< Galatians 2 >

1 Fourteen years later I went up again to Jerusalem, accompanied by Barnabas. I took Titus along also.
ထိုနောက် တဆယ်လေး နှစ် လွန်ပြီးမှ၊ ငါသည် တိတု ကိုခေါ် ၍ ဗာနဗ နှင့်အတူ ယေရုရှလင် မြို့သို့ တစ်ဖန် သွား လေ၏။
2 I went in response to a revelation and set before them the gospel that I preach among the Gentiles. But I spoke privately to those recognized as leaders, for fear that I was running or had already run in vain.
ဗျာဒိတ် တော်အတိုင်း ပင်သွား သည်ဖြစ်၍ ၊ တစ်ပါး အမျိုးတို့၌ ဟောပြော သော ဧဝံဂေလိ တရားကို ထိုအခါ ငါကြားပြော လေ၏။ ထိုသို့ဆိုသော်ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီး မဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှား သော သူ တို့အားသာ တိတ်ဆိတ် စွာကြားပြော၏။
3 Yet not even Titus, who was with me, was compelled to be circumcised, even though he was a Greek.
သို့သော်လည်း ငါ နှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီး ခြင်းကို မ ခံ စေ ကြ။
4 This issue arose because some false brothers had come in under false pretenses to spy on our freedom in Christ Jesus, in order to enslave us.
ယေရှု ခရစ် အားဖြင့် ငါ တို့ခံစား သော လွှတ် ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါ တို့ကို ကျွန် ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတစ်ပါးသွင်း ၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို ၏အယောင်ကိုဆောင်သောသူတို့အကြောင်း ကြောင့် ထိုသို့ပြုကြ၏။
5 We did not give in to them for a moment, so that the truth of the gospel would remain with you.
မှန် သောဧဝံဂေလိ တရားသည် သင် တို့၌ တည်နေ မည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏ မျှ ဝန် မ ခံကြ။
6 But as for the highly esteemed—whatever they were makes no difference to me; God does not show favoritism —those leaders added nothing to me.
အသရေထင်ရှား သောသူတို့သည် အထက် က အဘယ်သို့ သော ဖြစ် ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူ မျက်နှာ ကိုမှတ် တော်မ မူ။ ထိုသူ နှင့် ငါ သည် ပေါင်းဖော်၍ ထူးခြား သောအရာကိုမ ခံရ သည်သာမက၊
7 On the contrary, they saw that I had been entrusted to preach the gospel to the uncircumcised, just as Peter had been to the circumcised.
အရေဖျားလှီး ခြင်းကိုခံရသောသူ တို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊
8 For the One who was at work in Peter’s apostleship to the circumcised was also at work in my apostleship to the Gentiles.
ပေတရု ၌ပြုပြင် တော်မူသောသူ သည်၊ တစ်ပါး အမျိုးသားတို့တွင် ငါ့ ကိုတမန်တော် ဖြစ်စေခြင်းငှာ ငါ၌ လည်း ပြုပြင် တော်မူသည်ဖြစ်၍၊ အရေဖျားလှီး ခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိ တရားကို ပေတရု ၌ အပ် တော်မူသည် နည်းတူ ၊ အရေဖျားလှီး ခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်း ကို သူတို့ သည် သိမြင် ကြ၏။
9 And recognizing the grace that I had been given, James, Cephas, and John—those reputed to be pillars—gave me and Barnabas the right hand of fellowship, so that we should go to the Gentiles, and they to the circumcised.
အမှီတကဲ ဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါ ရ သောကျေးဇူး တော်ကို သိ ကြသောအခါ ၊ မိမိ တို့သည် အရေဖျားလှီး ခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါ တို့သည်တစ်ပါး အမျိုးသားတို့ဆီသို့ သွားမည်အကြောင်း ၊ လက်ျာ လက်ခံခြင်းကို ဗာနဗ နှင့် ငါ့ အား ပေး ကြ၏။
10 They only asked us to remember the poor, the very thing I was eager to do.
၁၀ငါတို့သည်ဆင်းရဲ သောသူများကို အောက်မေ့ စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှု ကို ငါသည်အလိုအလျောက်ကြိုးစား အားထုတ်လေ့ရှိ၏။
11 When Cephas came to Antioch, however, I opposed him to his face, because he stood to be condemned.
၁၁ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။
12 For before certain men came from James, he used to eat with the Gentiles. But when they arrived, he began to draw back and separate himself, for fear of those in the circumcision group.
၁၂အကြောင်းမူကား ၊ လူအချို့ သည် ယာကုပ် ထံမှ မ ရောက် မလာမှီ၊ ပေတရုသည် တစ်ပါး အမျိုးသားတို့နှင့်အတူ စား ၏။ သူတို့ရောက်လာ သောနောက် ၊ ပေတရုသည် အရေဖျားလှီး ခြင်းကိုခံရသောသူ တို့၏မျက်နှာကိုထောက် ၍ တစ်ပါးအမျိုးသားတို့နှင့်မ ပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။
13 The other Jews joined him in his hypocrisy, so that by their hypocrisy even Barnabas was led astray.
၁၃ကြွင်း သောယုဒ လူတို့သည် ပေတရု နှင့်အတူလျှို့ဝှက် ၍ ၊ သူတို့ လျှို့ဝှက် ခြင်းအားဖြင့်ဗာနဗ သည်လည်း သူ တို့ဘက်သို့ပါ သွား၏။
14 When I saw that they were not walking in line with the truth of the gospel, I said to Cephas in front of them all, “If you, who are a Jew, live like a Gentile and not like a Jew, how can you compel the Gentiles to live like Jews?”
၁၄သူတို့သည်မှန် သော ဧဝံဂေလိ တရားနှင့်အညီ ဖြောင့်မတ်စွာ မ ကျင့် ကြောင်း ကိုငါသည်မြင် လျှင် ၊ ထိုသူ အပေါင်း တို့ရှေ့ မှာ ပေတရု အား ငါဆို သည်ကား၊ သင်သည် ယုဒ လူဖြစ် လျက်ပင် ယုဒထုံးစံ အတိုင်းမ ကျင့် ဘဲ၊ တစ်ပါးအမျိုး ၏ထုံးစံအတိုင်းကျင့်လျှင်၊ တစ်ပါး အမျိုးသားတို့သည် ယုဒထုံးစံ အတိုင်းကျင့် စေခြင်းငှာအဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
15 We who are Jews by birth and not Gentile “sinners”
၁၅လူ တို့သည် ပညတ် တရား၏အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ မ ရောက်၊
16 know that a man is not justified by works of the law, but by faith in Jesus Christ. So we, too, have believed in Christ Jesus, that we may be justified by faith in Christ and not by works of the law, because by works of the law no one will be justified.
၁၆ယေရှု ခရစ် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ် ထင်ရှားသော တစ်ပါး အမျိုးသားမ ဟုတ်ဘဲ၊ ဇာတိ အမျိုးအားဖြင့်ယုဒ လူဖြစ်သောငါ တို့သည် အမှန်သိ သည်နှင့်အညီပညတ် တရား၏ အကျင့် အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာ ၊ ငါ တို့ပင် ယေရှု ခရစ် ကိုယုံကြည် ကြပြီ။ အကြောင်းမူကား ၊ ပညတ် တရား၏ အကျင့် အားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မ ရောက်နိုင်ရာ။
17 But if, while we seek to be justified in Christ, we ourselves are found to be sinners, does that make Christ a minister of sin? Certainly not!
၁၇ခရစ်တော် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာငါ တို့သည် ကြိုးစား လျက်ပင်၊ အပြစ် ထင်ရှားသောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော် သည် အပြစ် တရားကို ပြုစု သောသူဖြစ်သလော။
18 If I rebuild what I have already torn down, I prove myself to be a lawbreaker.
၁၈ထိုသို့မ ဖြစ် နိုင်ရာ။ အထက်က ငါဖြိုဖျက် သော အရာ ကို နောက်တဖန် ငါတည်ဆောက် ပြန်လျှင် ၊ ကိုယ် အပြစ် ရှိသည်ကိုထင်ရှား စွာပြ၏။
19 For through the law I died to the law so that I might live to God.
၁၉ထိုမှတပါး၊ ငါ သည်ဘုရားသခင် နှင့် ဆိုင်သောအရာ၌ အသက် ရှင်မည်အကြောင်း ၊ ပညတ် တရားနှင့် ဆိုင်သောအရာ၌ ပညတ် တရားအားဖြင့် သေ လျက်နေ၏။
20 I have been crucified with Christ, and I no longer live, but Christ lives in me. The life I live in the body, I live by faith in the Son of God, who loved me and gave Himself up for me.
၂၀ငါသည်ခရစ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာအသေခံပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ဆိုသော်ငါ သည် ကိုယ်တိုင်မ ရှင်၊ ခရစ်တော် သည် ငါ ၌ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ ၌ ယခု ငါရှင် သော အသက် သည် ဘုရားသခင် ၏သား တော်ကို ယုံကြည် ခြင်းအားဖြင့် တည် ၏။ သား တော်သည်ငါ့ ကိုချစ် ၍ ငါ့ အဘို့ ကိုယ်ကိုကိုယ် စွန့် တော်မူ၏။
21 I do not set aside the grace of God. For if righteousness comes through the law, Christ died for nothing.
၂၁ဘုရားသခင် ၏ကျေးဇူး တော်ကိုငါမ ပယ် ။ ပညတ် တရားကိုအမှီပြု ၍ ဖြောင့်မတ် ရာသို့ ရောက်နိုင် လျှင် ခရစ်တော် သည်အချည်းနှီး အသေခံ တော်မူပြီ။

< Galatians 2 >