< Galatians 1 >
1 Paul, an apostle—sent not from men nor by man, but by Jesus Christ and God the Father, who raised Him from the dead—
၁တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
2 and all the brothers with me, To the churches of Galatia:
၂
3 Grace and peace to you from God our Father and the Lord Jesus Christ,
၃ငါတို့အဖဘုရားသခင်၏အလိုတော်နှင့် ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုသင်တို့ခံစားကြပါစေသော။
4 who gave Himself for our sins to rescue us from the present evil age, according to the will of our God and Father, (aiōn )
၄ငါတို့အဖဘုရားသခင်၏အလိုတော်နှင့်အညီ ခရစ်တော်သည်ငါတို့အား ဤဆိုးယုတ်သော ပစ္စုပ္ပန်ခေတ်မှကယ်တင်နိုင်ရန် ငါတို့၏အပြစ် များအတွက်မိမိကိုယ်ကိုစွန့်တော်မူ၏။- (aiōn )
5 to whom be glory forever and ever. Amen. (aiōn )
၅ထိုအရှင်သည်ကာလအစဉ်အဆက် ဘုန်း အသရေထွန်းတောက်တော်မူပါစေသတည်း။ (aiōn )
6 I am amazed how quickly you are deserting the One who called you by the grace of Christ and are turning to a different gospel—
၆ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။-
7 which is not even a gospel. Evidently some people are troubling you and trying to distort the gospel of Christ.
၇သခင်ယေရှုအကြောင်းသတင်းကောင်းမှာအခြား မူကွဲမရှိ။ သင်တို့၏စိတ်ကိုနှောင့်ယှက်၍ ခရစ်တော် ၏အကြောင်းသတင်းကောင်းကို မှောက်လှန်လိုသူလူ အချို့ရှိ၏။-
8 But even if we or an angel from heaven should preach a gospel contrary to the one we preached to you, let him be under a curse!
၈ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။-
9 As we have said before, so now I say again: If anyone is preaching to you a gospel contrary to the one you received, let him be under a curse!
၉သင်တို့နာယူရရှိသည့်သတင်းကောင်းနှင့်မတူ ကွဲပြားခြားနားသည့်သတင်းကောင်းကိုဟောပြော သူသည် ကျိန်တော်မူခြင်းကိုခံစေဟူ၍ ငါတို့ ဆိုခဲ့ပြီးသည့်အတိုင်းယခုထပ်မံ၍ငါဆို၏။
10 Am I now seeking the approval of men, or of God? Or am I striving to please men? If I were still trying to please men, I would not be a servant of Christ.
၁၀ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
11 For I certify to you, brothers, that the gospel I preached was not devised by man.
၁၁ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောကြေညာ သောသတင်းကောင်းသည် လူတီထွင်သည့်သတင်း ကောင်းမဟုတ်ကြောင်းကိုသင်တို့အားဖော်ပြမည်။-
12 I did not receive it from any man, nor was I taught it; rather, I received it by revelation from Jesus Christ.
၁၂ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။
13 For you have heard of my former way of life in Judaism, how severely I persecuted the church of God and tried to destroy it.
၁၃ငါသည်ယုဒဘာသာတရားကိုကြည်ညိုလေး စားသူဖြစ်ခဲ့စဉ်အခါက မည်သို့ကျင့်ကြံပြုမူ ခဲ့ကြောင်းကိုသင်တို့ကြားသိကြပြီးဖြစ်၏။ ငါ သည်ဘုရားသခင်၏အသင်းတော်ဝင်တို့ကို ရက်စက်ကြမ်းကြုတ်စွာညှဉ်းဆဲ၍ အသင်းတော် ကိုဖျက်ဆီးရန်အစွမ်းကုန်ကြိုးစားခဲ့၏။-
14 I was advancing in Judaism beyond many of my contemporaries and was extremely zealous for the traditions of my fathers.
၁၄ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။
15 But when God, who set me apart from my mother’s womb and called me by His grace, was pleased
၁၅သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-
16 to reveal His Son in me so that I might preach Him among the Gentiles, I did not rush to consult with flesh and blood,
၁၆
17 nor did I go up to Jerusalem to the apostles who came before me, but I went into Arabia and later returned to Damascus.
၁၇ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။-
18 Only after three years did I go up to Jerusalem to confer with Cephas, and I stayed with him fifteen days.
၁၈သုံးနှစ်မျှကြာသော်ပေတရုနှင့်တွေ့ဆုံရန် ယေရုရှလင်မြို့သို့သွား၍သူနှင့်အတူ တစ်ဆယ့်ငါးရက်မျှနေထိုင်ခဲ့၏။-
19 But I saw none of the other apostles except James, the Lord’s brother.
၁၉သို့ရာတွင်ငါသည်သခင်ဘုရား၏ညီတော် ယာကုပ်မှလွဲ၍ အခြားအဘယ်တမန်တော် နှင့်မျှမတွေ့မဆုံခဲ့။
20 I assure you before God that what I am writing to you is no lie.
၂၀ဤအကြောင်းအရာများကိုမုသားသုံး၍ရေး သည်မဟုတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
21 Later I went to the regions of Syria and Cilicia.
၂၁ထိုနောက်ငါသည်ရှုရိနှင့်ကိလိကိနယ်များသို့ သွားရောက်၏။-
22 I was personally unknown, however, to the churches of Judea that are in Christ.
၂၂သို့သော်ထိုအချိန်ကယုဒပြည်ရှိခရစ်ယာန် အသင်းတော်ဝင်အပေါင်းတို့သည် ငါနှင့်တွေ့ဆုံ သိကျွမ်းခွင့်ကိုမရကြသေး။-
23 They only heard the account: “The man who formerly persecuted us is now preaching the faith he once tried to destroy.”
၂၃``ငါတို့ကိုနှိပ်စက်ညှဉ်းဆဲခဲ့သူသည်ယခင်က မိမိဖျက်ဆီးရန်ကြိုးစားခဲ့သည့်ဘာသာတရား တော်ကို ယခုအခါဟောပြောလျက်ရှိပါသည် တကား'' ဟုလူတို့ပြောဆိုသံကိုသာလျှင်သူ တို့ကြားသိရကြ၏။-
24 And they glorified God because of me.
၂၄ထို့ကြောင့်သူတို့သည်ငါ့ကိုအကြောင်းပြု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြပေ သည်။