< Ezekiel 6 >
1 And the word of the LORD came to me, saying,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 “Son of man, set your face against the mountains of Israel and prophesy against them.
၂အချင်းလူသား ၊ သင် သည် ဣသရေလ တောင် တို့ကို မျက်နှာ ပြု ၍ ၊ သူ တို့တဘက် ၌ ပရောဖက် ပြုလော့။
3 You are to say: ‘O mountains of Israel, hear the word of the Lord GOD! This is what the Lord GOD says to the mountains and hills, to the ravines and valleys: I am about to bring a sword against you, and I will destroy your high places.
၃အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ၊ ချိုင့် တို့အား မိန့် တော်မူသည်ကား ၊ ငါ သည်ကိုယ်တိုင် သင် တို့အပေါ် သို့ ထား ကိုရောက် စေ၍ ၊ မြင့် သောအရပ်တို့ကို ဖြိုဖျက် မည်။
4 Your altars will be demolished and your incense altars will be smashed; and I will cast down your slain before your idols.
၄သင် တို့ယဇ် ပလ္လင်တို့သည် လူဆိတ်ညံ လိမ့်မည်။ နေရုပ်တု တို့သည် ကျိုးပဲ့ လိမ့်မည်။ ရုပ်တု ဆင်းတုတို့ရှေ့ မှာ သင် တို့၏သူရဲ များကို ငါလှဲ ချမည်။
5 I will lay the corpses of the Israelites before their idols and scatter your bones around your altars.
၅ရုပ်တု ဆင်းတုတို့ရှေ့ မှာ ဣသရေလ အမျိုးသား အသေ ကောင်များကို ချထား ၍ ၊ ယဇ် ပလ္လင်တို့ပတ်လည် ၌ သင် တို့အရိုး များကို ငါဖြန့်ကြဲ မည်။
6 Wherever you live, the cities will be laid waste and the high places will be demolished, so that your altars will be laid waste and desecrated, your idols smashed and obliterated, your incense altars cut down, and your works blotted out.
၆သင် တို့နေရာ အရပ်ရပ် ၌ ရှိသောမြို့ တို့သည် ပြိုပျက် ၍ ၊ မြင့် သော အရပ်တို့သည် လူ ဆိတ်ညံလျက်၊ ယဇ် ပလ္လင်တို့သည်သုတ်သင် ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲ ချိုးဖဲ့ ခြင်းကိုခံရလျက် ၊ သင် တို့လုပ် သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။
7 The slain will fall among you, and you will know that I am the LORD.
၇သင် တို့အလယ် ၌ သူရဲ တို့သည် လဲ ၍ သေကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
8 Yet I will leave a remnant, for some of you will escape the sword when you are scattered among the nations and throughout the lands.
၈သို့သော်လည်း ၊ သင် တို့သည် အပြည်ပြည် သို့ ကွဲပြား ကြသောအခါ ၊ လူ အမျိုးမျိုးတို့၏ထား နှင့် လွတ် သော သူအချို့ရှိ စေခြင်းငှါ အကျန် အကြွင်းကို ငါထား မည်။
9 Then in the nations to which they have been carried captive, your survivors will remember Me—how I have been grieved by their adulterous hearts that turned away from Me, and by their eyes that lusted after idols. So they will loathe themselves for the evil they have done and for all their abominations.
၉ငါ့ ကိုစွန့် ပစ်၍ မှားယွင်း တတ်သော နှလုံး ကို၎င်း၊ ရုပ်တု ဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိ တို့ကို၎င်းငါပယ်ဖျက် သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွား ခြင်းကိုခံရာအပြည်ပြည် တို့၌ ငါ့ ကိုအောက်မေ့ ကြလိမ့်မည်။ ပြု မိသမျှ သောစက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။
10 And they will know that I am the LORD; I did not declare in vain that I would bring this calamity upon them.
၁၀ထိုသို့ သောအပြစ် ဒဏ်ကို ငါပေး မည်ဟု၊ ငါ ထာဝရဘုရား သည် အချည်းနှီး မိန့် တော်မူသည် မ ဟုတ် ကြောင်း ကို သိ ရကြလိမ့်မည်။
11 This is what the Lord GOD says: Clap your hands, stomp your feet, and cry out “Alas!” because of all the wicked abominations of the house of Israel, who will fall by sword and famine and plague.
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ပြုမိသမျှ သော ရွံ့ရှာဘွယ်အမှုဆိုး တို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ် တီးလော့။ ခြေ နှင့် ဆောင့်လော့။ အကြောင်း မူကား ၊ သူတို့သည်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ဘေး တို့ဖြင့် လဲ ၍ သေကြလိမ့်မည်။
12 He who is far off will die by the plague, he who is near will fall by the sword, and he who remains will die by famine. So I will vent My fury upon them.
၁၂ဝေး သောသူသည် နာ ဘေးဖြင့် သေ လျက် ၊ နီး သောသူသည် ထား ဘေးဖြင့် ဆုံး လျက် ၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်း သောသူသည်လည်း မွတ်သိပ် ခြင်း ဘေးဖြင့် သေ လျက် ၊ သူ တို့၌ ငါ ၏ ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။
13 Then you will know that I am the LORD, when their slain lie among their idols around their altars, on every high hill, on all the mountaintops, and under every green tree and leafy oak—the places where they offered fragrant incense to all their idols.
၁၃ရုပ်တု ဆင်းတုအပေါင်း တို့အား နံ့သာပေါင်း ကို ပူဇော် ရာအရပ် ၊ ယဇ် ပလ္လင်များပတ်လည် ၊ မြင့် သောကုန်း ၊ တောင်ထိပ် ရှိသမျှ တို့အပေါ် ၊ စိမ်း သောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိ ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
14 I will stretch out My hand against them, and wherever they live I will make the land a desolate waste, from the wilderness to Diblah. Then they will know that I am the LORD.’”
၁၄သူ တို့အပေါ် မှာ ငါ သည်လက် ကိုဆန့် ၍ ၊ ဒိဗလတ် မြို့နှင့် ဆိုင်သော လွင်ပြင် ထက်၊ သူ တို့နေ လေရာရာ ပြည် ကိုသာ၍ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာဖြစ် စေ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။