< Genesis 17 >
1 When Abram was ninety-nine years old, the LORD appeared to him and said, “I am God Almighty. Walk before Me and be blameless.
၁အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
2 I will establish My covenant between Me and you, and I will multiply you exceedingly.”
၂သင်နှင့်ပဋိညာဉ်ပြု၍ သင်၏အမျိုးအနွယ် ကိုများပြားစေမည်'' ဟုမိန့်တော်မူ၏။-
3 Then Abram fell facedown, and God said to him,
၃အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
4 “As for Me, this is My covenant with you: You will be the father of many nations.
၄``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
5 No longer will you be called Abram, but your name will be Abraham, for I have made you a father of many nations.
၅ငါသည်သင့်အားလူမျိုးများစွာတို့၏ဖခင် ဖြစ်စေမည်ဖြစ်သောကြောင့် သင်၏နာမည်ကို အာဗြံဟုမခေါ်တော့ဘဲအာဗြဟံဟုခေါ် ရမည်။-
6 I will make you exceedingly fruitful; I will make nations of you, and kings will descend from you.
၆ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
7 I will establish My covenant as an everlasting covenant between Me and you and your descendants after you, to be your God and the God of your descendants after you.
၇သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
8 And to you and your descendants I will give the land where you are residing—all the land of Canaan—as an eternal possession; and I will be their God.”
၈ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
9 God also said to Abraham, “You must keep My covenant—you and your descendants in the generations after you.
၉တစ်ဖန်ဘုရားသခင်က``သင်နှင့်တကွသင် ၏အမျိုးအနွယ်အစဉ်အဆက်တို့ကလည်း ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းရကြမည်။-
10 This is My covenant with you and your descendants after you, which you are to keep: Every male among you must be circumcised.
၁၀သင်နှင့်သင်၏အဆက်အနွယ်တို့တွင် ယောကျာ်း တိုင်းအရေဖျားလှီးခြင်းမင်္ဂလာကိုခံရ ကြမည်။-
11 You are to circumcise the flesh of your foreskin, and this will be a sign of the covenant between Me and you.
၁၁ယခုမှစ၍သင့်အိမ်၌ပေါက်ဖွားသောကျွန် များနှင့် တစ်ခြားအမျိုးသားတို့ထံမှဝယ်ယူ သောကျွန်များအပါအဝင် ရှစ်ရက်အရွယ်ရှိ သားယောကျာ်းတိုင်းကိုအရေဖျားလှီးခြင်း မင်္ဂလာစီရင်ပေးရမည်။ ဤအရေဖျား လှီးခြင်းမင်္ဂလာသည် သင်တို့နှင့်ငါပြုရ သောပဋိညာဉ်ကိုပြသခြင်းဖြစ်သည်။-
12 Generation after generation, every male must be circumcised when he is eight days old, including those born in your household and those purchased from a foreigner—even those who are not your offspring.
၁၂
13 Whether they are born in your household or purchased, they must be circumcised. My covenant in your flesh will be an everlasting covenant.
၁၃ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။-
14 But if any male is not circumcised, he will be cut off from his people; he has broken My covenant.”
၁၄အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
15 Then God said to Abraham, “As for Sarai your wife, do not call her Sarai, for her name is to be Sarah.
၁၅ဘုရားသခင်က``သင်၏မယားကိုစာရဲဟု မခေါ်တော့ဘဲ ယခုမှစ၍သူ၏နာမည်မှာ စာရာဟူ၍ဖြစ်စေရမည်။-
16 And I will bless her and will surely give you a son by her. I will bless her, and she will be the mother of nations; kings of peoples will descend from her.”
၁၆ငါသည်သူ့ကိုကောင်းချီးပေးသဖြင့် သင်သည် သူ့အားဖြင့်သားရလိမ့်မည်။ ငါသည်သူ့ကို ကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးတို့၏ မိခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့မှ လူအမျိုးမျိုးတို့၏မင်းများပေါ်ထွန်းလာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
17 Abraham fell facedown. Then he laughed and said to himself, “Can a child be born to a man who is a hundred years old? Can Sarah give birth at the age of ninety?”
၁၇အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
18 And Abraham said to God, “O that Ishmael might live under Your blessing!”
၁၈ထိုနောက်``ဣရှမေလကိုအကျွန်ုပ်၏အမွေခံ ဖြစ်ပါစေ'' ဟုအာဗြဟံလျှောက်၏။
19 But God replied, “Your wife Sarah will indeed bear you a son, and you are to name him Isaac. I will establish My covenant with him as an everlasting covenant for his descendants after him.
၁၉သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
20 As for Ishmael, I have heard you, and I will surely bless him; I will make him fruitful and multiply him greatly. He will become the father of twelve rulers, and I will make him into a great nation.
၂၀ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
21 But I will establish My covenant with Isaac, whom Sarah will bear to you at this time next year.”
၂၁သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
22 When He had finished speaking with Abraham, God went up from him.
၂၂ဘုရားသခင်သည်ထိုသို့မိန့်မှာပြီးနောက် အာဗြဟံထံမှကြွသွားတော်မူ၏။
23 On that very day Abraham took his son Ishmael and all those born in his household or purchased with his money—every male among the members of Abraham’s household—and he circumcised them, just as God had told him.
၂၃အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။-
24 So Abraham was ninety-nine years old when he was circumcised,
၂၄အာဗြဟံသည်အရေဖျားလှီးခြင်းကိုခံချိန် တွင် အသက်ကိုးဆယ့်ကိုးနှစ်ရှိ၍၊-
25 and his son Ishmael was thirteen;
၂၅သူ၏သားဣရှမေလသည်အသက်တစ်ဆယ့် သုံးနှစ်ရှိသည်။-
26 Abraham and his son Ishmael were circumcised on the same day.
၂၆ထိုနေ့၌သူတို့သားအဖနှစ်ဦးနှင့်အိမ်တွင် ရှိသောကျေးကျွန်အပေါင်းတို့သည် အရေဖျား လှီးခြင်းမင်္ဂလာကိုခံကြလေသည်။
27 And all the men of Abraham’s household—both servants born in his household and those purchased from foreigners—were circumcised with him.
၂၇