< Genesis 22 >

1 Some time later God tested Abraham and said to him, “Abraham!” “Here I am,” he answered.
ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​ဘု​ရား​သ​ခင် သည် အာ​ဗြ​ဟံ​၏​နာ​ခံ​ခြင်း​သ​ဘော​ကို​စစ်​ဆေး တော်​မူ​၏။ ဘု​ရား​သ​ခင်​က``အာ​ဗြ​ဟံ'' ဟု​ခေါ် လျှင်​အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင် ဘု​ရား'' ဟု​ထူး​လေ​၏။
2 “Take your son,” God said, “your only son Isaac, whom you love, and go to the land of Moriah. Offer him there as a burnt offering on one of the mountains, which I will show you.”
ထို​အ​ခါ​ဘု​ရား​သ​ခင်​က``သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။
3 So Abraham got up early the next morning, saddled his donkey, and took along two of his servants and his son Isaac. He split the wood for a burnt offering and set out for the place God had designated.
နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​အာ​ဗြ​ဟံ​သည် ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ခွဲ​၍​မြည်း​ပေါ်​သို့​တင် ပြီး​လျှင် ဣ​ဇာက်​နှင့်​အ​စေ​ခံ​နှစ်​ယောက်​တို့​ကို ခေါ်​လျက်​ဘု​ရား​သ​ခင်​ညွှန်​ပြ​သော​အ​ရပ် သို့​ရှေ့​ရှု​လာ​ခဲ့​သည်။-
4 On the third day Abraham looked up and saw the place in the distance.
တ​တိ​ယ​နေ့​သို့​ရောက်​သော်​အာ​ဗြ​ဟံ​သည် ထို​အ​ရပ်​ကို​အ​ဝေး​မှ​မြင်​ရ​၏။-
5 “Stay here with the donkey,” Abraham told his servants. “The boy and I will go over there to worship, and then we will return to you.”
ထို​အ​ခါ​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​သည် ဤ​အ​ရပ်​တွင်​မြည်း​နှင့်​အ​တူ​နေ​ရစ်​ကြ။ ငါ နှင့်​ငါ့​သား​တို့​က​ထို​အ​ရပ်​သို့​သွား​၍​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ပြီး​လျှင်​ပြန်​လာ​မည်'' ဟု မှာ​ကြား​လေ​သည်။
6 Abraham took the wood for the burnt offering and placed it on his son Isaac. He himself carried the fire and the sacrificial knife, and the two of them walked on together.
အာ​ဗြ​ဟံ​သည်​ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ဣ​ဇာက် အား​သယ်​စေ​၍ သူ​ကိုယ်​တိုင်​က​မူ​ဋ္ဌား​နှင့်​မီး ပျိုး​ရန်​မီး​ခဲ​ကို​ယူ​ဆောင်​ခဲ့​လေ​သည်။ သူ​တို့ အ​တူ​တ​ကွ​လျှောက်​လာ​ကြ​စဉ်၊-
7 Then Isaac said to his father Abraham, “My father!” “Here I am, my son,” he replied. “The fire and the wood are here,” said Isaac, “but where is the lamb for the burnt offering?”
ဣ​ဇာက်​က``အ​ဖ'' ဟု​ခေါ်​လိုက်​၏။ အာ​ဗြ​ဟံ​က``ငါ့​သား'' ဟု​ထူး​၏။ ဣ​ဇာက်​က``အ​ဖ​ထံ​မှာ​မီး​လည်း​ပါ​ပြီ။ ထင်း လည်း​ပါ​ပြီ။ ယဇ်​ပူ​ဇော်​ရန်​သိုး​ငယ်​အ​ဘယ် မှာ​နည်း'' ဟု​မေး​၏။
8 Abraham answered, “God Himself will provide the lamb for the burnt offering, my son.” And the two walked on together.
အာ​ဗြ​ဟံ​က``ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်'' ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။
9 When they arrived at the place God had designated, Abraham built the altar there and arranged the wood. He bound his son Isaac and placed him on the altar, atop the wood.
ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။-
10 Then Abraham reached out his hand and took the knife to slaughter his son.
၁၀ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။-
11 Just then the angel of the LORD called out to him from heaven, “Abraham, Abraham!” “Here I am,” he replied.
၁၁ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်``အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ'' ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။ အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား'' ဟု​ထူး​လေ​၏။
12 “Do not lay a hand on the boy or do anything to him,” said the angel, “for now I know that you fear God, since you have not withheld your only son from me.”
၁၂ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။
13 Then Abraham looked up and saw behind him a ram in a thicket, caught by its horns. So he went and took the ram and offered it as a burnt offering in place of his son.
၁၃ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-
14 And Abraham called that place The LORD Will Provide. So to this day it is said, “On the mountain of the LORD it will be provided.”
၁၄အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။
15 And the angel of the LORD called to Abraham from heaven a second time,
၁၅ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-
16 saying, “By Myself I have sworn, declares the LORD, that because you have done this and have not withheld your only son,
၁၆``ငါ​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​မိန့်​ကြား​နေ​သည်။ ငါ​သည်​သင့်​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး မည်။ သင်​၏​တစ်​ယောက်​တည်း​သော​သား​ကို​ငါ တောင်း​သည့်​အ​တိုင်း​ငြင်း​ဆန်​ခြင်း​မ​ပြု​ဘဲ ပူ​ဇော်​သည့်​အ​မှု​ကြောင့်၊-
17 I will surely bless you, and I will multiply your descendants like the stars in the sky and the sand on the seashore. Your descendants will possess the gates of their enemies.
၁၇သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-
18 And through your offspring all nations of the earth will be blessed, because you have obeyed My voice.”
၁၈သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-
19 Abraham went back to his servants, and they got up and set out together for Beersheba. And Abraham settled in Beersheba.
၁၉ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​စေ​ခံ​တို့​ရှိ​ရာ​သို့ ပြန်​လာ​၍ သူ​တို့​နှင့်​အ​တူ​ဗေ​ရ​ရှေ​ဘ​အ​ရပ် သို့​ပြန်​ခဲ့​ကြ​ပြီး​နောက်​ထို​အရပ်​တွင်​နေ​ထိုင် လေ​သည်။
20 Some time later, Abraham was told, “Milcah has also borne sons to your brother Nahor:
၂၀မ​ကြာ​မီ​အာ​ဗြ​ဟံ​သည်​သူ​၏​ညီ​နာ​ခေါ်​၏ မ​ယား​မိ​လ​ခါ​တွင်​သား​ရှစ်​ယောက်​ထွန်း​ကား ကြောင်း​ကြား​သိ​ရ​လေ​သည်။-
21 Uz the firstborn, his brother Buz, Kemuel (the father of Aram),
၂၁သား​များ​မှာ​သား​ဦး​ဟု​ဇ၊ ဗု​ဇ၊ အာ​ရံ​၏ ဖ​ခင်​ကေ​မွေ​လ၊-
22 Chesed, Hazo, Pildash, Jidlaph, and Bethuel.”
၂၂ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်​နှင့် ဗေ​သွေ​လ​တို့​ဖြစ်​ကြ​၏။-
23 And Bethuel became the father of Rebekah. Milcah bore these eight sons to Abraham’s brother Nahor.
၂၃ဗေ​သွေ​လ​သည်​ရေ​ဗက္က​၏​ဖ​ခင်​ဖြစ်​၏။ အာ​ဗြ​ဟံ ၏​ညီ​နာ​ခေါ်​၏​မ​ယား​မိ​လ​ခါ​သည်​ထို​သား ရှစ်​ယောက်​တို့​ကို​ဖွား​မြင်​လေ​သည်။-
24 Moreover, Nahor’s concubine, whose name was Reumah, bore Tebah, Gaham, Tahash, and Maacah.
၂၄နာ​ခေါ်​၌​ရု​မာ​ဟု​နာ​မည်​တွင်​သော​မ​ယား​ငယ် ရှိ​၏။ ရု​မာ​သည်​သား​များ​ဖြစ်​ကြ​သော​တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ​နှင့်​မာ​ခါ​တို့​ကို​ဖွား​မြင်​လေ သည်။

< Genesis 22 >