< Ezekiel 35 >
1 Moreover, the word of the LORD came to me, saying,
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 “Son of man, set your face against Mount Seir and prophesy against it,
၂ကိုယ်တော်က``စိရတောင်သို့လှည့်၍ထိုပြည် ကိုရှုတ်ချလော့။-
3 and declare that this is what the Lord GOD says: Behold, I am against you, O Mount Seir. I will stretch out My hand against you and make you a desolate waste.
၃လူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ``စိရတောင်တို့၊ငါသည်သင်၏ရန်သူဖြစ်၏။ ငါ၏လက်ကိုဆန့်၍ငါသည်သင့်အားလူသူ ဆိတ်ငြိမ်ရာမြေရိုင်းဒေသဖြစ်စေမည်။
4 I will turn your cities into ruins, and you will become a desolation. Then you will know that I am the LORD.
၄သင်၏မြို့တို့ကိုယိုယွင်းပျက်စီးစေ၍ သင့်ကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်း သင်သိရှိလိမ့်မည်။''
5 Because you harbored an ancient hatred and delivered the Israelites over to the sword in the time of their disaster at the final stage of their punishment,
၅``သင်သည်ဣသရေလပြည်အားအစဉ်ရန် ငြိုးဖွဲ့၏။ ထိုပြည်သည်မိမိ၏ဒုစရိုက်များ ကြောင့်အပြစ်ဒဏ်သင့်၍ ဘေးအန္တရာယ်ရောက် သောအခါသင်သည်ထိုပြည်သူတို့အား သတ်ဖြတ်စေခဲ့၏။-
6 therefore as surely as I live, declares the Lord GOD, I will give you over to bloodshed and it will pursue you. Since you did not hate bloodshed, it will pursue you.
၆သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။-
7 I will make Mount Seir a desolate waste and will cut off from it those who come and go.
၇ငါသည်စိရတောင်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေလျက် ယင်းကိုဖြတ်သန်း သွားလာသူမှန်သမျှကိုသုတ်သင်ပစ် မည်။-
8 I will fill its mountains with the slain; those killed by the sword will fall on your hills, in your valleys, and in all your ravines.
၈တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
9 I will make you a perpetual desolation, and your cities will not be inhabited. Then you will know that I am the LORD.
၉ငါသည်သင့်အားအစဉ်လူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ သင်၏မြို့တို့တွင်နောက် တစ်ဖန်အဘယ်သူမျှနေထိုင်လိမ့်မည်မ ဟုတ်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိလိမ့်မည်။
10 Because you have said, ‘These two nations and countries will be ours, and we will possess them,’ even though the LORD was there,
၁၀``ငါထာဝရဘုရားသည်ယုဒနှင့်ဣသရေလ အမျိုးသားတို့၏ဘုရားဖြစ်တော်မူပါ လျက် သင်သည်ထိုလူမျိုးတို့နှင့်သူတို့၏ ပြည်များကိုပိုင်၍ မိမိလက်ဝယ်သို့ရောက် ရှိစေမည်ဟူ၍ဆိုချေသည်။-
11 therefore as surely as I live, declares the Lord GOD, I will treat you according to the anger and jealousy you showed in your hatred against them, and I will make Myself known among them when I judge you.
၁၁သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည် အတိုင်း ငါ၏လူမျိုးတော်အားသင်အမျက် ထွက်ခြင်း၊ ငြူစူခြင်း၊ မုန်းထားခြင်းကြောင့် သင့်အားငါစီရင်မည်။ သင်သည်သူတို့ အားပြုခဲ့သည့်အမှုများအတွက်အပြစ် ဒဏ်ခံရကြောင်းကိုသူတို့သိရှိကြလိမ့် မည်။-
12 Then you will know that I, the LORD, have heard every contemptuous word you uttered against the mountains of Israel when you said, ‘They are desolate; they are given to us to devour!’
၁၂ထိုအခါဣသရေလတောင်များသည်လူ သူဆိတ်ငြိမ်ရာ၊ သင်တိုက်ခိုက်လုယူရာ အရပ်များဖြစ်သည်ဟုသင်ကဲ့ရဲ့ပြော ဆိုသည့်စကားများကို ငါထာဝရ ဘုရားကြားတော်မူကြောင်းကိုသင်သိရှိ ရလိမ့်မည်။-
13 You boasted against Me with your mouth and multiplied your words against Me. I heard it Myself!
၁၃သင်သည်ငါ့အားဆန့်ကျင်ဘက်ပြု၍ အရမ်းကာရောကြွားဝါပြောဆိုသည် ကိုငါကြားတော်မူပြီ'' ဟုမိန့်တော်မူ၏။
14 This is what the Lord GOD says: While the whole earth rejoices, I will make you desolate.
၁၄အရှင်ထာဝရဘုရားက``ငါပိုင်တော်မူသော ဣသရေလပြည်ပြိုလဲသွားစဉ်အခါက သင့်အားငါရွှင်လန်းစေခဲ့သည့်နည်းတူ သင် ပြိုလဲချိန်၌လည်းကမ္ဘာတစ်ခုလုံးအားရ ရွှင်လန်းကြစေရန် ငါသည်သင့်ကိုလူသူ ဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ စိရတောင် ကုန်းဒေသတည်းဟူသောဧဒုံပြည်တစ် ပြည်လုံးသည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းလူတိုင်းသိ ရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
15 As you rejoiced when the inheritance of the house of Israel became desolate, so will I do to you. You will become a desolation, O Mount Seir, and so will all of Edom. Then they will know that I am the LORD.
၁၅