး​ပေါ်​တွင် အ​သက်​ရှင်​၍​မျိုး​ပွား​နိုင်​စေ​ရန်​ဤ​သို့​ပြု လုပ်​လော့။-
4 For seven days from now I will send rain on the earth for forty days and forty nights, and I will wipe from the face of the earth every living thing I have made.”
ခု​နစ်​ရက်​ကြာ​လျှင်​ဖန်​ဆင်း​ခဲ့​သ​မျှ​သော သတ္တ​ဝါ​များ​ကို​သေ​ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ကို​ငါ​ရွာ​စေ​မည်'' ဟု မိန့်​တော်​မူ​၏။-
5 And Noah did all that the LORD had commanded him.
နော​ဧ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​လေ​၏။
6 Now Noah was 600 years old when the floodwaters came upon the earth.
ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​ရေ​လွှမ်း​မိုး​သော​အ​ခါ နော​ဧ​သည်​အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။-
7 And Noah and his wife, with his sons and their wives, entered the ark to escape the waters of the flood.
နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​များ​နှင့်​ချွေး​မ များ​သည် ရေ​လွှမ်း​မိုး​ခြင်း​ဘေး​မှ​လွတ်​မြောက် ရန်​သင်္ဘော​ထဲ​သို့​ဝင်​ရောက်​ကြ​၏။-
8 The clean and unclean animals, the birds, and everything that crawls along the ground
ဘု​ရား​သ​ခင်​မိန့်​မှာ​သည့်​အ​တိုင်း​သန့်​စင်​သော တိရစ္ဆာန်​နှင့်​ငှက်၊ မ​သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​မှ တစ်​မျိုး​လျှင် အ​ဖို​နှင့်​အ​မ​အ​စုံ​တို့​သည် နော​ဧ​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
9 came to Noah to enter the ark, two by two, male and female, as God had commanded Noah.
10 And after seven days the floodwaters came upon the earth.
၁၀ခု​နစ်​ရက်​ကြာ​သော်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရေ​လွှမ်း​လေ​၏။
11 In the six hundredth year of Noah’s life, on the seventeenth day of the second month, all the fountains of the great deep burst forth, and the floodgates of the heavens were opened.
၁၁နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊-
12 And the rain fell upon the earth for forty days and forty nights.
၁၂ကမ္ဘာ​မြေ​ကြီး​တွင်​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ရွာ​သွန်း​လေ​၏။-
13 On that very day Noah entered the ark, along with his sons Shem, Ham, and Japheth, and his wife, and the three wives of his sons—
၁၃ထို​နေ့​၌​ပင်​နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​သုံး ယောက်​ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူ​တို့​၏​မယား​တို့​သည်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
14 they and every kind of wild animal, livestock, crawling creature, bird, and winged creature.
၁၄တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
15 They came to Noah to enter the ark, two by two of every creature with the breath of life.
၁၅ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သက် ရှိ​သတ္တ​ဝါ​တစ်​မျိုး​စီ​မှ​အ​ဖို​နှင့်​အ​မ​အ​စုံ တို့​သည် နော​ဧ​နှင့်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။ နော​ဧ သင်္ဘော​ထဲ​သို့​ဝင်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​ပိတ်​တော်​မူ​၏။
16 And they entered, the male and female of every living thing, as God had commanded Noah. Then the LORD shut him in.
၁၆
17 For forty days the flood kept coming on the earth, and the waters rose and lifted the ark high above the earth.
၁၇အ​ရက်​လေး​ဆယ်​ကြာ​မျှ​ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် ဆက်​လက်​၍​ရေ​လွှမ်း​မိုး​လာ​ရာ​သင်္ဘော​သည် မြေ​ပေါ်​မှ​ကြွ​တက်​၏။-
18 So the waters continued to surge and rise greatly on the earth, and the ark floated on the surface of the waters.
၁၈ရေ​ပို​၍​နက်​လာ​သော​အ​ခါ သင်္ဘော​သည်​ရေ​ပေါ် ၌​ပေါ်​လာ​၏။-
19 Finally, the waters completely inundated the earth, so that all the high mountains under all the heavens were covered.
၁၉ရေ​နက်​သည်​ထက်​နက်​လာ​ပြန်​သ​ဖြင့် အ​မြင့် ဆုံး​သော​တောင်​တို့​သည်​ပင်​လျှင်​ရေ​မြုပ်​ကြ ကုန်​၏။-
20 The waters rose and covered the mountaintops to a depth of fifteen cubits.
၂၀ထို​နောက်​တောင်​ထိပ်​များ​အ​ထက်​သို့​နှစ်​ဆယ့် ငါး​ပေ​အ​ထိ​ရေ​တက်​လာ​လေ​၏။-
21 And every living thing that moved upon the earth perished—birds, livestock, animals, every creature that swarms upon the earth, and all mankind.
၂၁ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​လူ၊ တိရစ္ဆာန်၊ ငှက် စ​သော​သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့​သည်​သေ ကြေ​ပျက်​စီး​ကြ​ကုန်​၏။-
22 Of all that was on dry land, everything that had the breath of life in its nostrils died.
၂၂သို့​ဖြစ်​၍​အ​သက်​ရှင်​သ​မျှ​သော​သတ္တဝါ​တို့ သေ​ကြေ​ကြ​ကုန်​၏။-
23 And every living thing on the face of the earth was destroyed—man and livestock, crawling creatures and birds of the air; they were blotted out from the earth, and only Noah and those with him in the ark remained.
၂၃ထာ​ဝ​ရ​ဘု​ရား​သည် လူ၊ တိ​ရစ္ဆာန်၊ ငှက်​စ​သော သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက် ဆီး​တော်​မူ​၏။ သင်္ဘော​ပေါ်​၌​နော​ဧ​နှင့်​အ​တူ ရှိ​သ​မျှ​တို့​သာ​လျှင်​အ​သက်​ချမ်း​သာ​ရာ ရ​ကြ​၏။-
24 And the waters prevailed upon the earth for 150 days.
၂၄မြေ​ပြင်​ပေါ်​တွင် ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ် ပတ်​လုံး​ရေ​လွှမ်း​လျက်​ရှိ​နေ​၏။

< Genesis 7 >

The Great Flood
The Great Flood