< Genesis 35 >

1 Then God said to Jacob, “Arise, go up to Bethel, and settle there. Build an altar there to the God who appeared to you when you fled from your brother Esau.”
ဘု​ရား​သ​ခင်​က​ယာ​ကုပ်​အား``ဗေ​သ​လ​အ​ရပ် သို့​ယ​ခု​သွား​၍​နေ​ထိုင်​လော့။ သင်​၏​အစ်​ကို ဧ​သော​ရန်​ကို​ကြောက်​၍​ထွက်​ပြေး​နေ​ရ​စဉ်​က သင်​ဖူး​တွေ့​ရ​သော​ငါ​ဘု​ရား​အ​တွက်​ပူ​ဇော် ရာ​ယဇ်​ပလ္လင်​ကို​တည်​လော့'' ဟု​မိန့်​တော်​မူ ၏။
2 So Jacob told his household and all who were with him, “Get rid of the foreign gods that are among you. Purify yourselves and change your garments.
ယာ​ကုပ်​သည်​မိ​မိ​၏​မိ​သား​စု​နှင့်​မိ​မိ​ထံ​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား``သင်​တို့​၌​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​ပစ်​ပယ်​ကြ​လော့။ ကိုယ် ကို​သန့်​စင်​စေ​၍​အ​ဝတ်​ကို​လဲ​လှယ်​ဝတ်​ဆင် ကြ​လော့။-
3 Then let us arise and go to Bethel. I will build an altar there to God, who answered me in my day of distress. He has been with me wherever I have gone.”
ငါ​တို့​သည်​ဤ​အ​ရပ်​မှ​ဗေ​သ​လ​အ​ရပ်​သို့ သွား​ကြ​မည်။ ငါ​ဒုက္ခ​ရောက်​စဉ်​က​ငါ့​ကို​ကယ်​မ ၍​ငါ​သွား​လေ​ရာ​ရာ​ခ​ရီး​လမ်း​တွင် ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ပူ ဇော်​ရန်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​မည်'' ဟု ဆို​လေ​၏။-
4 So they gave Jacob all their foreign gods and all their earrings, and Jacob buried them under the oak near Shechem.
ထို့​ကြောင့်​သူ​တို့​တွင်​ရှိ​သ​မျှ​သော​အ​ခြား ဘု​ရား​များ​ကို​လည်း​ကောင်း၊ သူ​တို့​တွင်​ဆင် ယင်​ထား​သော​နား​ကပ်​များ​ကို​လည်း​ကောင်း ယာ​ကုပ်​ထံ​ပေး​အပ်​ကြ​၏။ ယာ​ကုပ်​သည်​ထို ပစ္စည်း​များ​ကို​ရှေ​ခင်​မြို့​အ​နီး​ဝက်​သစ်​ချ ပင်​ရင်း​၌​မြှုပ်​ထား​လေ​၏။
5 As they set out, a terror from God fell over the surrounding cities, so that they did not pursue Jacob’s sons.
ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-
6 So Jacob and everyone with him arrived in Luz (that is, Bethel) in the land of Canaan.
ယာ​ကုပ်​သည်​မိ​မိ​၏​လူ​စု​နှင့်​အ​တူ ခါ​နာန် ပြည်​ရှိ​ဗေ​သ​လ​မြို့​ဟု​ခေါ်​တွင်​သော​လုဇ မြို့​သို့​ရောက်​ရှိ​လာ​လေ​၏။-
7 There Jacob built an altar, and he called that place El-bethel, because it was there that God had revealed Himself to Jacob as he fled from his brother.
ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍​သူ​၏​အစ်​ကို ထံ​မှ​ထွက်​ပြေး​နေ​ရ​စဉ်​က ဘု​ရား​သ​ခင်​ကို ထို​အ​ရပ်​၌​ဖူး​တွေ့​ခဲ့​ရ​သော​ကြောင့်​ဗေ​သ​လ ဟု​ခေါ်​တွင်​စေ​၏။-
8 Now Deborah, Rebekah’s nurse, died and was buried under the oak below Bethel. So Jacob named it Allon-bachuth.
ရေ​ဗက္က​၏​အ​ထိန်း​ဒေ​ဗော​ရ​ကွယ်​လွန်​၍ ဗေ​သ​လ တောင်​ဘက်​ရှိ​ဝက်​သစ်​ချ​ပင်​အောက်​၌​အ​လောင်း ကို​မြှုပ်​လေ​သည်။ ထို​ကြောင့်​ထို​အ​ပင်​ကို``မျက်​ရည် ယို​ဝက်​သစ်​ချ​ပင်'' ဟု​နာ​မည်​မှည့်​လေ​၏။
9 After Jacob had returned from Paddan-aram, God appeared to him again and blessed him.
ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မှ​ပြန်​လည် ရောက်​ရှိ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ရူ​ပါ​ရုံ တွင်​တစ်​ဖန်​မြင်​ရ​လေ​၏။ ဘု​ရား​သ​ခင်​သည် သူ့​အား​ကောင်း​ချီး​ပေး​လျက်၊-
10 And God said to him, “Though your name is Jacob, you will no longer be called Jacob. Instead, your name will be Israel.” So God named him Israel.
၁၀``သင်​၏​နာ​မည်​သည်​ယာ​ကုပ်​ဖြစ်​၏။ သို့​ရာ​တွင် ယ​ခု​မှ​စ​၍​သင်​၏​နာမည်​ကို​ဣ​သ​ရေ​လ​ဟူ​၍ ခေါ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​အား​ဣ​သ​ရေ​လ​နာ​မည် ဖြင့်​သ​မုတ်​တော်​မူ​၏။-
11 And God told him, “I am God Almighty. Be fruitful and multiply. A nation—even a company of nations—shall come from you, and kings shall descend from you.
၁၁တစ်​ဖန်​ဘု​ရား​သ​ခင်​က​သူ့​အား``ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​၏။ သား သ​မီး​များ​စွာ​မွေး​ဖွား​လော့။ လူ​အ​မျိုး​မျိုး တို့​သည်​သင်​မှ​ဆင်း​သက်​ကြ​လိမ့်​မည်။ သင် ၏​အ​မျိုး​အ​နွယ်​မှ​ဘု​ရင်​များ​ပေါ်​ထွန်း လိမ့်​မည်။-
12 The land that I gave to Abraham and Isaac I will give to you, and I will give this land to your descendants after you.”
၁၂ငါ​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​အား​ပေး သော​ပြည်​ကို​သင့်​အား​လည်း​ကောင်း၊ သင်​၏ အ​ဆက်​အ​နွယ်​တို့​အား​လည်း​ကောင်း​ငါ ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
13 Then God went up from the place where He had spoken with him.
၁၃ထို့​နောက်​ဘု​ရား​သ​ခင်​သည်​သူ့​ထံ​မှ​ကြွ သွား​တော်​မူ​၏။-
14 So Jacob set up a pillar in the place where God had spoken with him—a stone marker—and he poured out a drink offering on it and anointed it with oil.
၁၄ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။-
15 Jacob called the place where God had spoken with him Bethel.
၁၅သူ​သည်​ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့် ခေါ်​လေ​သည်။
16 Later, they set out from Bethel, and while they were still some distance from Ephrath, Rachel began to give birth, and her labor was difficult.
၁၆ယာ​ကုပ်​နှင့်​သူ​၏​မိ​သား​စု​တို့​သည်​ဗေ​သ​လ အ​ရပ်​မှ​ခ​ရီး​ထွက်​ခဲ့​ကြ​ရာ ဧ​ဖ​ရတ်​မြို့​သို့ မ​ရောက်​မီ​ခ​ရီး​အ​တန်​ကွာ​နေ​ရာ​သို့​ရောက် သော်​ရာ​ခေ​လ​သည်​မီး​ဖွား​ရန်​အ​ချိန်​စေ့​၍ ဝေ​ဒ​နာ​ပြင်း​ပြ​စွာ​ခံ​ရ​လေ​၏။-
17 During her severe labor, the midwife said to her, “Do not be afraid, for you are having another son.”
၁၇သူ​သည်​သား​ကို​ဖွား​ချိန်​၌​ဝေ​ဒ​နာ​အ​ပြင်း ဆုံး​ခံ​ရ​၏။ ထို​အ​ခါ​ဝမ်း​ဆွဲ​က​သူ့​ကို``ရာ​ခေ​လ၊ မ​စိုး​ရိမ်​နှင့်။ သား​တစ်​ယောက်​ထပ်​၍​ရ​ပြီ'' ဟု ပြော​လေ​၏။-
18 And with her last breath—for she was dying—she named him Ben-oni. But his father called him Benjamin.
၁၈သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။
19 So Rachel died and was buried on the way to Ephrath (that is, Bethlehem).
၁၉ရာ​ခေ​လ​ကွယ်​လွန်​သော်​ဗက်​လင်​မြို့​ဟု​ခေါ် တွင်​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း​အ​နီး တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။-
20 Jacob set up a pillar on her grave; it marks Rachel’s tomb to this day.
၂၀ယာ​ကုပ်​သည်​သင်္ချိုင်း​ပေါ်​တွင်​မှတ်​တိုင်​ကို​စိုက် ထူ​ခဲ့​ရာ ယ​နေ့​ထက်​တိုင်​ထို​မှတ်​တိုင်​ကို​ရာ ခေ​လ​၏​သင်္ချိုင်း​မှတ်​တိုင်​ဟု​ခေါ်​တွင်​လေ​သည်။-
21 Israel again set out and pitched his tent beyond the Tower of Eder.
၂၁ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။
22 While Israel was living in that region, Reuben went in and slept with his father’s concubine Bilhah, and Israel heard about it. Jacob had twelve sons:
၂၂ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-
23 The sons of Leah were Reuben the firstborn of Jacob, Simeon, Levi, Judah, Issachar, and Zebulun.
၂၃လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။
24 The sons of Rachel were Joseph and Benjamin.
၂၄ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-
25 The sons of Rachel’s maidservant Bilhah were Dan and Naphtali.
၂၅ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။-
26 And the sons of Leah’s maidservant Zilpah were Gad and Asher. These are the sons of Jacob, who were born to him in Paddan-aram.
၂၆လေ​အာ​၏​ကျွန်​မ​ဇိ​လ​ပ​၏​သား​များ​မှာ ဂဒ်​နှင့်​အာ​ရှာ​တို့​ဖြစ်​သည်။ ဤ​သား​တို့​သည် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​၌ ဖွား​မြင်​ခဲ့​ကြ​သည်။
27 Jacob returned to his father Isaac at Mamre, near Kiriath-arba (that is, Hebron), where Abraham and Isaac had stayed.
၂၇ယာ​ကုပ်​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​နေ​ထိုင် ခဲ့​သော​ဟေ​ဗြုန်​မြို့​အ​နီး​မံ​ရေ​အ​ရပ်​ရှိ​သူ ၏​ဖ​ခင်​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​လေ​၏။-
28 And Isaac lived 180 years.
၂၈ဣ​ဇာက်​သည်​အ​သက်​တစ်​ရာ့​ရှစ်​ဆယ်​ထိ​အ​သက် ရှင်​၏။ သူ​သည်​အ​ရွယ်​ကြီး​ရင့်​၍​နေ့​ရက်​နှစ် ပေါင်း​များ​စွာ​ပြည့်​ပြီ​ဖြစ်​သော​ကြောင့် နောက် ဆုံး​ထွက်​သက်​ကို​ရှူ​၍​ကွယ်​လွန်​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​၏။-
29 Then he breathed his last and died and was gathered to his people, old and full of years. And his sons Esau and Jacob buried him.
၂၉သူ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​သော​နှင့် ယာ​ကုပ်​တို့​က​သူ့​အား​သင်္ဂြိုဟ်​ကြ​၏။

< Genesis 35 >