< Ezekiel 4 >

1 “Now you, son of man, take a brick, place it before you, and draw on it the city of Jerusalem.
ထို့​နောက်``အ​ချင်း​လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူ​၍​သင်​၏​ရှေ့​တွင်​ထား​ပြီး​လျှင် ယေ​ရု​ရှ လင်​မြို့​ပုံ​ကို​အုတ်​ပေါ်​တွင်​ရေး​ဆွဲ​လော့။-
2 Then lay siege against it: Construct a siege wall, build a ramp to it, set up camps against it, and place battering rams around it on all sides.
ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။-
3 Then take an iron plate and set it up as an iron wall between yourself and the city. Turn your face toward it so that it is under siege, and besiege it. This will be a sign to the house of Israel.
သံ​ပြား​တစ်​ချပ်​ကို​လည်း​ယူ​၍​မြို့​နှင့်​သင် ၏​စပ်​ကြား​တွင်​တံ​တိုင်း​သ​ဖွယ်​ထောင်​၍ ထား​လော့။ သင်​သည်​မြို့​ဘက်​သို့​မျက်​နှာ​မူ လော့။ မြို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက်​ရှိ​၏။ သင်​သည်​မြို့​ကို​ဝိုင်း​ရံ​သူ​ဖြစ်​၏။ ဤ​သည် ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။
4 Then lie down on your left side and place the iniquity of the house of Israel upon yourself. You are to bear their iniquity for the number of days you lie on your side.
``သင်​သည်​လက်​ဝဲ​ဘက်​သို့​စောင်း​၍​အိပ်​လော့။
5 For I have assigned to you 390 days, according to the number of years of their iniquity. So you shall bear the iniquity of the house of Israel.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​ကို သင်​၏​အ​ပေါ်​သို့​ငါ​တင်​မည်။ သင်​သည်​ယင်း သို့​အိပ်​လျက်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ရ​သည့် အ​နေ​ဖြင့် ရက်​ပေါင်း​သုံး​ရာ​ကိုး​ဆယ်​တိုင်​တိုင် နေ​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နှစ်​တစ်​နှစ်​လျှင်​တစ်​ရက် နှုန်း​ဖြင့်​သင့်​အား​ခံ​စေ​ရန် ငါ​စီ​ရင်​ချက်​ချ မှတ်​ထား​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
6 When you have completed these days, lie down again, but on your right side, and bear the iniquity of the house of Judah. I have assigned to you 40 days, a day for each year.
ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ​ယာ ဘက်​စောင်း​အိပ်​၍ ယု​ဒ​အ​မျိုး​သား​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​နှစ်​တစ်​နှစ်​လျှင် တစ်​ရက်​နှုန်း​ဖြင့်​ရက်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ဦး​လော့။
7 You must turn your face toward the siege of Jerusalem with your arm bared, and prophesy against it.
``ယေ​ရု​ရှ​လင်​မြို့​အား​ဝိုင်း​ရံ​ထား​သည် ကို​စူး​စိုက်​၍​ကြည့်​လော့။ သင်​သည်​မိ​မိ​လက် သီး​ကို​ပြ​လျက်​ထို​မြို့​အား​ဆန့်​ကျင်​၍ ဟော​ပြော​လော့။-
8 Now behold, I will tie you up with ropes so you cannot turn from side to side until you have finished the days of your siege.
ထို​မြို့​ကို​ဝိုင်း​ရံ​မှု​ပြီး​ဆုံး​ချိန်​တိုင်​အောင် သင်​သည်​တစ်​ဘက်​မှ​အ​ခြား​တစ်​ဘက်​သို့ မ​လှည့်​နိုင်​စေ​ရန် ငါ​သည်​သင့်​ကို​ချည်​နှောင် ထား​မည်။
9 But take wheat, barley, beans, lentils, millet, and spelt; put them in a single container and make them into bread for yourself. This is what you are to eat during the 390 days you lie on your side.
``ယ​ခု​သင်​သည်​ဂျုံ​ဆန်​နှစ်​မျိုး၊ ပဲ​နှစ်​မျိုး နှင့်​ပြောင်း​ဆန်​ကို​ယူ​၍ အိုး​ထဲ​တွင်​ရော​နှော ပြီး​လျှင်​မုန့်​ကို​လုပ်​လော့။ ထို​မုန့်​ကား​ရက် ပေါင်း​သုံး​ရာ့​ကိုး​ဆယ်​ပတ်​လုံး​ဝဲ​ဘက်​သို့ စောင်း​၍​အိပ်​နေ​ချိန်​၌​သင်​စား​ရန်​ဖြစ်​၏။-
10 You are to weigh out twenty shekels of food to eat each day, and you are to eat it at set times.
၁၀သင်​သည်​တစ်​ရက်​လျှင်​မုန့်​ရှစ်​အောင်​စ​မျှ စား​နိုင်​ခွင့်​ရှိ​၏။-
11 You are also to measure out a sixth of a hin of water to drink, and you are to drink it at set times.
၁၁ရေ​ကို​လည်း​အ​တိုင်း​အ​တာ​နှင့်​တစ်​ရက်​လျှင် နှစ်​ခွက်​သာ​သောက်​ရ​မည်။-
12 And you shall eat the food as you would a barley cake, after you bake it over dried human excrement in the sight of the people.”
၁၂သင်​သည်​လူ​၏​မ​စင်​ခြောက်​ဖြင့်​မီး​မွှေး​၍ ရ​သော​မီး​ကျီး​ခဲ​ပေါ်​တွင် မုန့်​ကို​ဖုတ်​ကာ လူ​မြင်​ကွင်း​၌​စား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
13 Then the LORD said, “This is how the Israelites will eat their defiled bread among the nations to which I will banish them.”
၁၃ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ အမျိုး​သား​တို့​အား တစ်​ပါး​နိုင်​ငံ​များ​သို့ ပြန့်​လွင့်​စေ​သော​အ​ခါ သူ​တို့​သည်​ပ​ညတ် တ​ရား​က​တား​မြစ်​ထား​သည့် မ​သန့်​စင် သော​အ​စား​အ​စာ​များ​ကို​ဤ​သို့​စား​ရ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
14 “Ah, Lord GOD,” I said, “I have never defiled myself. From my youth until now I have not eaten anything found dead or mauled by wild beasts. No unclean meat has ever entered my mouth.”
၁၄သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။
15 “Look,” He replied, “I will let you use cow dung instead of human excrement, and you may bake your bread over that.”
၁၅သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။
16 Then He told me, “Son of man, I am going to cut off the supply of food in Jerusalem. They will anxiously eat bread rationed by weight, and in despair they will drink water by measure.
၁၆ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-
17 So they will lack food and water; they will be appalled at the sight of one another wasting away in their iniquity.
၁၇သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

< Ezekiel 4 >